Friday, August 25, 2017

Gratitude လေး ရှိကြပါစေ

စဉ်းစားဖြစ်ပါတယ်။ အသက်လေး နဲနဲရလာတာနဲ့ အမျှ ဖြစ်တည်မူများရဲ့ မတည်မြဲမူ ကို အနည်းငယ် နားလည်လာရပါတယ်။ နားလည်လာတာ နဲ့အမျှ gratitude တန်ဖိုးလေးကိုလဲ သိလာတယ်ပေါ့။ အိပ်ရာကနိုးလာလို့ နှလုံးလေး ခုန်ပြီး အသက်ရှုနေသေးတာကို က ကျေးဇူးတင်ရမှာပါပဲ။ ဘ၀တွင် ချစ်ရသောလူ၊ ပစ္စည်း၊ အမှတ်တရ တို့ဖြစ်တည်ခြင်းက ခေတ္တခနတာ ဖြစ်သည့် အလျှောက် ရုတ်တရက် ဆုံးရှုံးလိုက်ရရင် ယူကြုံးမရ ၀မ်းနည်းပက်လက် ဖြစ်ရပါတယ်။

Facebook ရဲ့ COO Sheryl Sandberg ဆိုရင် ခရီးထွက်နေရင်း သူ့ယောင်္ကျားက အားကစားလုပ်နေရင်းကနေ ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးခဲ့တာပေါ့နော်။ Sheryl ပြောလေ့ရှိတာက ကျွန်မတို့ လူသားတွေပာာ အိမ်ရာမ၀င်ခင် ငါဖြင့်ဘာလုပ်ရဦးမယ်. ပာိုပာာလုပ်ရဦးမယ်..စသဖြင့် မပြီးမစီးနိုင်တဲ့ အရာတွေကို တွေးတောပြီး အိပ်ရာဝင်လေ့ရှိပါတယ်တဲ့။ အခုတော့ ကျွန်မက ကျွန်မဘ၀မှာ ရှင်သန်မူ နဲ့ ရရှိထားတဲ့အရာတွေအတွက် ကျေးဇူးတင်တဲ့ ပာာလေးတွေ ကို စဉ်းစားပြီးပဲ အိပ်ရာဝင်တော့ပါတယ်တဲ့။ ဆုံးရှုံးမူတွေ ကြားက ပဲ gratitude ကိုရှာဖွေရတာပါပဲ။

ဆိုတော့ ကျွန်တော်တို့တွေပာာ ဆုံးရှုံးမူ ၊ မအောင်မြင်မူ တွေ စိတ်ညစ်စရာတွေ တွေ့ကြုံရရင် အနာဂတ်က မုန်တိုင်းဝင်ရောက်စဉ် တိမ်တွေလို ညိုပုတ်ပြီး အလင်းရောင်မရှိဘဲ မျှော်လင့်ချက်ကင်းသလို ခံစားရတာပေါ့နော်။ အဲ့လိုမျိုးမှာ ဒီ့ထက်တောင် ပိုဆိုးတာ တွေ ဖြစ်နိုင်တယ်ဆိုပြီး ဖြည့်တွေးတတ်ရင် gratitude တန်ဖိုးလေးကိုနားလည်လိုက်တာပါပဲ။

နောက်ပြီးတော့ ဘ၀မှာ အဆိုးဆိုးလို့ ခံစားနေရတဲ့ သူငယ်ချင်းတွေ မိသားစုဝင် တွေနဲ့ တွေ့ရင် ကျွန်တော်တို့တွေက အားပေးရာမှာ အားနည်းတတ်ကြပါတယ်။တစ်ချို့က အပြစ်ဆို၊ တစ်ချို့က စိတ်မကောင်းစရာပဲက လွဲပြီး ဘာမှမပြောတတ်၊ တချို့ကြပြန်တော့လဲ ငါ့ပြဿနာ က ပိုကြီး မင်းဖြစ်နေတာက ဘာမှအရေးမပါ စသဖြင့် တစ်ဖက်သားလူ စိတ်ခံစားမူကို အသိအမှတ်ပြုဖို့ အမှတ်မထင် မသိကျေးကျွန်ပြုမိကြတတ်ပါတယ်။ ကိုယ်က ဘာမှအားမပေးတတ်ရင်တောင် သူတစ်ပါး ပြဿနာ၊ခံစားချက် ကို နားထောင်ပေးခြင်း ပာာလည်း ထိရောက်နဲ့ နည်းလမ်းတစ်ခုပေါ့။

သံသရာဆိုတာ ကြီး လည်ပတ်လို့ မပြီးသရွေ့ ဆုံးရှုံးမူတွေဆိုတာ ရှိနေဦးမှာပါပဲ။ ကိုယ်ရှိတာလေးတွေ ကို ကျေးဇူးတင်ပြီး အကောင်းမြင်တတ်တဲ့ စိတ်လေးတွေ လဲ တဖြည်းဖြည်းမွေးမြူရင်းနဲ့ ကိုယ်ကျရာနေရာမှာ အကောင်းဆုံး တာဝန်ထမ်းဆောင်ကြရမှာပါပဲ.....

No comments:

Post a Comment

Popular Posts