စာရေးသူကို အောက်တိုဘာ လ ၄ ရက် နေ့ ၁၉၉၄ မှာ ရန်ကုန်မြို့ တွင် ဖွားမြင်ပါတယ် ဘာရယ် မပာုတ် ကိုယ့် ပတ်ဝန်းကျင် က အကြောင်းအရာလေးတွေ၊ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးတွေ ကို စာစီကုံးလို့ ရေးချင်မိတာပါ. နုနယ်တဲ့အတွေးအခေါ် မရင့်ကျက်တဲ့ အသိဥာဏ်ကြောင့် စာများ ထဲမှာ အမှားအယွင်း များပါခဲ့လျှင် တောင်းပန်ပန်ကြားအပ်ပါသည်။
Tuesday, August 23, 2016
ရောက်တတ်ရာရာ
ငယ်ငယ်က ၀ါသနာ ပါတာက စာဖတ်ခြင်း။ ဒီဝါသနာ က မီးတွေဘာတွေ ပျက်လို့ ပိုကြီးလာတလဲ ပါမယ်။ မီးပျက်တော့ စာအုပ်ဖတ်တယ်။ အစ်ကို က လဲ စာအရမ်းဖတ်တော့ သူဖတ်တာတွေလဲ လိုက်ဖတ်တယ်။ အဖေကလဲ တစ်ထောင့်တည ပုံပြင်တွေ ၀ယ်ပေးတယ်။ အဖေ့ အသိတချို့ က စာပေဖြန့် ဖြူ ရေး လုပ်တော့ ကျန်းမာရေးစာအုပ်တွေ အလကားရတယ်။ နားမလည်ဘဲလဲဖတ်ခဲ့တာပဲ။ ပထမဆုံး ၀တ္ထု က မင်းသိင်္ခ ရဲ့ မတတ်ပ ထင်တယ်။ ကြိုက်မိတယ် ဇာတ်ဆောင် နဲ့ အရေးအသားကို ။ အဲ့ ခေတ်အခါက အမျိုးသားစာရေးဆရာ တစ်ယောက် က အမျိုးသမီးတစ်ယောက် ကို အသားရေး တာ သိပ်မရှိဘူးလေ။ မတတ်ပ ကိုတော့ သဘောကြတယ်။ တော်လို့ ဘာမဆိုလုပ်နိုင်တယ်ဆိုပြီး သန်မာတဲ့စိတ်ဓါတ်ရှိလို့။ ဒီလိုနဲ့ပဲ စာဖတ်ခြင်းကို သဘောကြခဲ့တယ်ပေါ့။ စာဖတ်ရင်း အာရုံဖော်ရတဲ့ အရသာ ကိုကြိုက်တယ်လေ။ ဒါနဲ့ပဲ ဘ၀ သရုပ်ဖော် စာရေးဆရာမ တွေဖြစ်တဲ့ မိုးမိုး(အင်းလျား) တို့၊ မစန္ဒာ တို့ အရေးအသားတွေ နဲ့ ရင်းနှီးခဲ့တယ်ပေါ့။ စာမေးပွဲ နီးလေ ၀တ္ထူ တွေပိုဖတ်ဖြစ်လေပဲ။ ၁၀ တန်း တုန်း က ဆို စာစီစာကုံး ရေးရင် ၀တ္ထု ထဲက ပာာတွေ ထည့်ရေးတယ်။ အဲ့ဒါကြောင့် မြန်မာစာ ဂုဏ်ထူးရသွားတာလား မသိဘူး။ ထားပါတော့။ အသက် လဲ နဲနဲ ကြီးလာကော ကိုယ်ကြိုက်ခဲ့တဲ့ ဇာတ်ကောင် အထူးသဖြင့် မစန္ဒာ ဇာတ်ကောင် တွေ ကို သဘော မကျလာတော့ဘူး။ တချို့ တွေ ကို အားငယ်တတ်လို့ ဆိုပြီး သဘော မကျဘူး တချို့ကျတော့ မြန်မာဗလေ့ထဲမှာဘဲ နစ်နေတယ်ဆိုပြီး ကြည့်လို့မရ။ စိတ်ဆိုတာလဲ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး ပြောင်းလဲတတ်သား။ အခုတော့ မြန်မာစာ နဲ့ အလှမ်းဝေးတာ ၄ နှစ်။ စာရေးချင်တဲ့ စိတ်က တော့ တစ်ခါတစ်ခါ တစ်ရေးနိုးလာတယ်။ ၉ တန်းလောက်တုန်း က ကိုယ်ရေးခဲ့တဲ့ ၀တ္ထု လေးတွေ ပြန်ရှာတွေ့ရင်လဲ မိုက်မယ်။ စာရေးခြင်း စိတ် ဆိုတာလဲ mood ၀င်မှ။ ရောက်တာရာရာတွေရေးမိပြန်ပြီ။
Labels:
College,
Random,
Random Thoughts
Subscribe to:
Post Comments (Atom)
Popular Posts
-
ဆေးရုံတွင် အလုပ်လုပ်ရသည့်အတွက် သေဆုံးခြင်းသည် နံရံရဲ့ အခြားတစ်ဖက်တွင် ရှိသည်ပာု ခံယူထားပါသည်။ အတွေ့အကြုံရှိလား ပာုမေးပါက ဦးလေးရဲ့ နာရေးသ...
-
ကိုယ့်နာမည် က မာဂရတ် အသက် က ၈၀ ကျော် ခုချိန်ထိ သန်တုန်း မြန်တုန်း ကြောင်သုံးကောင်နဲ့နေတယ် အလုပ်က clinical သုတေသန coordinator ည...
-
စဉ်းစားဖြစ်ပါတယ်။ အသက်လေး နဲနဲရလာတာနဲ့ အမျှ ဖြစ်တည်မူများရဲ့ မတည်မြဲမူ ကို အနည်းငယ် နားလည်လာရပါတယ်။ နားလည်လာတာ နဲ့အမျှ gratitude တန်ဖိုး...
-
အချိန်တွေဆိုတာလည်း ကုန်တာမြန်လိုက်တာ. ကျောင်းပြီးတာ ၂နှစ်တောင် ရှိတော့မည်...ကုန်ဆုံးသွားတဲ့ အချိန်တွေမှာ ဘာတွေ ဖြစ်သွားသလဲ ဆိုတာကို မေ...
-
Week 6 - 09/17/2015 Student Intern at U Penn AIDS Clinical Trial Unit :) Time flies really fast. I have been in Philadelph...
စာဖတ်တာက ပျော်စရာအကောင်ဆုံးပဲ :)
ReplyDelete