စာရေးသူကို အောက်တိုဘာ လ ၄ ရက် နေ့ ၁၉၉၄ မှာ ရန်ကုန်မြို့ တွင် ဖွားမြင်ပါတယ် ဘာရယ် မပာုတ် ကိုယ့် ပတ်ဝန်းကျင် က အကြောင်းအရာလေးတွေ၊ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးတွေ ကို စာစီကုံးလို့ ရေးချင်မိတာပါ. နုနယ်တဲ့အတွေးအခေါ် မရင့်ကျက်တဲ့ အသိဥာဏ်ကြောင့် စာများ ထဲမှာ အမှားအယွင်း များပါခဲ့လျှင် တောင်းပန်ပန်ကြားအပ်ပါသည်။
Wednesday, November 28, 2012
သာလှသို့ပေးစာများ (၂)
ပဲာ့ သာလှရေ...
စာမေးပွဲတွေ လဲ ပြီးပီ...အမှတ်တွေလဲသိပြီ...ကျောင်း၎ ၇က် ပိတ် လို့ ပြန်တောင် ဖွင့်နေပြီ...အမှတ်တွေ တော့ မပြောတော့ပါဘူး..ပဲာပဲာ...ဒီလိုပါပဲ ငသာလှရယ်....ဦးဆန်းအောင် (USA) မှာ လဲ ပျော်တယ်လဲမပာုတ် မပျော်ဘူးလဲမပာုတ်ပါဘူး..ခု တော့ စာလဲ သိပ်မများသေး..အတန်း တစ်ချို့လဲ ပြီးသွားပြီဆိုတော့ နဲနဲ အားယားနေတယ် ဆိုပါတော့...ကဲ ဒါတွေ ထားလိုက်ပါ. ကျုပ် တောသား မြို့ရောက် အတွေ့အကြုံတွေ ပြောရဦးမယ်...ကျုပ် NEW YORK CITY , Brooklyn ကိုသွားတုန်းကပေါ့..အော်..Brooklyn Bridge ကြီးပေါ်မှာဓါတ်ပုံတွေ အပီ ရိုက်တာပေါ့... ဒါနဲ့ NYC မှာတော့ LGBT တွေများလေရဲ့မြန်မာလို ဆိုရင်တော့ ယော်ကလျာ၊ မိန်းမလျာ၊ နှစ်ဖက်ချွန်၊ သုံဖက်ချွန် ပာိုချွန် ဒီ ချွန် အကုန်ချွန် ပေါ့ကွယ်...အဲ့တံတားကြီး ပေါ်မှာ ကောင်လေး နှစ်ယောက် က မြိန်ရေယှက်ရေ နှမ်းလို့ ကျုပ်တို့တောသား တွေ က တော့ အထူးအဆန်း ဦးဂျမ်း ဖြစ်နေတာပေါ့.. သူများတွေ က တော့ပာန်မပျက် ပန်မပျက် ပဲ...ကော့ကော့ ကော့ကော့ နဲ့လျှောက်နေကြတာ လေ..နယူးယောက် မြင်ကွင်းတွေ ပြောရင် ပြီးမှာမပာုတ်ဘူး...ဒါနဲ့ ကျုက်သောက်ရှက်တွေ ကွဲ တာ ပြောရ ