စာရေးသူကို အောက်တိုဘာ လ ၄ ရက် နေ့ ၁၉၉၄ မှာ ရန်ကုန်မြို့ တွင် ဖွားမြင်ပါတယ် ဘာရယ် မပာုတ် ကိုယ့် ပတ်ဝန်းကျင် က အကြောင်းအရာလေးတွေ၊ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးတွေ ကို စာစီကုံးလို့ ရေးချင်မိတာပါ. နုနယ်တဲ့အတွေးအခေါ် မရင့်ကျက်တဲ့ အသိဥာဏ်ကြောင့် စာများ ထဲမှာ အမှားအယွင်း များပါခဲ့လျှင် တောင်းပန်ပန်ကြားအပ်ပါသည်။
Tuesday, December 4, 2012
အဝေးသို့
ပာုတ်တယ်...ဒီနေ့ပဲ...
ဒီလို နှင်းတွေဝေ နေတဲ့ အချိန်...ဒီလိုနေ ရောင် မတွေ့ရတဲ့နေ့လေးပေါ့...
၂၀၀၉ ဒီဇင်ဘာလ ၂၂ ရက်မှာပေါ့....
ရင်ထဲက မောလာသဖြင့် ကုတင်ဘေးနားက ရေဘူး ယူကာသောက်လိုက်ရသည်။ ဒီတစ်ခေါက်ဆေး သွင်းပြီးကတည်းက လူကနေလို့မကောင်း.ပိုလဲမောလာသည်။ အစားလဲမ၀င်တော့.၀င်လေထွက်လေ မှတ်ရန် ကြိုးစားသော်လည်း အသက်ရူကျပ်သလို ခံစားရ၏။ ဒီလိုည တွေကို ကျွန်တော် အမုန်းဆုံး။ ဆေးရုံနံ တွေကိုကျွန်တော်မုန်းတယ်၊ လူနာတွေရဲ့ ညဉ်းသံ တွေကိုလဲ ကျွန်တော်ကြောက်တယ်၊ ကျွန်တော့် ခုတင် ဘေးနား က လူနာတွေဆုံး သွား ပြီး ခေါထုတ်သွားတဲ့မြင်ကွင်းတွေကို လဲ ကျွန်တော်စိတ်ကုန်လာ ပါပီ...ဒါပေမယ့် ကျွန်တော် သေရမှာကို တော့ မကြောက်ဘူး ဗျ..ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့လို ကင်ဆာ ရောဂါ တွေ အတွက် သေခြင်းပာာ နိဗ္ဗာန် ပဲလေ. အောင်မြင်မူကိုလဲကျွန်တော် မမက်မောပါဘူး..ကျော်ကြားမူကိုလို မလိုချင်တော့ပါဘူး..ဘ၀မှာ အရေးကြီးဆုံးလို့ထင်ရတဲ့ ငွေ တွေကိုလဲ ကျွန်တော်မရှာခဲ့ချင်ပါဘူး.ဒါပေမယ့် အမေ အဖေ ကိုတော့ ကျေးဇူးဆပ်ချင်တာပေါ့၊ အဲ့လိုပါပဲဒါ့ကျွန်တော်ဖြစ်နေကျ ပါပဲ...အိပ်လို့မပြောတဲ့ ညတွေဆို အဆုံးမသတ်နိုင်တဲ့ အတွေးတွေ ကို တွေးရတာ ကိုကျွန်တော်ကြိုက်လာပြီလေ၊
"ဆေးထိုးပေးပါ...့ကျွန်မကိုဆေးထိုးပေးပါ...ဆေးထိုးပေးကြပါ"
ပောာ ကြားလား..ပာိုဘက် အမျိုးသမီး ဆောင် က အော် နေတာလေ...နာလွန်းလို့နေမှာပေါ့..သူတို့အသံတွေကိုသာ ဂရုစိုက်နေရင် ကျွန်တော်လဲ အိပ်လို့ရမှာ မပာုတ်တော့ဘူးလေ..ကျွန်တော်အားရှိအောင်အိပ်ရမယ်..ဆရာဝန်ကပြောထားသေးတယ်..နောက်တစ်ပါတ်ဆေးသွင်း မှာတဲ့..အားရှိအောင်နေထားတဲ့.
