ကျွန်တော့် ဘ၀မှာ ကြယ်
၆ပွင့်နဲ့ဆုံခဲ့တယ်....၆ပွင့်သောကြယ်ထဲ မှာမှ ထူးထူးခြားခြားဓူဝြံကယ် လေးတစ်ပွင့်ပါခဲ့တယ်..သူကတော့ မိုးတဲ့...အဲ့ဓူဝံကြယ် လေးက လှတယ်..တောက်ပတယ်...ရှင်းလင်းတယ်...
နောက်ကြယ်တစ်ပွင့် က နှင်းတဲ့...သူကလေ ပြတ်သားတယ်...ဓူဝံလို မျိုးမလှဘူး..သူက အားပြင်းတယ်..ရဲတောက်တယ်..
စန္ဒီ ဆို တဲ့ကြယ်လေး က တဲ့ သူ့ပာာ နဲ့သူ လှပတယ်..ရိုးစင်းပြီး...မှိတ်တုပ်မှိတ်တုပ် လင်းလက်တယ်
ကြယ် ပွင့် ထဲ မှာ ရှည်ရှည်မျောမျော ကြယ်တစ်ပွင့်လဲ ပါပြန်ရော..သူကတော့ ပညာ တဲ့...ထူးခြားတယ်..တောက်ပတယ်..လင်းလက်တယ်...တစ်ခါတစ်ခါ သူ က ကြွေကျချင်တယ်...
အဲ့ ပညာ ကြယ်လေးကို ၀န်းရံနေတြဲ့ကြယ် ညီအမရှိတယ်..သူတို့ က တပူးပူးတတွဲတွဲ သူတို့က ဓူဝံလို မျိုး တစ်ကိုယ်တော် မလင်းဘူး...နှစ်ယောက် ပေါင်း ပြီး လှပတယ်..လင်းလက်တယ်..ကိုယ်ပိုင် အစွမ်း သတ္တိရှိတယ်ပေါ့
ကြယ်ပွင့်လေး တွေ နဲ့ တွေ့ဖြစ်ပုံကတော့ မဆန်းပြားသလို ရိုးလဲမရိုးစင်းလှပါဘူး..ကြယ်ပွင့်အားလုံးကို တွေ့ခဲ့တဲ့ နေရာ က လေ ရန်ကုန် မြို့ ပဲခူး ကလပ် က အမေရိကန်စင်တာ မှာပေါ့.
ကျွန်တော်က လေ ဓူဝံကြယ်လေးကို အရင် ရှာဖွေတွေ့ရှိခဲ့တာ...မိုးက အနုပညာ ပါရမီ ရှိတယ်..အဆိုကောင်းတယ်...အတီးတော်တယ်..သီချင်း ကို ခံစားတတ်တယ်...ဓါတ်ပုံ ရိုက်တော်တယ်..ရုပ်ရှင်လေးတွေ ကို လဲ စိတ်ဝင်စားတယ်...သူကတော့ အနုပညာ ကြယ်ပွင့်လေးပေါ့
အဲ့ ကြယ်လေး ကို ဆွတ်ချင်တဲ့ ပုရိသ တွေက လဲ ထုနဲ့ဒေးပေါ့...ကျွန်တော်က တဲ့ အဲ့ကြယ်လေး ကို ကောင်းကင် မှာ အလှကြည့်ချင်တယ်...သူကကြယ်ဆို ကျွန်တော်က သူရောင်ပြန်ပာပ်ဖို့ လမင်း ကြီး ဖြစ်ချင်တာပါ...ဓူဝံကြယ် မိုးက တော့ ပြည့်စုံ ပြီးသားပါ...
နှင်း...နှင်း...ဒီ နှင်းကတော့ အနုပညာ ပိုးတော့ရှိတယ်...အနုပညာ ကို မခံစားတတ်ဘူး...သီချင်းတွေအော် ဆို အမျိုးအမည် မသိတဲ့အက တွေနဲ့ ကမယ်..အသံဗြဲကြီးနဲ့အောင် ချင် အော်မယ်..သူလေးက ရဲရင့်ပါတယ်..ထက်မြက်တယ်...ယုံကြည်မှု ရှိတယ်....ဒီ ကြယ်လေး နဲ့ကတော့ သူ့ယုံကြည်မှု တွေနဲ့ ဆက်လက် ထွန်းတောက်နေဦးမှာပဲ...သူ့ကို တွေ့ တာ က Travel wriitng အတန်းမှာပေါ့...
နောက် ပညာ ကြယ် ကလဲ အနုပညာ ဓါတ်ခံရှိတယ်...စန္ဒီ ကြယ်နဲ့လိုက်တယ်..ပုံစံလဲတူတယ်...ဒီကြယ်လေးနှစ်ပွင့် က လဲ AC မှာ အတူတူ လင်းလက်ခဲ့ကြတာပေါ့..
