ပဲာ့သာလှရေ
စာမရေးဖြစ်တာလဲကြာလှပြီ။ ကြီးတော်ကြီးတို့ ၊ ဂွတ်ထော်တို့ ကော သာ ရဲ့ လားပော့။
ရွာတောင်မပြန်ဖြစ်တာ ၂ နှစ်ကျော်ပြီနော်။ ဒီမှာလဲ ရုန်းရကန်ရ သေးတယ် သာလှရေ။ ကျောင်းပြီးသွားပြီ သာလှရေ။ အမေရိကား က ဘွဲ့တော့ရလိုက်ပြီ။ ကြီးတော်တို့ အဘ တို့ လဲ ပိုက်ဆံ အကုန်ကုန်သွားလောက်ပြီ။ ထားပါတော့။ ဒါနဲ့ သာလှရေ ကျုပ် အခု အလုပ်လုပ်နေပြီ။ ဆေးရုံမှာ ဆေးသုတေသန တာဝန်ခံ လို့ပဲ ပြောရမလားဘဲ။ လူနာတွေနဲ့ ဆိုတော့ ပင်ပန်းသဝေ့ ။ ကျုပ်လုပ်နေတာက ကူးစက်ရောဂါ ငှာန မှာလေ။ HIV အဓိက ထားတဲ့ သုတေသနပေါ့။ အသည်းရောင် အသားဝါ စီ တို့ ၊ Ebola Zika သုတေသနတွေလဲ ရှိတယ်ကွ။သုတေသနစမ်းသပ်တဲ့ ငှာန ဆိုတော့ အစားအသောက်နဲ့ ဆေးဝါး ကြိကြပ်ရေး (FDA) က ခွင့်မပြု ထားတဲ့ ဆေး တွေ နည်းစနစ် တွေကို သုံးပြီး စမ်းသပ်တာပေါ့။ ဥပမာ ပြောရရင် ပရာစီတမော ဆို ဆေးကွက် မရောက်ခင် လူတွေဆီမှာ ဘေးဥပါတ် ရှိ၊မရှိ စမ်းသပ်ပြီးမှ အဆင့်ဆင့် ဖြတ်ပြီးမှ ဆေးကွက်ကိုရောက်တာပေါ့နော်။ အတွေ့အကြုံတွေ ပေါ့ သာလှရယ်။ ဆေးရုံကြီးကလဲ ကောင်း ၊ သုတေသန ငှာနတွေကလဲ ရှယ်ပါပဲ။ ရွာကိုပြန်ပြီးလဲ အာရွီးလုပ်လို့ ရရင်လုပ်ချင်သေးတယ်ဝေ့ ။
အခုတော့ အိပ်ရတော့မယ်။ မနက်ဖြန် မနက်ထပြီး စာလုပ်ရဦးမယ်..စိတ်လေတယ်။ ကြီးတော်တို့ကိုလဲ သတိရတယ်လေ...ပြန်လာရင်ညဈေး မှာ သွားလွေးကြမယ်လေ။ ရွာမှာတောင် အတော်ခေါတ်မှီ နေပြီဆိုဘဲ..KFC တွေ ဘာတွေနဲ့ဆို။ ပြောရင်းတောင် ဗိုက်ဆာလာပြန်ပြီ။ စာရေးလှဲ့ဦး မောင်သာလှရေ...
အားလုံး မာပါစေစ သာစေစ
ရွာက မုန့်တွေနဲ့ အရီးတို့ကို အမြဲလွမ်းနေတဲ့
မြို့ရောက် စိုးစိုး(သရပါ) ခ ဘုတ်ဘုတ်
စာရေးသူကို အောက်တိုဘာ လ ၄ ရက် နေ့ ၁၉၉၄ မှာ ရန်ကုန်မြို့ တွင် ဖွားမြင်ပါတယ် ဘာရယ် မပာုတ် ကိုယ့် ပတ်ဝန်းကျင် က အကြောင်းအရာလေးတွေ၊ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးတွေ ကို စာစီကုံးလို့ ရေးချင်မိတာပါ. နုနယ်တဲ့အတွေးအခေါ် မရင့်ကျက်တဲ့ အသိဥာဏ်ကြောင့် စာများ ထဲမှာ အမှားအယွင်း များပါခဲ့လျှင် တောင်းပန်ပန်ကြားအပ်ပါသည်။
Saturday, December 10, 2016
Subscribe to:
Post Comments (Atom)
Popular Posts
-
May 7,2016 I graduated from Earlham College with a Bachelor's degree in Neuroscience. My parents and my uncle family were ab...
-
သူငယ်ချင်း တစ်ယောက်ဖျားနေတဲ့ အခါ ပြုစုပေး ချင်တာ သူငယ်ချင်း တစ်ယောက်ရဲ့ စေတနာ ပါ သူငယ်ချင်း တစ်ယောက်အားငယ်နေတဲ့အခါ အားပေချင်တာ သူငယ်ချင်း...
-
မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု သည် မြန်မာနိုင်ငံတွင် ပေးသော ထူးချွန်ဆု (အကယ်ဒမီ) ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းသည် ...
-
ကျွန်တော့် ဘ၀မှာ ကြယ် ၆ပွင့်နဲ့ဆုံခဲ့တယ်....၆ပွင့်သောကြယ်ထဲ မှာမှ ထူးထူးခြားခြားဓူဝြံကယ် လေးတစ်ပွင့်ပါခဲ့တယ်..သူကတော့ မိုးတဲ့...အဲ့ဓူဝံကြယ်...
No comments:
Post a Comment