.............................အပိုင်း(၂)....................................................................................................
"သူငယ်ချင်း ၊ သက်သာလား၊ စားလို့ကောဝင်လား၊ မနေ့က အိပ်လို့ကော ပျော့်ရဲ့လား " Alvin က ကျွန်တော့်ကို သတိတရ လာမေးသည်။ Wandy တို့ Carol တို့က တော့ ပာိုဘက် က အဘွာြး့ကီးတွေနဲ့ အဖွဲ့ကျနေတယ်..
"အေး.မနေ့ကဆေး သွင်းထားတာလေ..ဒီလိုပါပဲကွ.ငါအားရှိအောင် အိပ်ရမယ်လေ.ညက ကောင်းကောင်းအိပ်မပြောဘူးကွ"
"အေး ဒါဆိုလဲ ငါ ဘုန်းဘုန်းတို့ အဆောင်ဘက်သွားလိုက်ဦးမယ်..မင်းအတွက်ငါတို့ စာအုပ်တွေယူလာတယ်..ထားခဲ့မယ်နော်" Alvin က နူတ်ဆက်ကာ ဘုန်းတော်ကြီးဆောင်ကိုထွက်သွားသည်။
Alvin တို့ Wandy တို့ Carol တို့က ကျွန်တော်တို့ နားခိုနေတဲ့ ကင်ဆာဖောင်ထေးရှင်း မှာ လုပ်အားပေးလာလုပ်ကျတာလေ..
့USသွားရင် experiences ရအောင်ဆိုလားပဲ..သူတို့က ကျွန်တော်နဲ့ အသက်တူတူ လေ..ဒါကြောင့် သူတို့နဲ့ ခင်တယ်လေ.
ဒီကိုသူတို့က တစ်ပါတ် တစ်ခါ လာကြတယ်..့ကျွန်တော် တို့လို ကင်ဆာရောဂါ သည်တွေ နဲ့ စကားပြောပေးတယ်..ပြီးရင်တော့ သူတို့ပြန်သွားကြတယ်၊ ဘာပဲဖြစ်ဖြစ် သူတို့ နဲ့ စကား ပြောလိုက်ရတဲ့ အချိန်မှာ ကျွန်တော် ကိုယ့်ကိုကိုယ် လူကောင်း တစ်ယောက် လို ခံစားရတယ်၊ နာတာတွေကို မေ့သွားတယ်..သူတို့က အပြုံးတွေကိုယူဆောင်လာပေးတယ်လေ..့နေ၀င်ချိန်ကို စောင့်နေရတဲ့ လူတွေ အဖို့ သူတို့ ရဲ့ ကြင်နာမူ တွေပာာ ခွန်အားတွေဖြစ်စေတယ်. ဒါကြောင့် ကျွန်တော် ဘုရားရှိခိုးတိုင်း သူတို့ ကို မေတ္တာ ပို့ပေးတယ်
"တောင်" ပောာ ထမင်းစားဆောင် က အချက်တောင်ပေးနေပြီ။ အချိန်တွေက လဲမြန်လိုက်တာနော်..ထမင်းကိုတော့ ကိုတာ နဲ့ ပဲ ယူခိုင်းလိုက်တော့မယ်..
