ဆေးရုံတွင် အလုပ်လုပ်ရသည့်အတွက် သေဆုံးခြင်းသည် နံရံရဲ့ အခြားတစ်ဖက်တွင် ရှိသည်ပာု ခံယူထားပါသည်။
အတွေ့အကြုံရှိလား ပာုမေးပါက ဦးလေးရဲ့ နာရေးသည်သာလျှင် အနီးကပ်ဆုံးဖြစ်သည် ပာုဖြေရလိမ့်မည်။
ကောလိပ်တုန်းကတော့ anatomy အတန်းတက်တော့ လူသေကောင်ခွဲဖူးသည်။
ကောလိပ်ပြီးတော့ ရင်ခွဲရုံတွင် ၈၂ အဘွားကြီးအား ရင်ခွဲသည်ကို လေ့လာဖူးသည်။
အသက် ၂၀ ကျော် လူငယ်များအတွက် သေခြင်းတရားဆိုသည့် အတွေး ၀င်ချင်မှပင် ၀င်လိမ့်မည်.
ယနေ့ လူနာတစ်ယောက် ဆုံးသည်. တစ်ယောက်ထဲနေသော လူနာဖြစ်သည်။ prognosis မကောင်းမှန်းတော့ သိထားသည်။
အနောက်နိုင်ငံများတွင် သက်ကြီးရွယ်အို ဖြစ်ရသည်မှာ ကံဆိုးကံကောင်းပာု ပြောနိုင်သည်။ ဆေးပညာများကောင်းလွန်းသဖြင့် သက်တန်းအနဲငယ် ပိုနေနိုင်သည်။ သို့သော် အများစုမှာ မိသားစု အထောက်အပံ သိပ်မရှိကြ။ အာရှနိုင်ငံ အများစုသည် လူမူရေးနောက်ခံ ကောင်းကြသည်။ ယဉ်ကျေးမူအရ လူတစ်ယောက်နှင့်တစ်ယောက် လူမူရေးကိုဖေးမကြသည်မှာ အစဉ်အလာဖြစ်သည်။
ယခုနောက်ပိုင်း သေဆုံးသူသက်ကြီးပိုင်းတွင် တစ်ယောက်တည်းနေသူပိုများလာသည်။ စိတ်ဓါတ်ကျမူအရေအတွက် သည်လည်း ရောဂါနာမကျန်းမူ နှင့်အတူယဉ်တွဲနေသည်။
မိမိတို့သည် အရာအားလုံးကို လက်တွင် ရှိသည်ပာု ယူဆကြသည်။
ဗုဒ္ဓဘာသာ တွင်ဖြင့် သေနည်း သေဆုံးခြင်းကို ပြင်ဆင်နည်း စသဖြင့် မသေခင်ကတည်းက ပြင်ဆင်နည်းတွေကို လူတွေအတွက် ပို့ချထားသည်။
ပြောမှသိ
ထိမှနာ
သာမှနေ
သေမှခင်
ဤလေးအင် လူတွင်မကျင့်ရာ.....ပာုငယ်စဉ်က မှတ်သားဖူး၏.
တွေ့ဆုံမူတိုင်းသည် အမှတ်တရများဖြစ်၏....gratitudeများဖြင့်သာရှင်သန်နိုင်လျှင်ဖြင့်........
စာရေးသူကို အောက်တိုဘာ လ ၄ ရက် နေ့ ၁၉၉၄ မှာ ရန်ကုန်မြို့ တွင် ဖွားမြင်ပါတယ် ဘာရယ် မပာုတ် ကိုယ့် ပတ်ဝန်းကျင် က အကြောင်းအရာလေးတွေ၊ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးတွေ ကို စာစီကုံးလို့ ရေးချင်မိတာပါ. နုနယ်တဲ့အတွေးအခေါ် မရင့်ကျက်တဲ့ အသိဥာဏ်ကြောင့် စာများ ထဲမှာ အမှားအယွင်း များပါခဲ့လျှင် တောင်းပန်ပန်ကြားအပ်ပါသည်။
Tuesday, February 19, 2019
Everything is impermanent
Labels:
Journal in Burmese,
Philadelphia,
Random Thoughts,
US,
Work
Sunday, April 29, 2018
အချိန်
အချိန်တွေဆိုတာလည်း ကုန်တာမြန်လိုက်တာ. ကျောင်းပြီးတာ ၂နှစ်တောင် ရှိတော့မည်...ကုန်ဆုံးသွားတဲ့ အချိန်တွေမှာ ဘာတွေ ဖြစ်သွားသလဲ ဆိုတာကို မေးခွန်းထုတ်ရမယ် ဆိုရင် ဘာမှ ရေရေရာရာ မရှိသလို ခံစားရတယ်။ ဆုံတွေ့ရတဲ့ လူတွေ နဲ့ ဖြစ်ပေါ်တည်ဆောက်ခဲ့တဲ့ အမှတ်တရ တွေ တော့ရှိတယ်ပေါ့။ အချိန် အခိုက်အတန့် အခိုက်အတန့် တိုင်းမှာ ကောင်းမွန်တဲ့ အမှတ်တရ တွေကို အကောင်းဆုံး ရယူသင့်တယ်လို့ထင်တယ်။ ဘ၀ ဆိုတာ တိုလွန်းတယ်..တစ်ခါတစ်ခါ ဘ၀ ရဲ့ နစ်မူးမှုတွေ ကြားမှာ ဘ၀ က အကြာကြီးလို့ထင်တတ်ကြတယ်.. ထိုတိုတောင်းလှတဲ့ ဘ၀ ကြီးမှာ အဓိက ကတော့ Be kind ပေါ့။ ကုန်ဆုံးခဲ့တဲ့ အချိန်တွေကို လွမ်းမောတမ်းတ တတ်တဲ့လူ တစ်ယောက်များ ဖြစ်လာပြီလား..စိတ်ဆိုတာလဲ အမြဲခန့်မှန်းရခက်တယ်နော်။
Friday, August 25, 2017
သာလှသို့ပေးစားများ(၅) သာလှနှင့် Gender equality
ပဲာ့သာလှရေ....
ဖွဘုတ်မှာ မမြင်တာကြာပ။ ဘယ်တွေရောက်လို့ ဘယ်တွေပေါက်နေတာလဲ။ ကြည့်ရတာ ရွာမှာ EPC က မီးမဖြတ်တော့လို့ ရုပ်ရှင်ကားတွေ ဒီဗွီတွေ အ၀ ကြည့်နေတယ်ထင်ပ။ မိုးတွင်းကော ရေတွေကြီးသေးလားပော့။ အရီးတို့ အမေကြီး တို့ အဖွားစိန် တို့ကော ဒေါင်ဒေါင်မြည်ပဲလား။ ကျုပ်တို့ဆီမှာတော့ နွေရာသီဆိုတော့ ပူတယ်ဝေ့။ ဒါနဲ့ပြောရဦးမယ်... အရင်တပါတ်က ဒို့တွေ မြန်မာဆိုင်သွားကြတယ်။ ကိုယ်က မြန်မာပြည်က ဆိုတော့ ဒီက လူတွေကို ဆရာကြီးလုပ်ပြီးတော့ မှာပေးရတာ ပေါ့ ပဲာပဲာ။ သတ်သတ်လွတ် သမား တွေ ပါတယ်ဆိုတော့ ကိုယ်တွေအတွက် ခေါင်းစား၊ ခေါင်းစား ဆို ကိုယ်တွေက အသားစားဘီလူးလေ။ ဒါပေမယ့် အဆင်ပြေတာတွေ မှာပေးလိုက်ပါတယ်။ မြင်းခွာရွက် ကြော်သုတ် (မြန်မာပြည်ကလိုမျိုးတော့ပာုတ်ဘူး၊ ပြန်ဆန်းထွင်ထားတာပေါ့) လွေးလို့တော့ကောင်းသား၊ ပြီးတော့ ရုံးပတေသီးပာင်း အာလူးပလာတာ ဒါက သတ်သတ်လွတ်တွေ အတွက်၊ ကိုယ်တွေ အသားသမားတွေ က ၀က်သရက်၊ ကြက်သားဆီပြန်၊နန်းကြီးသုတ်၊ ဆီချက်ခေါက်ဆွဲ ၊ လွေးကြတာ လွေးကြတာ ဆိုတာ လိုက်ပွဲတွေက မနဲမနော။ ဒါနဲ့ အချို ပွဲ ကြပြန်တော့လဲ ဖာလူဒါ ၊ သာကူနဲ့ သရက်သီး၊ အုန်းနို့ ပေါင်မုန့်စန်း စားလိုက်သောက်လိုက်ကြတာ ဆိုတာ ပြောတောင်မပြောတော့ပါဘူး ပိာပိာ။ ဒါနဲ့ ရုပ်ရှင်ပွဲတော်သွားကြတာပေါ့နော့်။ Mustard Seed Film Festival တဲ့။ lgbtq ရုပ်ရှင်တွေပေါ့နော်။ အာရှတောင်ဖက်ဖြစ်တဲ့ အိန္ဒိယ တို့ ပါကစ္စတန် လူမျိုးတွေ အဓိက ထားရိုက်ကူးထားတဲ့ ရုပ်ရှင်တွေပေါ့။ ရုပ်ရှင်တွေက လဲ ကောင်း၊အဖွဲ့အစည်းအမူဆောင်တွေက လဲ ညီညာ ဆိုတော့ ပျော်စရာကောင်းလိုက်တာ။ အဓိက ပြောချင်တာက အိမ်သာ အကြောင်း သာလှရဲ့။ ကိုယ်တွေက စားထား သောက်ထား တော့ ရုပ်ရှင်နောက်တကား မပြခင် အိမ်သာ က သွားချင်ကော။ အိမ်သာက gender neutral တဲ့။
gender neutral ဆိုတာ ကျား၊ မ မပာုတ်ဘဲ အားလုံးအသုံးပြု လို့ရတာလေ။ ကျုပ်လဲ အန္တရယ် ကို မလွယ်နိုင် အိမ်သာထဲ အပြေးဝင် ပေါ့။ အိမ်သာ ထဲ သေးပန်း နေ တုန်း မြင်မိတာက ထောင့်တနေရာလေးမှာ အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ် နဲ့ tampon (tampon က လဲ အမျိုးသမီးလစဉ်သုံး ပစ္စည်းတမျိုးပဲပေါ့)။ သာလှရေ ကိုယ်လဲ အဲ့လိုသိပ် မမြင်ဘူးတော့ ဘယ်လိုပြောရမလဲ။ စဉ်းစားမိတယ်ပေါ့... ရွာမှာဆို ဒီလို ပေါ်ပေါ်ထင်ထင် ဘယ်ထားရဲပါ့မလဲ။ လူမြင်မှာစိုးရိမ်လို့ စက္ကူနဲ့ပတ် မမြင်အောင်ထားတာပေါ့။ ဘယ်သူမှ ရာသီ အကြောင်း တရေးတယူ ထင်ထင်လင်းလင်း မပြောကြသလို ယောင်္ကျားလေးတွေ ဆိုရင် တစ်ချို့ဆို ရာသီသွေးအကြောင်းတောင် သေချာ မသိကြပေါ့။ သာလှက တော့ ထင်မှာဘဲ။ ဘုတ်ဘုတ် က မြို့ပေါ်ရောက်မှ ခေါတ်မှီချင်တယ်ဆိုပြီး...ခေါတ်မှီသာမပာုတ်ရပါဘူး ငသာလှရေ...တို့တွေ သဘာဝတရား အတိုင်း ဖြစ်တည်လာတဲ့ ကိစ္စတွေကို ရှက်စရာလို့ မထင်စေချင်တာပါ သာလှရေ... လစဉ်သုံးဂုံးထုပ် တွေ က ဈေးကလဲ သိပ်တော့ မသေးဘူးကွ။ လစဉ် လိုအပ်လို့ ၀ယ်သုံးရတာ ဆိုပေမယ့် အမျိုးသမီးတိုင်း ၀ယ်သုံးနိုင်ရဲ့လားဆိုတာ တော့ မေးခွန်းထုတ်စရာပေါ့ကွ။ အခုလို အများသုံးအိမ်သာ မှာ ထားပေးတာ လေး က အတော့် ကို ကောင်းမွန်တဲ့ စိတ်ကူးပါပဲ။
ကဲ အားလူးဖုတ်တာတွေ များပြီ။ သောကြာနေ့မို့စာရေးနိုင်တာ သာလှရေ.ရွာက အားလုံးကိုသတိရတယ်. သတင်းထူးရင်စာရေးလှဲ့.
ရွာက မုန့်ပာင်းခါးနဲ့အီကြာကွေး ကိုလွေးချင်နေတဲ့
စိုးစိုး(သရပါ)(ခ) ဘုတ်ဘုတ် (ခေတ္တ ဦးဆန်းအောင်)

Gender Issue,
Letters to Thar Hla
Richmond, Indiana
Philadelphia, PA, USA
Compliment များပေးတတ်ကြပါစေ။
နေ့စဉ်နဲ့အမျှသွားလာလူပ်ရှားနေကြရတဲ့ ဒီခေါတ်ကြီးမှာလေ ချီးမွန်းစကားလေးတခွန်းက အတော်အရေးပါတယ်နော်။ ကဲ့ရဲ့စကားက ပြောရတာ အတော်လွယ်ကူပါတယ်။ နင်ကလဲဝလိုက်တာ မင်းကလဲ ရှိုးကပဲ့ သူကတော့ အနံအသက်မကောင်း အဲ့ကောင်မလေး က ဘဲသွားသွားတယ် စသဖြင့် ပြောကြဆိုကြတာတွေ ရှိတဲ့ကြားမှာ ကိုယ်ကစပြီး သူတစ်ပါးကို အသိအမှတ်ပြု ကောင်းမွန်တဲ့ ချီးမွန်းစကားလေးပြောပေး မယ်ဆိုရင် တစ်ပါးသူလဲ စိတ်ချမ်းသာ ကိုယ်လဲ အပျော်ကူးစက်ပေါ့။ ကျွန်တော်တို့တွေ နေထိုင်နေကြတဲ့ လူ့လောကကြီးမှာ ချီးမွန်းစကားပေးတတ်ခြင်း အလေ့အကျင့် လေး လုပ်ပေးရင် အနားမှာရှိတဲ့ လူတွေတော့ စိတ်ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းမှာ ဧကန်မလွဲပင် ဖြစ်ပါတယ်နော်။
Gratitude လေး ရှိကြပါစေ
စဉ်းစားဖြစ်ပါတယ်။ အသက်လေး နဲနဲရလာတာနဲ့ အမျှ ဖြစ်တည်မူများရဲ့ မတည်မြဲမူ ကို အနည်းငယ် နားလည်လာရပါတယ်။ နားလည်လာတာ နဲ့အမျှ gratitude တန်ဖိုးလေးကိုလဲ သိလာတယ်ပေါ့။ အိပ်ရာကနိုးလာလို့ နှလုံးလေး ခုန်ပြီး အသက်ရှုနေသေးတာကို က ကျေးဇူးတင်ရမှာပါပဲ။ ဘ၀တွင် ချစ်ရသောလူ၊ ပစ္စည်း၊ အမှတ်တရ တို့ဖြစ်တည်ခြင်းက ခေတ္တခနတာ ဖြစ်သည့် အလျှောက် ရုတ်တရက် ဆုံးရှုံးလိုက်ရရင် ယူကြုံးမရ ၀မ်းနည်းပက်လက် ဖြစ်ရပါတယ်။
Facebook ရဲ့ COO Sheryl Sandberg ဆိုရင် ခရီးထွက်နေရင်း သူ့ယောင်္ကျားက အားကစားလုပ်နေရင်းကနေ ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးခဲ့တာပေါ့နော်။ Sheryl ပြောလေ့ရှိတာက ကျွန်မတို့ လူသားတွေပာာ အိမ်ရာမ၀င်ခင် ငါဖြင့်ဘာလုပ်ရဦးမယ်. ပာိုပာာလုပ်ရဦးမယ်..စသဖြင့် မပြီးမစီးနိုင်တဲ့ အရာတွေကို တွေးတောပြီး အိပ်ရာဝင်လေ့ရှိပါတယ်တဲ့။ အခုတော့ ကျွန်မက ကျွန်မဘ၀မှာ ရှင်သန်မူ နဲ့ ရရှိထားတဲ့အရာတွေအတွက် ကျေးဇူးတင်တဲ့ ပာာလေးတွေ ကို စဉ်းစားပြီးပဲ အိပ်ရာဝင်တော့ပါတယ်တဲ့။ ဆုံးရှုံးမူတွေ ကြားက ပဲ gratitude ကိုရှာဖွေရတာပါပဲ။
ဆိုတော့ ကျွန်တော်တို့တွေပာာ ဆုံးရှုံးမူ ၊ မအောင်မြင်မူ တွေ စိတ်ညစ်စရာတွေ တွေ့ကြုံရရင် အနာဂတ်က မုန်တိုင်းဝင်ရောက်စဉ် တိမ်တွေလို ညိုပုတ်ပြီး အလင်းရောင်မရှိဘဲ မျှော်လင့်ချက်ကင်းသလို ခံစားရတာပေါ့နော်။ အဲ့လိုမျိုးမှာ ဒီ့ထက်တောင် ပိုဆိုးတာ တွေ ဖြစ်နိုင်တယ်ဆိုပြီး ဖြည့်တွေးတတ်ရင် gratitude တန်ဖိုးလေးကိုနားလည်လိုက်တာပါပဲ။
နောက်ပြီးတော့ ဘ၀မှာ အဆိုးဆိုးလို့ ခံစားနေရတဲ့ သူငယ်ချင်းတွေ မိသားစုဝင် တွေနဲ့ တွေ့ရင် ကျွန်တော်တို့တွေက အားပေးရာမှာ အားနည်းတတ်ကြပါတယ်။တစ်ချို့က အပြစ်ဆို၊ တစ်ချို့က စိတ်မကောင်းစရာပဲက လွဲပြီး ဘာမှမပြောတတ်၊ တချို့ကြပြန်တော့လဲ ငါ့ပြဿနာ က ပိုကြီး မင်းဖြစ်နေတာက ဘာမှအရေးမပါ စသဖြင့် တစ်ဖက်သားလူ စိတ်ခံစားမူကို အသိအမှတ်ပြုဖို့ အမှတ်မထင် မသိကျေးကျွန်ပြုမိကြတတ်ပါတယ်။ ကိုယ်က ဘာမှအားမပေးတတ်ရင်တောင် သူတစ်ပါး ပြဿနာ၊ခံစားချက် ကို နားထောင်ပေးခြင်း ပာာလည်း ထိရောက်နဲ့ နည်းလမ်းတစ်ခုပေါ့။
သံသရာဆိုတာ ကြီး လည်ပတ်လို့ မပြီးသရွေ့ ဆုံးရှုံးမူတွေဆိုတာ ရှိနေဦးမှာပါပဲ။ ကိုယ်ရှိတာလေးတွေ ကို ကျေးဇူးတင်ပြီး အကောင်းမြင်တတ်တဲ့ စိတ်လေးတွေ လဲ တဖြည်းဖြည်းမွေးမြူရင်းနဲ့ ကိုယ်ကျရာနေရာမှာ အကောင်းဆုံး တာဝန်ထမ်းဆောင်ကြရမှာပါပဲ.....

Gratitude,
Journal in Burmese,
Random Thoughts
Tuesday, June 20, 2017
နိုင်ငံခြား သွားကြမလား
အခုလို ဆယ်တန်းအောင် ပြီးချိန်ဆိုရင် အမေတို့ အဖေတို့ အသိတွေက လာလာမေးကြလေ့ရှိတာက “သားလေးသမီးလေး နိုင်ငံခြားသွားချင်လို့ ဘာလုပ်ရမလဲ “ ဆိုတာပါဘဲ။ ဆယ်တန်းအောင်ပြီ ဆိုရင်ဖြင့် Australiaသွားမယ် Singapore သွားမယ် America သွားမယ် ပေါ့။ အမေတွေ အဖေတွေက ဦးစီး ဦးဆောင် ဆုံးဖြတ်ချက်တွေကြပေးကြတာပေါ့။ သားလေး သမီးလေး က America က ဘွဲ့ရမယ် ဆိုတာ တွေးပြီး ကြိုရင်ခုန်တာလဲ ပါမှာပေါ့... အန်တီ့သားလေးကလေ နိုင်ငံခြားသွားချင်တာ ဘာလုပ်ရမလဲ ဘယ်ကျူရှင် ကျောင်း အပ်ရမလဲ လာလာမေးရင် ပြန်ပြောဖြစ်တာက “သားလေးနိုင်ငံခြားသွားချင်ရင် ပထမဆုံး အမေ တွေ ၀င်မပါမှရမယ်လို့” ပြောဖြစ်တယ်။ နိုင်ငံခြားသွားစာသင်တာ ၁၀ တန်း ဆရာဒိုး မြန်မာစာ ကျူရှင်အပ် သလို လွယ်တယ်များ ထင်နေလားမသိဘူး။ မိဘ အနေနဲ့ ကောင်းစားချင်တာ မှန်ပေမယ့်လဲ ကလေးတွေကို ကိုယ်ပိုင် တွေးခေါ်ကြံဆနိုင်အောင် ပံပိုးပေးသင့်ပါတယ်။ အသက် ၁၈ နှစ်လောက်နဲ့ မိုင်ပေါင်း ၈၀၀၀ ကျော် (အမေရိကားကိုသွားမယ်ဆိုရင်) လောက်မှာ တစ်ယောက်တည်းနေထိုင်ရရင် အမေတွေအဖေတွေ က အနီးကပ် ဆုံးဖြတ်ပေးနိုင်မှာလားနော်။ နိုင်ငံခြား ပညာတော်သင် သွားမည့် အခါ ကာယကံရှင်ကိုယ်တိုင် က စူးစမ်း တက်ကြွမူရှိမှဘဲ အဆင်ပြေနိုင်မယ်လို့ ထင်တာပဲ။ နေရာတကာ အမေ့ကိုပဲ မေးခိုင်းလိုက်မယ်လို့တော့ ဘယ်ဖြစ်ပါ့မလဲ။ မိဘတွေကလဲ သားသမီး နောင်ရေးလမ်းမှာ က ကြီး က အ အထိ အသေးစိတ်လိုက်လုပ်ပေးနေမည့်အစား အသာလေး မှေးစောင့်ကြည့်ပြီး အကြံဥာဏ်ကောင်းလေးတွေ ပေးရင် သားသမီးတွေရဲ့ အရည်အသွေးတွေလဲ ပိုထက်မြက်လာမှာပေါ့နော်။
ဘာမှမပာုတ်ဘူး။ အန်တီတွေ ဘယ်ကျူရှင်အပ်ရမလဲ ဘယ်နိုင်ငံ လွတ်ရမလဲ လာလာမေးတာ ဖြေရတာ မောလာလို့။
ပုံ
ပုစွန်တောင်ဘုတ်ဘုတ်
Saturday, December 10, 2016
သာလှသို့ ပေးစာများ (၄)
ပဲာ့သာလှရေ
စာမရေးဖြစ်တာလဲကြာလှပြီ။ ကြီးတော်ကြီးတို့ ၊ ဂွတ်ထော်တို့ ကော သာ ရဲ့ လားပော့။
ရွာတောင်မပြန်ဖြစ်တာ ၂ နှစ်ကျော်ပြီနော်။ ဒီမှာလဲ ရုန်းရကန်ရ သေးတယ် သာလှရေ။ ကျောင်းပြီးသွားပြီ သာလှရေ။ အမေရိကား က ဘွဲ့တော့ရလိုက်ပြီ။ ကြီးတော်တို့ အဘ တို့ လဲ ပိုက်ဆံ အကုန်ကုန်သွားလောက်ပြီ။ ထားပါတော့။ ဒါနဲ့ သာလှရေ ကျုပ် အခု အလုပ်လုပ်နေပြီ။ ဆေးရုံမှာ ဆေးသုတေသန တာဝန်ခံ လို့ပဲ ပြောရမလားဘဲ။ လူနာတွေနဲ့ ဆိုတော့ ပင်ပန်းသဝေ့ ။ ကျုပ်လုပ်နေတာက ကူးစက်ရောဂါ ငှာန မှာလေ။ HIV အဓိက ထားတဲ့ သုတေသနပေါ့။ အသည်းရောင် အသားဝါ စီ တို့ ၊ Ebola Zika သုတေသနတွေလဲ ရှိတယ်ကွ။သုတေသနစမ်းသပ်တဲ့ ငှာန ဆိုတော့ အစားအသောက်နဲ့ ဆေးဝါး ကြိကြပ်ရေး (FDA) က ခွင့်မပြု ထားတဲ့ ဆေး တွေ နည်းစနစ် တွေကို သုံးပြီး စမ်းသပ်တာပေါ့။ ဥပမာ ပြောရရင် ပရာစီတမော ဆို ဆေးကွက် မရောက်ခင် လူတွေဆီမှာ ဘေးဥပါတ် ရှိ၊မရှိ စမ်းသပ်ပြီးမှ အဆင့်ဆင့် ဖြတ်ပြီးမှ ဆေးကွက်ကိုရောက်တာပေါ့နော်။ အတွေ့အကြုံတွေ ပေါ့ သာလှရယ်။ ဆေးရုံကြီးကလဲ ကောင်း ၊ သုတေသန ငှာနတွေကလဲ ရှယ်ပါပဲ။ ရွာကိုပြန်ပြီးလဲ အာရွီးလုပ်လို့ ရရင်လုပ်ချင်သေးတယ်ဝေ့ ။
အခုတော့ အိပ်ရတော့မယ်။ မနက်ဖြန် မနက်ထပြီး စာလုပ်ရဦးမယ်..စိတ်လေတယ်။ ကြီးတော်တို့ကိုလဲ သတိရတယ်လေ...ပြန်လာရင်ညဈေး မှာ သွားလွေးကြမယ်လေ။ ရွာမှာတောင် အတော်ခေါတ်မှီ နေပြီဆိုဘဲ..KFC တွေ ဘာတွေနဲ့ဆို။ ပြောရင်းတောင် ဗိုက်ဆာလာပြန်ပြီ။ စာရေးလှဲ့ဦး မောင်သာလှရေ...
