စာရေးသူကို အောက်တိုဘာ လ ၄ ရက် နေ့ ၁၉၉၄ မှာ ရန်ကုန်မြို့ တွင် ဖွားမြင်ပါတယ် ဘာရယ် မပာုတ် ကိုယ့် ပတ်ဝန်းကျင် က အကြောင်းအရာလေးတွေ၊ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးတွေ ကို စာစီကုံးလို့ ရေးချင်မိတာပါ. နုနယ်တဲ့အတွေးအခေါ် မရင့်ကျက်တဲ့ အသိဥာဏ်ကြောင့် စာများ ထဲမှာ အမှားအယွင်း များပါခဲ့လျှင် တောင်းပန်ပန်ကြားအပ်ပါသည်။
Wednesday, November 28, 2012
သာလှသို့ပေးစာများ (၁)
သို့သာလှ
သာလှရေ…..ကျုပ်ရွာကထွက်သွားကတည်းက အဆက်အသွယ်တွေ ပြတ်နေတာနော်..ဘယ်လိုတုန်း…ကျန်းမာပါလို့လန်းဖြာရဲ့လား..ကျုပ်လဲခုမှ မြန်မာလိုရေးရတော့တယ်..သာလှရေ….ဒီမှာ မြန်မာလိုရေးဖို့နေနေသာသာ ဘိုလို ဘဲမှုတ်နေရတယ်..သူတို့လို ချိစ် သံတော့ ဘယ်ပာုတ်မလဲ…ငပိသံနဲ့talk ရတာပေါ့..အဲ့လဲ့ ကျုပ်အခု ဘိုလို လဲ နဲနဲ ပါးပါး ညပ်တသုံးမယ်နော်…ပဲာပဲာ..ဒါနဲ့အရီးတို့ ဘွားတော် တို့ မာရဲလားပော့…တို့အဖေ ကော အရင်လိုအလုပ်ရှုပ်ဆဲပဲလား…ကျုပ်လဲရွာကိုသတိရပါတယ်….ရွာမှာ က easy going life ဆိုတော့..ကျုပ်ပျော်ခဲ့တာပေါ့…ဒီမှာက ကိုယ့်အားကိုယ်ကိုး ပုဆိန်ရိုးကိုး…ဒါနဲ့ ပြောရဦးမယ် သာလှရေ….ဒီမှာ အစားအသောက်မကောင်းဘူးပာ…..သူတို့အစာ တွေ ငါတော့ ကြိုက်ပေါင်..ဘာတဲ့ Pepperoni ဆိုလား Salami ဆိုလား…ကျုပ်တို့ ရွာက ရှောက်သီးသုပ်နဲ့တောင် ယှဉ်လို့မရပါဘူး….ကျုပ်တော့ရွာပာင်း ရွာ ထမင်းကို လွမ်းတယ်…Mr Bean ကြည့်ရင်း ထမင်းနဲ့အသည်းအမြစ် စားခဲ့တာတွေ….တရုတ်တန်းက ရွာက တရုတ်မ ဘူးဘူးမနဲ့ ရခိုင်မုန့်တီအုပ်ခဲ့တာတွေလေ….သတိရတယ်…ဒါနဲ့ ပာို တောင်ညွန့် က ဂါးဂါး ကျွန်းစိန် ကတော့ ဒီမှာ အိုကေနေလေရဲ့…အဲ့မိန်းမက ရွာမှာတည်းက စပက်ကတီတို့ ပီဇာ တို့အုပ်တဲ့ မိန်းမလေ…သူဒီမှာ အိုကေမှာ ဆိုပြေနေလေရဲ့…ဒါနဲ့ သာလှရေ…ဒီမှာ အေးတထက် အေးလာပီ…ကြီးတော် ပေးလိုက်တဲ့စောင် တောင် မကယ်နိုင်တော့ပါဘူး..ဘွားတော်ထိုးပေးလိုက်တဲ့ scarf လေးတွေ ၀တ်နေရပီကွ..ဘွားတော်ကြီးကို သတိရတယ်လို့ သတင်းပါးပေးပါအုန်း နော်…ပာိုတလော က ကျုပ်ဖျားတယ်..ကျုပ်လေ မေတို့ဖေတို့ ပြုစုပေးတာတွေ သတိရလိုက်တာ….အဲ သာလှရေ…တို့အိပ်တော့မယ်…နောက်နေ့တွေ လှုပ်ရှားဖို့ကျုပ်အိပ်ရဦးမယ်….နောက်စာထပ်ရေးအုန်းမယ်….ရွာကိုလွမ်းတယ်ပော့…အားရင်စာပြန်လှည့်အုန်း…..
ရွာက ၂၄၃ ဘစ်ကြီးကိုသတိရနေတဲ့
မြို့ရောက် စိုးစိုး (သရပါ)
Labels:
Letters to Thar Hla
Subscribe to:
Post Comments (Atom)
Popular Posts
-
ငယ်ငယ်က ၀ါသနာ ပါတာက စာဖတ်ခြင်း။ ဒီဝါသနာ က မီးတွေဘာတွေ ပျက်လို့ ပိုကြီးလာတလဲ ပါမယ်။ မီးပျက်တော့ စာအုပ်ဖတ်တယ်။ အစ်ကို က လဲ စာအရမ်းဖတ်တော့ ...
-
နူးညံတဲ့ နှလုံးသား တစ်စုံ နဲ့ မွေးဖွားလာခဲ့တယ်။ ညင်တာတဲ့လက်အစုံ နဲ့ နွေးထွေးတဲ့ အသိုင်းအ၀ိုင်းမှာ ကြီးပြင်းတယ်။ ခံစားချက်တွေကို အာရုံခ...
-
အချိန်တွေကလဲ ကုန်တာမြန်လိုက်တာ။ စာရေးမယ် ရေးမယ် ဆိုပြီး အကြွေးတွေတင်နေတာ အတော်ကြာပြီ။ ကိုယ့် Blog ပရိသတ် မရှိတာလဲပါတာပေါ့။ ထားပါတော့ ဒီေ...
-
I always thought that off-campus program would be so much easier than regular school semester. Believe me, it is not! Working full ti...
-
နေ့စဉ်နဲ့အမျှသွားလာလူပ်ရှားနေကြရတဲ့ ဒီခေါတ်ကြီးမှာလေ ချီးမွန်းစကားလေးတခွန်းက အတော်အရေးပါတယ်နော်။ ကဲ့ရဲ့စကားက ပြောရတာ အတော်လွယ်ကူပါတယ်။ နင်က...
No comments:
Post a Comment