နောက် ပာို ကြယ် ညီအစ်မ အိမ့်နဲ့ ဆု က တော့ သူတို့ပာာနဲ့ သူတို့ထူးခြားတယ်..အနုပညာ ကိုတော့ သိပ် မလှုပ်ရှားဘူး...ဖက်ရှင်ကြယ် နှစ်ပွင့် လို့ခေါ် ရင်လဲ မမှားဘူး ၂၁ ရာစု ရဲ့ ကြယ်နတ်သမီး နှစ်ပါးပေါ့..
သူတို့ အလှ လေး တွေ က နုတယ် ပျိုတယ်...သူတို့ဆီ မှာ ရင့်ကျက်တဲ့ အလှ တော့ မတွေ့ရသေးဘူး အပြစ်ကင်းတဲ့ ရောင်ခြည် အလှလေးတွေကို သူတို့ လေးတွေ ထိန်းသိမ်း တတ်ကြပါစေ..
ပညာကြယ်ရယ် စန္ဒီကြယ်ရယ် အိမ့်နဲ့ဆု ကြယ် ညီအမ ကို လဲ AC မှာ ပဲ ကျွန်တော်နဲ့ဆုံတွေ့ခဲ့ကြတာပါ..
ဒီကြယ်ခြောက်ပွင့် ပာာ American Center မှာ လင်းလက်ခဲ့ ၊ လင်းလက်ဆဲ ကြယ်လေးတွေ ဖြစ်တယ်
ဒါဆို ကျွန်တော် က ကော ကြယ်တစ်ပွင့် မှ ပာုတ်လေစွ...ကျွန်တော် က ကြယ်ခုနှစ်ခု စုံမှ ဖြစ်တဲ့ခုနှစ်စင်ကြယ်လေ..
ဒီကြယ်လေးတွေမှာ အမှတ်တရ ဇာတ်လမ်းလေးတွေ ရှိခဲ့တယ်...ဒီထဲကကြယ် ပွင့်လေး လေးပွင့် က ရေခြားမြေခြား မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြပါတယ်..
တစ်နေ့နေ့ မှာ ဒီ ကြယ် စင် ခုနှစ်ပွင့် က အတူတူ လင်းလက်နေကြမှာပေါ့...
ဓူဝံ မိုးရယ်..နှင်းရယ်..ပညာကြယ်ရယ်..စန္ဒီရယ်..အိမ့်နဲ့ဆု ကြယ်စင် ရယ်...စိုး ဆိုတဲ့ ခုနှစ်စင်ကြယ် လေး တစ်စု ကောင်းကင် မှာလင်းလက်ပါစေသား
စာရေးသူကို အောက်တိုဘာ လ ၄ ရက် နေ့ ၁၉၉၄ မှာ ရန်ကုန်မြို့ တွင် ဖွားမြင်ပါတယ် ဘာရယ် မပာုတ် ကိုယ့် ပတ်ဝန်းကျင် က အကြောင်းအရာလေးတွေ၊ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးတွေ ကို စာစီကုံးလို့ ရေးချင်မိတာပါ. နုနယ်တဲ့အတွေးအခေါ် မရင့်ကျက်တဲ့ အသိဥာဏ်ကြောင့် စာများ ထဲမှာ အမှားအယွင်း များပါခဲ့လျှင် တောင်းပန်ပန်ကြားအပ်ပါသည်။
Monday, December 3, 2012
Subscribe to:
Post Comments (Atom)
Popular Posts
-
ငယ်ငယ်က ၀ါသနာ ပါတာက စာဖတ်ခြင်း။ ဒီဝါသနာ က မီးတွေဘာတွေ ပျက်လို့ ပိုကြီးလာတလဲ ပါမယ်။ မီးပျက်တော့ စာအုပ်ဖတ်တယ်။ အစ်ကို က လဲ စာအရမ်းဖတ်တော့ ...
-
အချိန်တွေကလဲ ကုန်တာမြန်လိုက်တာ။ စာရေးမယ် ရေးမယ် ဆိုပြီး အကြွေးတွေတင်နေတာ အတော်ကြာပြီ။ ကိုယ့် Blog ပရိသတ် မရှိတာလဲပါတာပေါ့။ ထားပါတော့ ဒီေ...
-
နူးညံတဲ့ နှလုံးသား တစ်စုံ နဲ့ မွေးဖွားလာခဲ့တယ်။ ညင်တာတဲ့လက်အစုံ နဲ့ နွေးထွေးတဲ့ အသိုင်းအ၀ိုင်းမှာ ကြီးပြင်းတယ်။ ခံစားချက်တွေကို အာရုံခ...
-
မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု သည် မြန်မာနိုင်ငံတွင် ပေးသော ထူးချွန်ဆု (အကယ်ဒမီ) ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းသည် ...
-
I always thought that off-campus program would be so much easier than regular school semester. Believe me, it is not! Working full ti...
No comments:
Post a Comment