အားလုံး မာပါစေစ သာစေစ
ရွာက မုန့်တွေနဲ့ အရီးတို့ကို အမြဲလွမ်းနေတဲ့
မြို့ရောက် စိုးစိုး(သရပါ) ခ ဘုတ်ဘုတ်

ဘ၀ မှာ ဘာအရေးကြီးဆုံးလဲ?
အချိန်တွေကလဲ ကုန်တာမြန်လိုက်တာ။ စာရေးမယ် ရေးမယ် ဆိုပြီး အကြွေးတွေတင်နေတာ အတော်ကြာပြီ။ ကိုယ့် Blog ပရိသတ် မရှိတာလဲပါတာပေါ့။ ထားပါတော့ ဒီနေ့ ရေးချင်တာက ခေါင်းစဉ်က အတိုင်း ဘ၀မှာ ဘာအရေးကြီးဆုံးလဲ ပေါ့။
"No one is thinking of you, which should be a relief. Do what the fuck you want! LOOK AT A TREE"
စဉ်းစားဖြစ်တယ်။ နိုင်ငံခြားမှာ ကျောင်းလာမတတ်ခင်တုန်းက ကိုယ့်အတွက် ကျောင်းရဖို့ ကျောင်းဝင်ဖို့ပေါ့နော်။ အဲ့ဒါ မတိုင်ခင် က ဆယ်တန်း စာမေးပွဲမှာ အမှတ်ကောင်းဖို့ မိဘတွေကိုဂုဏ်ထူးတွေ နဲ့ ကျေနပ်အောင် လုပ်ပေးဖို့ပေါ့။
အခု အသက် ၂၂ နှစ်ရှိပြီ။ ဒီနှစ်တွေထဲမှာ ဘာအရေးကြီးလဲဆိုတာ ပိုသိလာတာက စိတ်ကျန်းမာရေး နှင့် စိတ်ထားတတ်ခြင်းပါပဲ။ စိတ်ထားတတ်ခြင်းရယ်လို့ ဆိုတဲ့အခါ စိတ်ထားအနေမှန်ခြင်း နှင့် စိတ်ပျော်အောင် နေခြင်း ကို ဆိုလိုတာပါ။ ဘ၀ ဆိုတာက အမြဲတမ်း အပူအပင် အကြောင့်အကြ တွေနဲ့ နေနေ ရတာမလား။ ပြည့်စုံတယ်ဆိုလို့ဘယ်ရှိပါ့မလဲ။ စိတ်ကျန်းမာရေးက အတော် အရေးကြီးပါတယ်။ စိတ်ပာာ ခန္ဒာကိုယ်နဲ့ သက်ဆိုင်နေပါတယ်။ စိတ်ဖိစည်းမူ များတာနှင့် stree hormone ဖြစ်တဲ့ cortisol တွေ ပိုများလာတာပေါ့။ ကြာရှည်ဆို ခန္ဒာကိုယ်ကြီးကို ဘယ်ခံနိုင်တော့မလဲ။ စိတ်လေးငြိမ်နေမှ ခန္ဒာဝန် လဲ အေးတာပေါ့။ ကိုယ်ကလဲ အပူသမား ဆိုတော့ ကျောင်းတုန်းကလဲ ကျောင်းစာ ပူ၊ အလုပ်ဆိုလဲ အလုပ်ပူ။ ပာိုပူ ဒီပူ နဲ့ လိုက်ကို ပူ နေတော့တာပဲ။ ဒီနှစ်တွင်းမှာ ပိုသိသာပါတယ်။ ဆံပင်တွေလဲပိုဖြူ ကုန်ပြီ။ အဲ့တော့ လေ့ကျင့်ခန်း လေး လုပ်ဖို့ကို ကြိုးစားရတော့မှာပဲ။ တရားလဲထိုင်ဖြစ်အောင် ပိုကြိုးစားရဦးမယ်။
ဒုတိယ အချက် အနေ နဲ့ စိတ်နေတတ်ခြင်းမှာ အရေးကြီးတာက သူများ crap တွေကို မယူမိပေါ့ဘဲ ပေါ့နော်။ ကိုယ်တွေ အသိုင်းအ၀ိုင်းမှာက လုပ်နိုင်ကိုင်နိုင် ဦးဆောင်နိုင် " အောင်မြင်" သူတွေများတယ်ဆိုတော့ အနဲ အများ လိုင်းခတ်တာတော့ရှိတာပေါ့နော်။ ကြီးပြင်းလာတဲ့ အသိုင်းအ၀ိုင်းကလဲ နိုင်းယဉ် အသိုင်းအ၀ိုင်းကို။ ဘယ်သူကဖြင့် MBA၊ ဘယ်သူကဖြင့် PhD ဆိုပြီး ခိုင်းနိုင်းကြတဲ့ အသိုင်းအ၀ိုင်းလေ။ အဲ့တော့ inferiortiy complex ပိုရှိတဲ့လူတွေက depression တွေပါတွေ ရကြတာပေါ့။ အဲ့တော့ ဘယ်သူဘာပဲ လုပ်လုပ် ကိုယ့်ဘာသာ ကိုယ် ပဲ အလေးထား ပြီး လုပ်ရမှာပါပဲ။ အပြောလွယ်တလောက် အလုပ်ကတော့ခက်တာပါပဲ။ Social Media တွေက လဲ pressure ရတာပါပဲ။ ကိုယ့်စိတ်ကျန်းမာ ဖို့တော့ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး လုပ်ရမှာပဲနော်။
မဆုံးနိုင်သော ဘ၀ရထားကြီးမို့ မနားတမ်း စီးနှင်းလိုက်ပါရမှာပါပဲ။ အဲ့ရထား ပေါ်မှာ ဘယ်လိုသက်တောင့်သက်သာ အဖြစ်ဆုံးသွားရမလဲ ဆိုတာပဲ အရေးကြီးတာပါ။ အကြိုက်ဆုံးစာသားလေးနဲ့ပဲ အဆုံးသတ်လိုက်တော့မယ်နော်။
"No one is thinking of you, which should be a relief. Do what the fuck you want! LOOK AT A TREE"
Tuesday, August 23, 2016
ရောက်တတ်ရာရာ
ငယ်ငယ်က ၀ါသနာ ပါတာက စာဖတ်ခြင်း။ ဒီဝါသနာ က မီးတွေဘာတွေ ပျက်လို့ ပိုကြီးလာတလဲ ပါမယ်။ မီးပျက်တော့ စာအုပ်ဖတ်တယ်။ အစ်ကို က လဲ စာအရမ်းဖတ်တော့ သူဖတ်တာတွေလဲ လိုက်ဖတ်တယ်။ အဖေကလဲ တစ်ထောင့်တည ပုံပြင်တွေ ၀ယ်ပေးတယ်။ အဖေ့ အသိတချို့ က စာပေဖြန့် ဖြူ ရေး လုပ်တော့ ကျန်းမာရေးစာအုပ်တွေ အလကားရတယ်။ နားမလည်ဘဲလဲဖတ်ခဲ့တာပဲ။ ပထမဆုံး ၀တ္ထု က မင်းသိင်္ခ ရဲ့ မတတ်ပ ထင်တယ်။ ကြိုက်မိတယ် ဇာတ်ဆောင် နဲ့ အရေးအသားကို ။ အဲ့ ခေတ်အခါက အမျိုးသားစာရေးဆရာ တစ်ယောက် က အမျိုးသမီးတစ်ယောက် ကို အသားရေး တာ သိပ်မရှိဘူးလေ။ မတတ်ပ ကိုတော့ သဘောကြတယ်။ တော်လို့ ဘာမဆိုလုပ်နိုင်တယ်ဆိုပြီး သန်မာတဲ့စိတ်ဓါတ်ရှိလို့။ ဒီလိုနဲ့ပဲ စာဖတ်ခြင်းကို သဘောကြခဲ့တယ်ပေါ့။ စာဖတ်ရင်း အာရုံဖော်ရတဲ့ အရသာ ကိုကြိုက်တယ်လေ။ ဒါနဲ့ပဲ ဘ၀ သရုပ်ဖော် စာရေးဆရာမ တွေဖြစ်တဲ့ မိုးမိုး(အင်းလျား) တို့၊ မစန္ဒာ တို့ အရေးအသားတွေ နဲ့ ရင်းနှီးခဲ့တယ်ပေါ့။ စာမေးပွဲ နီးလေ ၀တ္ထူ တွေပိုဖတ်ဖြစ်လေပဲ။ ၁၀ တန်း တုန်း က ဆို စာစီစာကုံး ရေးရင် ၀တ္ထု ထဲက ပာာတွေ ထည့်ရေးတယ်။ အဲ့ဒါကြောင့် မြန်မာစာ ဂုဏ်ထူးရသွားတာလား မသိဘူး။ ထားပါတော့။ အသက် လဲ နဲနဲ ကြီးလာကော ကိုယ်ကြိုက်ခဲ့တဲ့ ဇာတ်ကောင် အထူးသဖြင့် မစန္ဒာ ဇာတ်ကောင် တွေ ကို သဘော မကျလာတော့ဘူး။ တချို့ တွေ ကို အားငယ်တတ်လို့ ဆိုပြီး သဘော မကျဘူး တချို့ကျတော့ မြန်မာဗလေ့ထဲမှာဘဲ နစ်နေတယ်ဆိုပြီး ကြည့်လို့မရ။ စိတ်ဆိုတာလဲ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး ပြောင်းလဲတတ်သား။ အခုတော့ မြန်မာစာ နဲ့ အလှမ်းဝေးတာ ၄ နှစ်။ စာရေးချင်တဲ့ စိတ်က တော့ တစ်ခါတစ်ခါ တစ်ရေးနိုးလာတယ်။ ၉ တန်းလောက်တုန်း က ကိုယ်ရေးခဲ့တဲ့ ၀တ္ထု လေးတွေ ပြန်ရှာတွေ့ရင်လဲ မိုက်မယ်။ စာရေးခြင်း စိတ် ဆိုတာလဲ mood ၀င်မှ။ ရောက်တာရာရာတွေရေးမိပြန်ပြီ။