"ကိုတာရေ ကျွန်တော့်ကို ထမင်း လေးယူလာပေးပါနော် " "အေးပါ ပာ မင်းစားနိုင်ပါ့မလားကွ.ဒီနေ့ပာင်း တော့ ကောင်းမယ်ထင်တာပဲ ငါလာပို့ပေးမယ် " ကိုတာက ကျွန်တော့် ပန်းကန် နဲ့ သူ့ပန်းကန် ကိုယူကာ ထမင်းစားဆောင် ကို ထွက်သွားသည်။
ကြက်သားတစ်တုံးနဲ့ ချဉ်ရည်ပာင်း ပါလား..ပာင်း မြင် ပြီး ကျွန်တော် ထမင်းစားချင်စိတ်ဖြစ်လာသည်။ ခေါင်းအုံး ကိုနောက် မှီကာ ထမင်းစား ရန် ခုံကို ခုတင်ပေါ အရင်တင်ရမည်။ ခုတလောလော ဘာလုပ် လုပ် မောချင်လာသည်။ ချဉ်ရည်ပာင်းလေးကိုရွဲရွဲ လေးဆမ်း ပြီး ထမင်းနဲ့ ကြက်သား ကို နယ်စားရင် စားကောင်းတယ် လို့ မေမေပြောဖူးတယ်.."အိုး...အန်ချင်လိုက်တာ." စိတ်ညစ်တယ်. ဒီလို ဆေးသွင်းရင် ၁၀ ရက်လောက်တော့ ခံရပြီပဲ..မေမေ က လဲ တစ်ပါတ် မှ တစ်ခါပဲ လာနိုင်ကြတယ်..မေမေ လာရင် မေမေ က ချော့မော့ ကျွေးတော့ အစာ က ၀င်သေးတယ်..ခုတော့ဘာမှစားချင်စိတ်ကို မရှိတော့ဘူး..ထမင်းပန်းကန်လေး ကို ဘေးနားက စားပွဲပေါ ပြန်တင် ပြီး.. Alvin ထားခဲ့တဲ့ စားအုပ်လေးတွေကို မွှေ ကြည့်မိတယ်..TIME Magazine တဲ့...ကျွန်တော် ဆွဲယူလိုက်မိသည်။ ဘာလို့လဲ ဆိုတော့ Magazine တွေ မှာ နိုင်ငံခြား က အနုပညာရှင် တွေ ဓါတ်ပုံတွေ ပါတယ်လေ.အဲ့ဓါတ်ပုံတွေကို ကျွန်တော် ဖြတ်ဖြတ်ပြီး သိမ်းထားတတ်တယ်..အမှတ်တရပေါ့
ပောာ Lady Ga Ga ဆိုပါလား..ဆန်းပြားလှတဲ့ သူ့ ၀တ်စားထားပုံ က မြန်မာ မျက်စိနဲ့ ကြည့်ဖို့ဆိုတာ ခဲယဉ်းလှပါတယ်..ဘာပဲဖြစ်ဖြစ် ကျွန်တော့် Note Book ထဲ လေးထုတ် ကာ Lady Ga Ga ဆိုပြီး မှတ်ထားလိုက်သည်။ ဒီတစ်ခါ Alvin တို့လာရင် မေးရမယ်....
သြော် သက်တူရွယ်တူ တွေဆို ပေမယ့်လဲ သူတို့ ဘ၀ပေး ကံ ကကောင်းလိုက်တာနော်...US ဆိုတဲ့ နေရာကြီးမှာ စာတွေသွားသင်ကြမယ်တဲ့..Alvin က ဗိသုကာ ဆိုလားယူမယ်တဲ့...Carol တို့က အင်ဂျီနီယာ လိုင်းဆိုလားပဲ...သူတို့ တွေမှာ တော့ အိမ်မက်တွေကို စီ နဲ့ပေါ့လေ..ဒါကို ကျွန်တော် စိတ်ဓါတ်မကျပါဘူး.. ကျွန်တော် ရဲ့ ဘ၀ပေးကုသိုလ်ကံပေါ လေ..ကျွန်တော့်မှာလဲ အိမ်မက် တစ်ခုရှိပါတယ်ဗျ...ညီညာပြန့်ပြူးတဲ့ သဲသောင်ပြင်ကြီး ရှိတဲ့ ကမ်းခြေ မှာ ကျွန်တော်ရယ် ဖေဖေရယ် မေမေရယ် စက်ဘီးတူတူစီးချင်တယ်..စွန်လေးလဲတူတူလွှတ်ချင်တယ်လေ..ဖေဖေ လည်း ကျွန်တော်တို့ မိသားစုကို ပြန်လည် ချစ်ခင်တတ်မယ့် တစ်ရက်မှာ တော့ ကျွန်တော့် အိပ်မက်လေး ပြည့်လာနိုင်မယ်ထင်ရတာပဲ.
