စာရေးသူကို အောက်တိုဘာ လ ၄ ရက် နေ့ ၁၉၉၄ မှာ ရန်ကုန်မြို့ တွင် ဖွားမြင်ပါတယ် ဘာရယ် မပာုတ် ကိုယ့် ပတ်ဝန်းကျင် က အကြောင်းအရာလေးတွေ၊ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးတွေ ကို စာစီကုံးလို့ ရေးချင်မိတာပါ. နုနယ်တဲ့အတွေးအခေါ် မရင့်ကျက်တဲ့ အသိဥာဏ်ကြောင့် စာများ ထဲမှာ အမှားအယွင်း များပါခဲ့လျှင် တောင်းပန်ပန်ကြားအပ်ပါသည်။
Saturday, September 7, 2013
သာလှသို့ပေးစာများ(၃)
အိုသာလှ ရေ.
စာမရေးဖြစ်တာလဲကြာပ။ သာလှရေ ပြောရအုန်းမယ်ဝေ။
ကျုပ် အမေရိကားကြီးကို ရောက်တာ တစ်နှစ်ပြည့်ပ ပာ. ကုန်လိုက်ခန်းလိုက်တဲ့အချိန်တွေကွယ်
တစ်နှစ်ဆိုတာခနလေးပဲ ငသာလှရေ။ အရင်တုန်းက လိုတော့ တောသားမြို့ရောက်လိုပာုတ်ပါတော့မလား ပဲာပဲာ။ နယူးယောက်မြို့ကြီး မှာ ဘယ်သူမသောက်ဂရုမစိုက် ပဲ ဗျိုးဗျိုးဗျက်ဗျက်သွားတတ်ပီလေ...နယူးယောက် တရုတ်တန်းကားကိုလည်း မြိန်ရေယှက်ရေစီးတာဖြင့် ၇ ခေါက်လောက်တောင်ရှိပ..ကဲထားပါတော့လေ...သာလှကော နေကောင်းရဲ့လားပော..ရွာမှာကော စည်ကား ၀ပြောနေပီလား။ ရွာက သတင်းတွေကတော့ ကြားရသာ နားဝမှာချမ်းသာသပော့။ စီမံကိန်းတွေကလဲများပါပိ၊ ရင်းနှီးမြုပ်နှံမူတွေဆိုလား ပံပိုးကူညီမူဆိုလား သာလှရေ...ဒို့တော့ဝမ်းသာသပော့....တို့ရွာက အိကြောင်စိမ လေ အောင်မယ် ဒီပာာမလေး တောင် miss international ၀င်ပြိုင်မလို့ဆိုပြီး စပွန်ဆာ ရှာနေတယ်ဆိုလား..အရီး viber ခေါ်လို့သိရတယ်ပော့။
ဒါနဲ့ ရွာမှာ ကားတွေကလဲ တ၀ီဝီ တံတားတွေကလဲ တစီတရီ ပဲဆို။ ကျုပ်သဖြင့် ရွာသတင်းတွေကြားရတာ ၀မ်းသာသပာ။ သြော်...တစ်ရွာမကောင်းသူကောင်းမဖြစ်ဆိုသလို ရွာပြောင်းခဲ့လေတော့ အခုတော့ သာလှရေ ကျုပ်မှာ သေချင်တဲ့ကျားတောပြောင်း ဆိုသလို စာတွေကလဲများလိုက်၊ ပိုက်ဆံတွေလဲကုန်သလိုက် ပြီးတော့ ဓါးပြပါတိုက်ခံလိုက်ရသလေး...မဲဆာတောင်ခြေပို့ခံရတာ ထက်တာဆိုးပါသလေး...ပေား..ပေား။ ကံပဲအားနည်းနေရော့လား၊ ကျုပ်ပဲ သောက်မြင်ကတ်တဲ့လူတွေရှိသလား မသိ သာလှရယ်....၁၁ ရက်နေ့ ၁၁ လ ၂၀၁၂ ကျုပ် ညနေ သူငယ်ချင်း နဲ့လမ်းလျှောက်တုန်း ၀ုန်းကလုန်းလုန်း ဘုန်းတုန်းတုန်း ( ဓါးပြတိုက်နေသော အသံများ) ဖြစ်ခဲ့ရတယ်လကွယ်။ ဒါပေမယ့်လဲ သာလှရယ် ရွာမှာကတည်းက ကျုပ်အသံသြဇာကြီးတာ သာလှအသိပဲ။ အာခေါင်ပြဲ အောင် အော်ချပလိုက်တယ်...အေးရော... လကောင်တွေလဲ နောက်ဆုံးပစ္စည်းမရ ပြေးရောပေါ့။ ဘာရမလဲ အသံသြဇာရှင် ကို ဓါးပြတိုက်ချင်တာကိုး...ကံမကောင်းပါဘူးသာလှရယ်...counseling နှစ်သိမ့်ဆွေးနွေးပညာပေးဆီ
ရောက်တာပေါ့လကွယ်။ ကဲကဲ သာလှရေ ပြောမဆုံးပေါင် တောသုံးထောင် တွေက ပြီးမှာကို မပာုတ်ဘူး
အိပ်ရ စားရ လှုပ်ရ ရှားရ ရှာရ ဖွေရ လုပ်ရ ကိုင်ရ ဦးမယ် သာလှရေ။ ၁ နာရီထိုးတော့မှာမို့ မနက်ဖြန်အရေးတွေးကာ တစ်နေ့တာကို အဆုံးသတ်ရပေးဦးမယ် သာလှရေ။ အရီး တို့ အဘ တို့ကို မာပါစေကြောင်း သာစေကြောင်းလို့။
စာရေးလည့်ဦးသာလှရေ....ဒါနဲ့ ၁၂ လမ်းက ငါးဖယ်သုပ် နဲ့ အရီးရဲ့ ကုလားသီးစုံပာင်း ကို သတိရတယ်လို့...
ရွာသတင်းတွေကိုနားစွင့်နေလျှက်
ဘုတ်ဘုတ်
Subscribe to:
Posts (Atom)
Popular Posts
-
သို့သာလှ သာလှရေ…..ကျုပ်ရွာကထွက်သွားကတည်းက အဆက်အသွယ်တွေ ပြတ်နေတာနော်..ဘယ်လိုတုန်း…ကျန်းမာပါလို့လန်းဖြာရဲ့လား..ကျုပ်လဲခုမှ မြန်...
-
ပာိုအရင်က အမှတ်တရ တို့သူငယ်ချင်း ပေါင်းကာစုစုံ ကျောင်းတော်ကြီးမှာ တူယှဉ်တွဲလို့ စာတွေပြိုင်ကာ တူကာကြိုးစား အထက်တန်းကို အောင်မြင်ဂုဏ်ထူး...
-
I always thought that off-campus program would be so much easier than regular school semester. Believe me, it is not! Working full ti...
-
I cannot even express how I am thankful for the emotional, financial and any kind of support from my parents ( Tin Win and Min Zaw Oo ), ...