ဖြစ်တည်လာသော ခံစားချက်များ
နူးညံတဲ့ နှလုံးသား တစ်စုံ နဲ့ မွေးဖွားလာခဲ့တယ်။ ညင်တာတဲ့လက်အစုံ နဲ့ နွေးထွေးတဲ့ အသိုင်းအ၀ိုင်းမှာ ကြီးပြင်းတယ်။ ခံစားချက်တွေကို အာရုံခံတတ်တယ်ပေါ့။ အချိန်တွေကြာလာတော့ အနှောင်အဖွဲ့ တွေက ရှေ့တိုးမူကို နှောင့်နေးစေနေသလိုပဲ။ ခံစားမူမရှိတဲ့ စက်ရုပ်တစ်ရုပ် ဆို အရမ်းကောင်းမှာပဲ။ အနှောင်အဖွဲ့တွေကို လက်မခံချင်ဘူးလေ။ ချစ်ခြင်း၊ မုန်းခြင်း၊ သာယာမက်မော်ခြင်း၊ သနားခြင်း စတဲ့ ခံစားချက်တွေ ကို အနှောင်အဖွဲ့တွေကဖြစ်စေတာလေ။ ဆုံးဖြတ်မိတယ်။ ကောင်းကင်က သာနေတဲ့ လမင်းကြီးကို ကြည့်ရင်း။ ခံစားတတ်တဲ့ နှလုံးသားကို ရပ်တန့်စေပါလားလို့။ သူပေးခဲ့တဲ့ ခရုခွံ လိုက်ကာလေးတွေက လေမှာလွင့်လို့။ ကိုယ့်ရဲ့ လက်တွေကတော့ ပေါ်လာတဲ့ ခံစားချက်များနှင့် အတူ piano ကီးဘုတ်များပေါ်မှာ စီးမျောလိုက်ပါလေရဲ့။
မာဂရတ်
ကိုယ့်နာမည် က မာဂရတ်
အသက် က ၈၀ ကျော်
ခုချိန်ထိ သန်တုန်း မြန်တုန်း
ကြောင်သုံးကောင်နဲ့နေတယ်
အလုပ်က clinical သုတေသန coordinator
ညနေဘက်ဆို Scotch သောက်တတ်တယ်။ ကြောင်မကြီး berry က ည ည ဆို ခေါင်းပေါ်တက်ပြီး ဇိမ်ခံတတ်တယ်။ ပာို mochi ကောင်ကတော့ သူ့ paws လေးတွေနဲ့ ပွတ်ပေးတတ်တယ်။
ညဘက်ဆို ကိုယ်က ကြောင်တွေနဲ့ရုပ်ရှင် ကြည့်တာပဲ။
မနက်ဆို ၄နာရီ ခွဲထတယ်။ အလုပ် ကို ၇ နာရီ ရောက်ကောပဲ။ ဘစ်ကားစီသွားတယ် အလုပ်ကို။ ကားပေါ်မှာ crossword ဆော့ပြီး အလုပ်သွားတယ်။
အသက် ၈၀ ဆိုပြီး အထင်မသေးနဲ့။ ကိုယ်က အလုပ်မှာ အကြီးဆုံး၊ crazy အဖြစ်ဆုံးလို့ လဲ ပြောကြတယ်။ ဂရုမစိုက်ပါဘူး သူများပြောတာာ။ အသက်ကြီးပြီ။ သူများပြောတာတွေ ဂရုမစိုက်နိုင်ဘူး
ကိုယ်က အပျို ကြီး၊ လူတစ်ယောက်ကို အားကိုးပြီး လူတစ်ယောက် ရှိမှ နေရမယ် ဆိုတာကြီး ကို မကြိုက်လို့ ကြောင်တွေနဲ့နေတာ။ စိတ်ချမ်းသာတယ်။ တစ်နေ့တစ်နေ့ အလုပ်သွားတယ်။ လုပ်စရာရှိတာတွေလုပ်တယ်။ သောကြာနေ့ဆို ထီ ၅၀ ဖိုး ထိုးတယ်။ ပေါက်တဲ့အခါလဲပေါက်တယ်။
နေ့လည်စာကို ၁၁ နာရီ လောက်ဆိုစားပြီ။ ကိုယ်က အစားအသောက် တော့ ကောင်းကောင်းစားတယ်။ ကျန်းမာစွာ စား တယ်။ ဒိန်ချဉ် အသီး အစုံပဲ။ အချိုတော့ ကြိုက်တယ်။ ကွတ်ကီး သကြားလုံး ဆို အသေကြိုက်။ ရုံးမှာ လာမလု နဲ့။ မပေးဘူး။ ကိုယ်ပဲစားမှာ ကိုယ်က ကြိုက်တာကိုး
သူများတွေများ အသက် ၆၀ လောက် နဲ့ ပင်စင်ယူပြီ။ ကိုယ်တွေက တော့ အဲ့လိုမနေချင်။ အခု ဆေးရုံမှာ လုပ်တာ ၁၁ နှစ်။ ပာိုးအရင် က ကိုယ်က Chemistry တွေ ဘာတွေ သင်ပေးတဲ့ဆရာမ။ Chemistry ကို ကြိုက်တယ်။ တိကျရတယ် အပိုအလို bullshit လုပ်လို့မရလို့။ ကိုယ် က Church မှာလဲ အသင်းဝင် နော်။ ကိုယ့် အပေါင်းအသင်းတွေ တော့ မရှိတော့ဘူး
အသက်ကြီးလာပြီဆိုတာသိတယ် အသက်ကြီးသွားပြီဆိုပြီး သတ်မှတ်ချက်တွေ နဲ့ သူများတွေလို ကိုယ်မနေချင်ဘူး
မာဂရတ် တစ်ယောက် ကြောင်သုံးကောင် နဲ့ ပဲဘ၀ ဆုံးတော့မယ်လို့ ပြောချင်လား။ ကိုယ့်ဘ၀မှာ မိန်းမ တစ်ယောက် ဖြစ်ပြီး ယောင်္ကျားတွေနဲ့ တန်းတူ အသက်၈၀ ကျော် အထိနေ လာပြီးပြီ။ ကိုယ်ပြောပါတယ်။ လူတစ်ယောက်ရှိမှဖြစ်တဲ့ ရပ်တည်မူ မျိုးကို ကိုယ် မလိုအပ်ခဲ့ပါဘူးလို့
မီးပျက်တဲ့ အခါ မှာ မာဂရတ် က ကြောင်သုံးကောင် နဲ့ အောက်ဆင်းထိုင်တတ်တယ်။ သူစိမ်းတွေက မာဂရတ် ကြောင်လေး တွေကို သဘောကြရင် မာဂရတ်လဲ သဘောကြတယ်။ လာမယ့် မတ်လ ဆို မာဂရတ် ၈၁ ပြည့်ပြီ။ ထမင်းစားရင်းလဲ crossword တွေ ဆက်လုပ်နေမှာပဲ။ ရုံးက ထိုင်ခုံအိုကြီးက လဲ ရုံးခန်း အလည်မှာ ရှိနေအုံးမှာပါပဲ။

Tuesday, July 26, 2016
Post-Grad Life
May 7,2016
I graduated from Earlham College with a Bachelor's degree in Neuroscience. My parents and my uncle family were able to attend my graduation. I am so happy that my parents got a chance to come to the United States and experienced the western culture and different dynamics. Time flies. My parents left me in June. My post-grad life began.