.....................................ဇာတ်သိမ်း.................................................................................................
ဒီနေ့ မနက်တော့ ကျွန်တော်စောစော နိုးလာခဲ့တယ်...အားတွေလည်းပြည့်နေသလိုခံစားရတယ်....့နေမင်းကြီးကလည်းထွက်ဖို့တာဆူနေပြီ...လှလိုက်တာနော်...့ကျွန်တော် ၀င်းထဲ ဆင်းလမ်းလျှောက်ချင်လာသည်။ ကျွန်တော်တို့ နေတဲ့ နေရာလေးပာာ ကင်ဆာရောဂါရှင်တွေ အတွက်တော့ တော်တော်အဆင်ပြေပါတယ်..ဒီထဲရောက်လာကတည်း က သေမယ့်လူတွေပဲလေ...တစ်ယော်ပြီးတစ်ယောက် ရောက်လာ...တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြ နဲ့ ပာုတ်နေတာပါပဲ ...ဒါပေမယ့် ကျွန်တော် တို့ အားလုံး စိတ်ဓါတ်မကျ ကြပါဘူး...သေမှာကြိုသိရတဲ့အတွက် ၀မ်းတောင်သာပါသေးတယ်...သံသရာ အတွက်ပြင်ဆင်ချိန်လေး ရတာပေါ့.....ပာိုတွေး ဒီတွေးနဲ့ ၀င်း တစ်ပတ်တောင် ပြည့်သွားပြီ...ပောာ ဆရာဝန်ကြီးလာပြီ...ကျွန်တော်တို့ရဲ့ ဝေဒနာတွေကို ကုသ ပေးတဲ့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ကြီးလေ၊ " နေကောင်းလား..ဆေးသွင်းပြီး လမ်းတောင်လျှောက်နေပလားး အေး အေးး ကောင်းတယ်ပော့ " ဆရာကြီး ရဲ့ စေတနာ သံတွေပာာ ဖောင်ထေးရှင်း တစ်ခုလုံးပြန့် နှံနေပါပြီ....့ကျွန်တော်လဲဒီနေ့ နောက်ဆုံးဆေးသွင်းရမယ့်နေ့လေ........
" ပော့ကောင်လေး ဆေးသွင်း ရမယ်လေ..အော် လာ လာ ဆရာ တောင်ရောက်နေပြီ ပာာကို " အနီရောင် သူနာပြုဆရာမလေး တွေ က ကျွန်တော့်ကိုလာခေါ ကြပြီ ၊ သူတို့ တွေက ပွစိပွစိ နဲ့ အမြဲတမ်းအဲ့လို အော်နေတော့တာပဲ ."လာပြီ လာပြီ ဆရာမ ကလဲ ခန လေးပဲပာာ ကို " ကျွန်တော် စောဒက တက်ကာ ဆေးသွင်းဖို့ အခန်းထဲ ၀င်သွားလိုက်သည်။
ပောာ..မေမေ တောင် ရောက်နေပြီပဲ..." ကဲ သား မေမေ စောင့်နေတာ သားကို၊ သား နေကောင်းလား၊ သက်သာရဲ့လား ၊သားကြိုက်တဲ့ ပူတင်း ဆေးသွင်းပြီးရင် စားမယ်နော်.မေမေ စောင့်နေမယ် " မေမေ က အဲ့ဒါတွေ ချစ်ဖို့ကောင်းတာ. သားအကြိုက်အကုန် ထည့်လာတယ်..အဲ့လောက်ချစ်ဖို့ကောင်းတဲ့ မေမေ ကို ဖေဖေ က ဘာလို့ မချစ်လဲ မသိပါဘူး အဲ့တာတွေထားပါတော့ ခုဆေးသွင်းဖို့ အရင်လုပ်ရဦးမယ်..." ကဲ သား ခန နားလိုက်ဦးနော်..၂ နာရီလောက်ပဲ နောက်ဆုံးအလုံးပါပဲကွ " ဆရာကြီး က ကျွန်တော့် လက်ကို ဆုပ်ကာ ပြောသွားသည်။ ကျွန်တော့် မျက်ခွံတွေလေးလာသည်။ခေါင်းလဲနဲနဲ မူလာသည်။ မေမေရဲ့ ဘုရားစာရွတ်သံလေးကိုကြားနေရတယ်....ကျွန်တော့် နာမည် ကို ခေါနေကြသံ ကိုလဲ ကြားနေရတယ်
......................................................................................................................................
