Tuesday, August 23, 2016

မာဂရတ်

ကိုယ့်နာမည် က မာဂရတ်
အသက် က ၈၀ ကျော်
ခုချိန်ထိ သန်တုန်း မြန်တုန်း
ကြောင်သုံးကောင်နဲ့နေတယ်
အလုပ်က clinical သုတေသန coordinator
ညနေဘက်ဆို Scotch သောက်တတ်တယ်။ ကြောင်မကြီး berry က ည ည ဆို ခေါင်းပေါ်တက်ပြီး ဇိမ်ခံတတ်တယ်။ ပာို mochi ကောင်ကတော့ သူ့ paws လေးတွေနဲ့ ပွတ်ပေးတတ်တယ်။
ညဘက်ဆို ကိုယ်က ကြောင်တွေနဲ့ရုပ်ရှင် ကြည့်တာပဲ။
မနက်ဆို ၄နာရီ ခွဲထတယ်။ အလုပ် ကို ၇ နာရီ ရောက်ကောပဲ။ ဘစ်ကားစီသွားတယ် အလုပ်ကို။ ကားပေါ်မှာ crossword ဆော့ပြီး အလုပ်သွားတယ်။
အသက် ၈၀ ဆိုပြီး အထင်မသေးနဲ့။ ကိုယ်က အလုပ်မှာ အကြီးဆုံး၊ crazy အဖြစ်ဆုံးလို့ လဲ ပြောကြတယ်။ ဂရုမစိုက်ပါဘူး သူများပြောတာာ။ အသက်ကြီးပြီ။ သူများပြောတာတွေ ဂရုမစိုက်နိုင်ဘူး
ကိုယ်က အပျို ကြီး၊ လူတစ်ယောက်ကို အားကိုးပြီး လူတစ်ယောက် ရှိမှ နေရမယ် ဆိုတာကြီး ကို မကြိုက်လို့ ကြောင်တွေနဲ့နေတာ။ စိတ်ချမ်းသာတယ်။ တစ်နေ့တစ်နေ့ အလုပ်သွားတယ်။ လုပ်စရာရှိတာတွေလုပ်တယ်။ သောကြာနေ့ဆို ထီ ၅၀ ဖိုး ထိုးတယ်။ ပေါက်တဲ့အခါလဲပေါက်တယ်။
နေ့လည်စာကို ၁၁ နာရီ လောက်ဆိုစားပြီ။ ကိုယ်က အစားအသောက် တော့ ကောင်းကောင်းစားတယ်။ ကျန်းမာစွာ စား တယ်။ ဒိန်ချဉ် အသီး အစုံပဲ။ အချိုတော့ ကြိုက်တယ်။ ကွတ်ကီး သကြားလုံး ဆို အသေကြိုက်။ ရုံးမှာ လာမလု နဲ့။ မပေးဘူး။ ကိုယ်ပဲစားမှာ ကိုယ်က ကြိုက်တာကိုး
သူများတွေများ အသက် ၆၀ လောက် နဲ့ ပင်စင်ယူပြီ။ ကိုယ်တွေက တော့ အဲ့လိုမနေချင်။ အခု ဆေးရုံမှာ လုပ်တာ ၁၁ နှစ်။ ပာိုးအရင် က ကိုယ်က Chemistry တွေ ဘာတွေ သင်ပေးတဲ့ဆရာမ။ Chemistry ကို ကြိုက်တယ်။ တိကျရတယ် အပိုအလို bullshit လုပ်လို့မရလို့။ ကိုယ် က Church မှာလဲ အသင်းဝင် နော်။ ကိုယ့် အပေါင်းအသင်းတွေ တော့ မရှိတော့ဘူး
အသက်ကြီးလာပြီဆိုတာသိတယ် အသက်ကြီးသွားပြီဆိုပြီး သတ်မှတ်ချက်တွေ နဲ့ သူများတွေလို ကိုယ်မနေချင်ဘူး
မာဂရတ် တစ်ယောက် ကြောင်သုံးကောင် နဲ့ ပဲဘ၀ ဆုံးတော့မယ်လို့ ပြောချင်လား။ ကိုယ့်ဘ၀မှာ မိန်းမ တစ်ယောက် ဖြစ်ပြီး ယောင်္ကျားတွေနဲ့ တန်းတူ အသက်၈၀ ကျော် အထိနေ လာပြီးပြီ။ ကိုယ်ပြောပါတယ်။ လူတစ်ယောက်ရှိမှဖြစ်တဲ့ ရပ်တည်မူ မျိုးကို ကိုယ် မလိုအပ်ခဲ့ပါဘူးလို့
မီးပျက်တဲ့ အခါ မှာ မာဂရတ် က ကြောင်သုံးကောင် နဲ့ အောက်ဆင်းထိုင်တတ်တယ်။ သူစိမ်းတွေက မာဂရတ် ကြောင်လေး တွေကို သဘောကြရင် မာဂရတ်လဲ သဘောကြတယ်။ လာမယ့် မတ်လ ဆို မာဂရတ် ၈၁ ပြည့်ပြီ။ ထမင်းစားရင်းလဲ crossword တွေ ဆက်လုပ်နေမှာပဲ။ ရုံးက ထိုင်ခုံအိုကြီးက လဲ ရုံးခန်း အလည်မှာ ရှိနေအုံးမှာပါပဲ။

No comments:

Post a Comment

Popular Posts