June
My uncle was sick. He was diagnosed with hepatocellular carcinoma last year this time, and now, in hospice care with stage 2 lung cancer. Family grieved. Dying is not easy. It's a learning experience. My life moved on. I moved to Philadelphia. I found an apartment in West Philly - close to U Penn, pretty safe, cheap but a nice house. I am lucky that everything goes smoothly for me. I got a job, got departmental and college honors, and I work at the most prestigious place - University of Pennsylvania. Did I mention that I have been on two blind dates?
This is a year of exploring what's out there! A year that I will discover my love, develop new skills, most importantly, grow to be a better person. Now, I am gonna get back to work.
Hospital of University of Pennsylvania
7/26/2016

Journal in English,
Random,
Random Thoughts,
US,
Work
Friday, May 20, 2016
Graduation Class of 2016
I cannot even express how I am thankful for the emotional, financial and any kind of support from my parents (Tin Win and Min Zaw Oo), family,(Pwar Pwar, and Ko gyi U San Naing Oo) professors, friends (Dianne Montiel (most special one), Chungdhak Jhaming Tsang, Sonia Kabra) and relatives. Withoud my parents, I will not be here who I am today. I love you <3. I came to Earlham with a ray of h ope to look out for an answer of "how shall I live?". Earlham has provided me an opportunity to discover myself, my passion, and most importantly the importance of genuinity and honesty. I am proud of our class of 2016 and am looking forward to meeting each of you at one point in life.
Thank you Ko Chris Lee for all of your help and support for my parents and uncle couple to be able to attend my graduation. Thank you, Ko Gyi. During those four years, there are two important persons, Aunty Hmwe (also Baba Robert) and Miemie Khin Lay(also U Khin Maung Lay), who always help me with anything I need. And Ko Poe Thar for always being the best. Thanks to Aunty Cynthia Lee (also Ko latt )for always helping me with shopping, money transfer and good advises. Thank you, all.
This is not the end but the beginning! Entering adulthood with love, peace and justice ...
Emy Smith (Biology) and Kathy Milar (Neuroscience) with my parents
Saturday, April 9, 2016
ယနေ့ခေါတ်လူငယ်တွေရဲ့ မလွယ်လှတဲ့ အချစ်ရှာဖွေရေး ခရီးကြမ်း
Maslow's hierarchy of need မှာ ပြ ထားတဲ့ အတိုင်း အချစ် (သို့မပာုတ်) သံယောဇဉ်၊တွယ်တာမူ ပာာ လူတွေရဲ့အခြေခံလိုအပ်မူတွေရဲ့ တတိယ နေရာမှာရှိပါတယ်။ အချစ်နှင့် တဆက်တည်း sex ကတော့ ပထမ လိုအပ်တဲ့ ထဲမှာပါပါတယ်။
ယနေ့ခေါတ် မှာ right person ကိုရှာရတာ ခက်တယ်လို့ဆိုရမှာပါပဲ။ အထူးသဖြင့် အနောက်တိုင်း နိုင်ငံမှာ နေနေတဲ့လူငယ်တွေ အတွက် ပိုခက်လာပါတယ်။ Dating က လွယ်တယ်လို့ထင်ရပေမယ့် တည်မြဲတဲ့ sustaintable relationship ရဖို့ ဆိုတာကတော့ တကယ်ကိုမလွယ်ပါဘူး။ sexual need နဲ့ realtionship need တွေက ယနေ့ခေါတ်မှ လူငယ်တွေ ပိုလိုအပ်လာပါတယ်။ အရင်တုန်းကလို အမေက ပေးစားလို့ အဖေက သဘောတူ လို့ဆိုပြီး လက်ထပ်ကြရတဲ့ ခေါတ်က ကုန်သွားပြီလေ။ ကြိုက်တဲ့လူတွေ့ရင်ဆိုရင်တောင် မှ လက်ထပ်ဖြစ်မယ်ဆိုတာ မလွယ်တော့ပါဘူး။ အထူးသဖြင့် long distance relationship ဆို ထိန်းသိမ်းဖို့ ပိုတောင် ခက်ပါသေးတယ်။
နောက်တခုက ယနေ့ခေါတ်မှာ သမာရိုးကျ ချစ်သူရှာတွေ့တယ်ဆိုတာ နဲပါးသလောက် ရှိပါပြီ။ အင်တာနက်ပေါ်မှ ရည်းစားရှာတဲ့ခေါတ် ကို ရောက်နေပါပြီ။ Tinder တို့ OkCupid တို့ meetme တို့ မသုံးတဲ့လူဆိုတာ မရှိသလောက်ပါဘဲ။ တချို့တွေကလဲ အွန်လိုင်းပေါ်မှာတွေ့ အပြင်မှာdate ပြီး အဆင်ပြေသွားကြသလို အများစုကတော့ date လောက်ပဲ လုပ်လိုက်ကြပြီး ရှာမြဲရှာဆဲ ဘ၀ ကိုပြန်ရောက်သွားကြတာပါဘဲ။ တချို့ ကံကောင်းတဲ့လူတွေကြလဲ one night stand ကနေ every night stand ဖြစ်သွားတာတွေလဲ ရှိပြန်ရော။
တချို့တွေကလဲ ပြောကြတယ်။ right person ဆိုတာ ရှာစရာမလိုပါဘူး ရောက်လာမှာတဲ့၊ အရမ်း optimistic ဖြစ်တဲ့ လူတွေပြောပါတယ်။ ဒါပေမယ့်လေ အသက် ၂၀ အတွင်းမှာ လုပ်စရာတွေအများကြီးပါ။ လူတစ်ယောက်ကို အချိန်ကုန်ခံ ရှာပြီးနေရမယ့် အသက်မပာုတ်ပါဘူး. အသက် ၂၅ ကျော်ရင်တော့ တမျိုးပေါ့။ Every attachement is suffering တဲ့။ အခုအချိန်မှာ ကိုယ် လက်တွဲမယ့်လူ ရှာမတွေ့တာလဲ စိတ်ညစ်ရမယ်တော့ မပာုတ်ပါဘူး... physical need ဖြစ်တဲ့ sex နဲ့ social need ဖြစ်တဲ့ relationship က လိုတာ မှန်ပေမယ့် အဲဒီ need တွေကို ကိုယ်စိတ်သန်တဲ့အရာ၊ကိုယ်ဝါသနာရယ်၊လေ့လာမူတွေရယ်၊ ရှာဖွေမူအသစ်တွေ နဲ့ အစားထိုးလို့ရတာပါပဲ။ အချစ်ဆိုတာလဲ ဆန်းကြယ်တဲ့စိတ်ခံစားမူနော်။ ကိုယ်က လူတစ်ယောက် နဲ့ ပါတ်သက်မူရင် ခံစားရတာပါပဲ၊ ပျော်ရွင်သည်၊ ၀မ်းနဲသည်၊ မဆုံးရူံးဆုံးချင်သည်၊ စသည်ဖြင့် ပူလောင်ရသည်ပေါ့။ physical attachment ဖြစ်ရင်ပိုဆိုးတာပဲ။.