လေနုအေးက တဖြူးဖြူးတိုက်ခတ်နေတယ်...မေမေက ဖေဖေ ပေးဖူးတဲ့ ပုဝါလေးကို ခြုံထားတယ်
ကျွန်တော်ရယ် ဖေဖေရယ် က စွန် လွှတ်ဖို့လေ သင့်ရာကို ဦးတည်နေကြတယ်...
မေမေကပြောတယ် သုံးယောက်တူတူ စက်ဘီးစီးရအောင်တဲ့......ညီညာပြန့်ပြူးတဲ့သဲသောင်ပြင်မှာတဲ့လေကျွန်တော်ရယ် မေမေရယ် ဖေဖေရယ် စက်ဘီးတူတူစီးကြတယ်...ရုတ်တရက် ကျွန်တော်ကော ကျွန်တော့် စက်ဘီးလေးကော ပင်လယ်လိုင်းတွေက ခေါသွားကြတယ်...ကျွန်တော်က အော် ကာ မေမေ့ ကို ခေါနေတယ်...မေမေက တော့ ဖေဖေပေးတဲ့ ပုဝါလေးကို ခြုံထားကာ ဖေဖေ့ကို မှီကာ ငိုနေတယ်..့ ကျွန်တော် မေမေ ရော ဖေဖေ ကို့ပါ အော်ခေါနေမိတယ်...မေမေနဲ့ဖေဖေက တော့ ကမ်းစပ်မှာရပ်ကြည့်နေလေရဲ့.......................................
မှတ်ချက်..ဒီဝတ္ထုတိုလေးကို မနှစ်က ၂၀၁၁ ခုနှစ်က သြဂုတ်လ ၁၉ ရက် မှာ ရေးပြီး facebook ပေါ်တင်ခဲ့ပါတယ်...စာလုံးအသုံးအနှုန်းများမှားနေပြီး..မူရင်း အရေးအသား ကိုတင်ပြ ချင်လို့ ပြင်ဆင်ချက်မရှိဘဲ မူလအတိုင်းပြန်တင်ပေးလိုက်ပါတယ်
Labels:
Short Novels
Subscribe to:
Post Comments (Atom)
Popular Posts
-
သို့သာလှ သာလှရေ…..ကျုပ်ရွာကထွက်သွားကတည်းက အဆက်အသွယ်တွေ ပြတ်နေတာနော်..ဘယ်လိုတုန်း…ကျန်းမာပါလို့လန်းဖြာရဲ့လား..ကျုပ်လဲခုမှ မြန်...
-
၃.၁၂.၂၀၁၂ မြူတွေကလဲဆိုင်း မိုးပေါက်လေးတွေကလဲ ကျ...ဒီနေ့ အတန်းတစ်တန်းပိတ်လို့ လေ..အခု နေ့ခင်း က စပြီးအားသွား ပြီ..ဒီေ...
-
ပာိုအရင်က အမှတ်တရ တို့သူငယ်ချင်း ပေါင်းကာစုစုံ ကျောင်းတော်ကြီးမှာ တူယှဉ်တွဲလို့ စာတွေပြိုင်ကာ တူကာကြိုးစား အထက်တန်းကို အောင်မြင်ဂုဏ်ထူး...
-
I always thought that off-campus program would be so much easier than regular school semester. Believe me, it is not! Working full ti...

No comments:
Post a Comment