gender neutral ဆိုတာ ကျား၊ မ မပာုတ်ဘဲ အားလုံးအသုံးပြု လို့ရတာလေ။ ကျုပ်လဲ အန္တရယ် ကို မလွယ်နိုင် အိမ်သာထဲ အပြေးဝင် ပေါ့။ အိမ်သာ ထဲ သေးပန်း နေ တုန်း မြင်မိတာက ထောင့်တနေရာလေးမှာ အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ် နဲ့ tampon (tampon က လဲ အမျိုးသမီးလစဉ်သုံး ပစ္စည်းတမျိုးပဲပေါ့)။ သာလှရေ ကိုယ်လဲ အဲ့လိုသိပ် မမြင်ဘူးတော့ ဘယ်လိုပြောရမလဲ။ စဉ်းစားမိတယ်ပေါ့... ရွာမှာဆို ဒီလို ပေါ်ပေါ်ထင်ထင် ဘယ်ထားရဲပါ့မလဲ။ လူမြင်မှာစိုးရိမ်လို့ စက္ကူနဲ့ပတ် မမြင်အောင်ထားတာပေါ့။ ဘယ်သူမှ ရာသီ အကြောင်း တရေးတယူ ထင်ထင်လင်းလင်း မပြောကြသလို ယောင်္ကျားလေးတွေ ဆိုရင် တစ်ချို့ဆို ရာသီသွေးအကြောင်းတောင် သေချာ မသိကြပေါ့။ သာလှက တော့ ထင်မှာဘဲ။ ဘုတ်ဘုတ် က မြို့ပေါ်ရောက်မှ ခေါတ်မှီချင်တယ်ဆိုပြီး...ခေါတ်မှီသာမပာုတ်ရပါဘူး ငသာလှရေ...တို့တွေ သဘာဝတရား အတိုင်း ဖြစ်တည်လာတဲ့ ကိစ္စတွေကို ရှက်စရာလို့ မထင်စေချင်တာပါ သာလှရေ... လစဉ်သုံးဂုံးထုပ် တွေ က ဈေးကလဲ သိပ်တော့ မသေးဘူးကွ။ လစဉ် လိုအပ်လို့ ၀ယ်သုံးရတာ ဆိုပေမယ့် အမျိုးသမီးတိုင်း ၀ယ်သုံးနိုင်ရဲ့လားဆိုတာ တော့ မေးခွန်းထုတ်စရာပေါ့ကွ။ အခုလို အများသုံးအိမ်သာ မှာ ထားပေးတာ လေး က အတော့် ကို ကောင်းမွန်တဲ့ စိတ်ကူးပါပဲ။
ကဲ အားလူးဖုတ်တာတွေ များပြီ။ သောကြာနေ့မို့စာရေးနိုင်တာ သာလှရေ.ရွာက အားလုံးကိုသတိရတယ်. သတင်းထူးရင်စာရေးလှဲ့.
ရွာက မုန့်ပာင်းခါးနဲ့အီကြာကွေး ကိုလွေးချင်နေတဲ့
စိုးစိုး(သရပါ)(ခ) ဘုတ်ဘုတ် (ခေတ္တ ဦးဆန်းအောင်)
No comments:
Post a Comment