နောက်ဆုံးပြောချင်တာကတော့ လူတစ်ယောက် နဲ့ တွဲတယ်ဆိုတာ ပာိုခေါတ်ကလောက် မလွယ်သလို ၊ single ဘ၀မှာ နေနေရာတာလဲ လွတ်လပ်ခြင်းတခုပါပဲလို့ ။ right person က ရောက်မလာလဲ ကိုယ့်ဘ၀နဲ့ ကိုယ် ခွေးတွေ ကြောင်တွေ နဲ့ပဲနေလို့ ရတာပါပဲ။ ခွေး ကို pet လုပ်ရင်လဲ ချစ်ချစ်နဲ့ hug ရသလို ပဲ Oxytoxin (Bonding hormone) ထွက်တာပါပဲ။
လူဆိုတော့လဲ လိုအပ်ချက်တွေက အများသား။

Sunday, December 27, 2015
Philadelphia အမှတ်တရ တချို့
ဒီပုံလေးက ကျွန်တော် PHMC မှာ internship လုပ်ခဲ့တုန်းက လူနာ များနဲ့အမှတ်တရ ပုံလေးပါ။ မှတ်မှတ်ရရ ဆီးချို လူနာများ အတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာ များဝယ်ယူရန်အတွက် Chinatown field trip ကို ခေါင်းဆောင် ခေါ်ယူ သွားစဉ်က ဖြစ်ပါတယ်။ Public Health Management Corporation ပာာ Philadelphia မြို့မှာ အကြီးဆုံး Public Health အဖွဲ့အစည်းဖြစ်ပြီး branch တစ်ခုဖြစ်တဲ့ Care Clinic ပာာ underserved population, ဆင်းရဲ ချို့တဲ့သော လူနာများကို primary care ဖြင့် ကူညီပံပိုးနေသော ဆေးခန်းလေး တစ်ခုဖြစ်ပါတယ်။ ကျွန်တော်က Diabetes Academy ဆီးချိုပညာပေး သင်တန်း နှင့် Diabetes Community Events များဖြစ်တဲ့ ဆီးချိုလူနားများ အတွက် သင့်လျှော်တဲ့ programs များ ဖြစ်မြောက်အောင် တာဝန်ယူဆောင်ရွက်လုပ်ကိုင်ပေးခဲ့ပါတယ်။ underserved population က လူနာ များ နှင့် ဆက်ဆံ ရာတွင် အစ ပိုင်းမှာ အခက်အခဲ အချို့ ရှိခဲ့ပါတယ်။ သူတို့ဖြစ်သန်း လာတဲ့ ဘ၀ ခရီးတွေက ကြမ်းတမ်းတာရယ် low socioeconomic status ဆိုတော့ ပညာရေး၊ကျန်းမာရေး နှင့် အလုပ်အကိုင် အဆင်မပြေမူ တွေ ကြောင့် စရို က်များ နဲနဲ ကြမ်းတယ် လို့ ဆိုရမှာပါဘဲ။ ဥပမာ Diabetes Academy မှာ ဆီးချို ဆိုင်ရာ ဗပာုသုတ များ သင်ကြားနေချိန် အတွင်း စကားဖြတ်ပြောခြင်း၊ ဖုန်းများ အကျယ်ကြီးထပြောခြင်း၊ အချင်းချင်း လေးစားမူမရှိခြင်း၊ အော်ပာစ် ပြောဆို အငြင်းပွားခြင်း အစ သဖြင့် ပြူ မူ ကြသည်မှာ မူကြိုကလေး များသဖွယ် ပါပဲ။ ကလေးတွေဆို လဲ အော်လိုက် ခြောက်လိုက်လို့ရသေးတယ်။ အခုက အဖေ အမေ အဘိုး အဘွား အရွယ် တွေဆိုတော့ ဘယ်လိုထိန်းရမလဲဆိုပြီး ကျွန်တော် နဲ့ ကျွန်တော့် supervisor အတော် ခေါင်းစားခဲ့ကြရပါတယ်.. ဘာလို့များ အခြေခံ အသိတရားမရှိရတာလဲ ဆိုပြီး... ကျွန်တော်တို့ သတိမထားခဲ့တဲ့ အချက် က သူတို့ရဲ့ mental health issues များ ဖြစ်တဲ့ အလွယ်တကူ စိတ်ပျက်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်မပျှော်ခြင်း ၊ အစ သဖြင့် စိတ်ပိုင်းဆိုင် ရာ အခြေအနေ တွေကို မေ့လျော့ ထားခဲ့တယ်ပေါ့။ ကိုယ့်ရဲ့ own privilege (အခွင့်အရေးလို့ဘဲ ပြောရမလား) ကို သိမြင်ခဲ့ ရ တယ်။ ဘယ်လို ဘဲ ပေါင်းရ သင်းရ ခက်ခက် စရိုက် ကြမ်းကြမ်း သူတို့ တွေ က ရိုးသားပွင့်လင်းစွာ ပြောဆိုတတ်ကြတာ ကတော့ ပာန်ဆောင်မူ များနှင့်
ပြည့် နှုက်နေသည့် ယနေ့ခေါတ် မှာ တော့ အဖိုးတန်တဲ့ အရာ တစ်ခု မပာုတ်ပါလား။ တခါကဆို တရုတ်တန်း ခေါ်သွားသည့် နေ့ က အာဖရိကန်အမေရိကန်လူမျိုး အဒေါ်ကြီးက ပဲာ့ ဒါ နင်တို့ လူတွေပေါ့ဆိုလို့ ဘာပြောရမလဲ တောင် မသိခဲ့ရပါဘူး race လူမျိုးရေး ကတော့ အမေရိကား မှာ နေ့စဉ် နှင့်အမျှ တွေ့ကြုံ နေရတဲ့ ရူပ်ထွေးလှသည့် ပြဿ နာ တစ်ရပ်လို့ ပဲပြောပါရစေ။ ဘာတွေ ဘဲဖြစ်ဖြစ် အလုပ်သင် ကာ လ ခနတာ အချိန်အတွင်းမှာ service ပေး သူ၊ service ရယူသူ ထက် ပိုတဲ့ သံယောဇဉ် ဖြစ်ခဲ့ရတာဆိုတာတော့ ဒီပုံလေးကပဲ သက်သေပြလိုက်ရပါတယ်။
| Diabetes Academy Cohort 5 |
| Supervisor နှင့်အတူ တရုတ်တန်း ဈေးဝယ်အပြီး ဆီးချိုနဲ့ တည့်တဲ့ Smoothie လုပ်ပြကြစဉ်- Community Event 5 |
Labels:
Internship,
Philadelphia,
US
Richmond, Indiana
Pennsylvania, USA
Saturday, December 19, 2015
Journal 5 - Life in Philadelphia
I always thought that off-campus program would be so much easier than regular school semester. Believe me, it is not! Working full time from 9 to 5 is pretty tiring, plus evening student worker shift and evening class. Some days, I would get home by 10 or 11 pm if I had to study at coffeeshop afterward. My two internships are good but I am not that excited anymore. My mood swings are like a roller coaster and currently, they are downward, maybe mainly because of my recent health problems.
In this Journal, I want to talk about how I recognized some of my privileges through my internship experience. Let me start off with my internship experience at PHMC care clinic which provides primary care for underserved population. My supervisor established Diabetes community including Diabetes Academy education program and community events at PHMC care clinic. During my time at PHMC, I got an opportunity to plan and organize Diabetes Academy classes and its community events. I got a chance to meet people from different background with various health problems. My first impression on the patients was “Wow, they are really hard to deal with.” During the class, some of the patients would interrupt when someone’s talking, answered their phone loudly, got mad at the educator for not giving them the chance to ask questions ( they asked a lot of questions and there’s no time for all of the questions within one hour of class), so on and on. I was frustrated that patients did not pay respect to the educator and their classmates, so was my supervisor. One day, I and my supervisor talked about how they do not have basic manners and morality. And my supervisor said that some of the patients had mental issues and they are easily irritable because of their background and health issues. I did not think about their emotional instability due to what they went through in their life. I recognized some of my privileges by communicating with our patients at PHMC. Recognizing my privileges changed some of my perspectives on patients. I try to be more patient and flexible with some of the patients. I start listening to their voice and trying to get to know their life. They are very honest. That’s one thing I cannot find easily in this world. They tell me what they don’t like or what they like. There’s no pretentious attitude. They are ordinary people who have certain hatred, anger, jealousy and ego. They also have certain love kindness, and generosity. Working with underserved population is not easy. But, I feel pure joy and satisfaction when I am trying to help their life improve. I am very happy when our patients’ A1C ( average blood sugar measurement for the past two to three months) go down. During my internship at PHMC, I took them to chinatown, showed them the cheapest grocery store that has fresh fruit and vegetable and showed them how to buy and eat healthy. We all had a great time. During the trip to chinatown, I remember when one of the patients asked me “ is this where your people are?” I gave her a big smile. There is no supremacy or prejudice between us. I am Burmese (who’s usually seen as Chinese), they are mostly black, some are spanish, some are white. We provide the service and they appreciate it. We share good things and bad things. We celebrate our imperfections and differences. I wish the world will be that simple. But, it is not.
The field trip to chestnut hill gave me a lot thoughts about difference and inequality. I cannot imagine how I will survive long hours on bus to get education. However, compared to thousands of children in Myanmar who cannot go to school and are used as child laborers, the kids I have seen on the bus have their own privileges. And, I see the fluid concept of privilege.
Chinatown field trip & Smoothie Day
| Our Diabetes Academy Graduation |
Labels:
College,
health,
Internship,
Journal in English,
Off-campus,
Philadelphia,
US
Sunday, October 18, 2015
Journal 3 - Life in Philadelphia
Week 6 - 09/17/2015
![]() |
| Student Intern at U Penn AIDS Clinical Trial Unit :) |
To sum up, I have been very busy with two internships, two classes and one job. I am happy with my busy schedule. I turned 21 on Oct 4 ( I am so legal now) and my supervisor from PHMC took me out for dinner and surprised me with BD cake. I am very glad that all of my supervisors are treating very nice to me. I wish I can stop the time so that I can enjoy the city as much as I want.
Labels:
College,
Internship,
Journal in English,
Off-campus,
Philadelphia,
US
Journal 1 - Life in Philadelphia
Week 2 - 09/08/2015
The city welcomed me with its historic buildings and busy bees in town. I have been in Philly for only 9 days. The last week was hectic and chaotic with house hunting, move-in and orientation. I have learned a lot from first week - meeting new people, learning how to talk to them, getting to know who they are and what they like or don’t like, is interesting indeed. I am also happy with my apartment, and I am glad that everything goes smoothly so far.
The orientation definitely broke the ice between students. The orientation also highlighted the differences within group. I came from a very small Quaker liberal arts college and I felt different from others. I remember this feeling of feeling different when I first came to the United States to pursue a degree. People are different - different race, language, religion, value, political views, personality traits, etc. The orientation week reminded me that I have been living in my comfort Zone, which is Earlham, for three years. I personally think that my school does not really prepare for me to face the real world. Things work differently in real world setting. We are taught to think as an Earlhamite and trained under principles and practice. Respect for persons, integrity, a commitment to peace and justice, simplicity, and consensus (community decision-making), I hig
hly doubt that I will find all of these values here. As I mentioned, things work differently in real world setting. But, I am ready to throw myself into the real world, exploring myself and others. I am ready to adjust myself to the city, listen to different opinions and get out of my comfort zone.
![]() |
| Philadelphia City Hall - Center City |
Getting out of my comfort zone includes taking social science classes and talking about the topics that I am not familiar with. The program requires students to take one city seminar and one elective class, which are absolutely not Natural Science classes. I had to take freshman seminar in college and we talked about how human right is portrayed in art and literature. It was an interesting class but I did not feel my adrenaline rush as I was dissecting on human cadaver in Anatomy and Physiology classes. Talking about how the epigenetic mechanisms or therapeutic approach of neurodegenerative diseases gives me pure happiness. I am not a nerd but I love life science. This semester is going to be different from other semesters. I am excited to experience Experiential Learning. I am excited to learn how to make meaning out of experience. In first class, we talked about race, which is the topic we do not really talk about at home, Myanmar.
What is Race? I read about race in one of the readings that race cannot be defined in a single way. Race is usually defined by phenotypes, social construction, as an ethnic group, as a status, as racial formation and by self-definition. It makes sense to define race by six aspects. In biology, there is no such race. As we know, DNA (deoxyribose nucleic acid) are building blocks of our lives, making become who we are and what we look like. There are thousands for genes responsible for our phenotype (physical features). We cannot go to DNA sequences and identify them as black or Asian or white. White person may have some black phenotypes due to mutations in specific genes. So, do we consider white with black phenotype as white? In addition, there are questions to ask, why African American tend to have chronic diseases such as cardiovascular diseases, hypertension, stroke, etc? Why African American are pain intolerant compared to Caucasian and others? Why are birth defects commonly found in Hispanic community? Even though race does not exist in molecular level, it does exist in macro level. Thus, It is important to understand the trend of racial groups in terms of their socioeconomic status and lifestyle. After all, environment and nutrition shape our genes. That being said, being black or latino or hispanic does not mean that they are genetically vulnerable. Where they grow up, what they experience and their lifestyle determines their state of physical, mental and social well being. For example, one black person face racism in daily basis which provokes anxiety and stress for him. Anxiety and stress are known to be major contributing factor of obesity and chronic diseases. It is important to understand that there is no human subspecies and such racial genetic vulnerability. Our genes are altered by our ancestors, lifestyle and environment.
It’s challenging for me to have social and political conversation about race, which I consider the sensitive topic. I am looking forward to expanding my horizon and learning new things from experiencing experiential education. I am grateful and thankful for this opportunity in college life of living independently in city, working full time and meeting new people.
To sum up, I am learning everyday to stay positive and be better me. One of my fear is that not getting most out of the program. I can’t wait to start my internship and to have my regular routine.
Labels:
College,
Journal in English,
Off-campus,
Philadelphia,
US
Philadelphia - City of brother love
![]() |
| My bed in my room (my first apartment) |
![]() |
| Chinatown on Arch Street- my second home |
![]() |
| My first time in gay bar - too bad, I did not find any good one |
![]() |
| All the love from home, family and friends <3 |
One of the oldest street in the United States
![]() |
| Center City in Philadelphia |
![]() |
| One of the most beautiful streets in Gayborhood in Philadelphia |
![]() |
| Rittenhouse Square - where I usually go read on the bunches |
![]() |
| The view from my room |
Labels:
College,
Off-campus,
Philadelphia,
Photostory,
US
Monday, February 3, 2014
US News Colleges
US news college section မှာ အမေရိကားမှအကောင်းဆုံးကျောင်းတွေကို
category ခွဲပြီး list လုပ်ထားပေးပါတယ်။ Best Liberal Arts College, Best
National University ရယ်ဆိုပြီး list နှစ်ခုထဲက ရှာဖွေနိုင်ပါတယ်။
လူတော်တော်များများက liberal arts college နဲ့ National University ကို ခွဲခြားမသိကြပါဘူး။
Liberal arts ဆိုတာ National University တွေလို လေးနှစ်တက်ရတာပါပဲ။Liberal arts college တွေက Private colleges တွေများကြတယ်။အဓိက ကွာသွားတာက Liberal arts ကျောင်းတွေက National University တွေထက် ပိုသေးတယ်၊ လူပိုနည်းတယ်၊ စာသင်ခန်းတစ်ခန်း ကို လူ ၁၅ ယောက် ၂၀ လောက်ပဲရှိပါတယ်၊ အများအားဖြင့် residential ဖြစ်တယ်၊ ဘာကိုဆိုလိုတာလဲ ဆိုတော့ ကျောင်းဝန်းအတွင်းမှာပဲနေကြပြီး၊ မတူညီတဲ့ ယဉ်ကျေးမူ၊ဘာသာစကား၊ အမြင်တွေကို လေ့လာကြတယ်၊ နောက်ဆုံး National University နဲ့ မတူတာကတော့ liberal arts college အများစုမှာ general education requirement ဆိုတာရှိတယ်။ liberal arts college က ကျောင်းသားတွေက ဒုတိယနှစ်ပြီးတဲ့အထိ ကိုယ်ကြိုက်တဲ့ဘာသာရပ်တွေက သင်ကြားပြီး major အတွက်စဉ်းစားကြတယ်။ Major ကိုလည်း ဒုတိယနှစ်ပြီးမှ ဆုံးဖြတ်ခွင့်ရှိပါတယ်။
National University ကတော့ အစိုးရပိုင်များတယ်၊ ကျောင်းတွေက ကြီးတယ်၊ ကျောင်းသားဦးရေ ထောင်သောင်းချီပြီးရှိတယ်၊ Undergraduate သာမက graduate students တွေလဲရှိကြပါတယ်၊ စတက်ရောက်ကတည်းက ကိုယ့် major ကို foucs ထားပြီး အတန်းတွေယူကြရတယ်၊ အတန်းတွေကကြီးတော့ professor ရဲ့ attention ကို liberal arts college တွေက လိုတော့ဘယ်ရ ပါ့မလဲ။ Harvard တို့ Yale တို့ က National University တွေထဲမှာပါတာပေါ့။
ဒါဆို US News College section က နေ ranking အမြင့်ဆုံးကနေ စပြီး list လုပ်ထားတဲ့ ကျောင်းလေးတွေကို ကြည့်ပြီး dream schools တွေ list လုပ်၊ ကြိုက်တဲ့ကျောင်းလေတွေ profile ဖတ်၊ safety schools ဆိုပြီး အမှတ်အသားလေးတွေ စလုပ်ကြည့်ပေါ့နော်၊
Somatic Consulting

Subscribe to:
Posts (Atom)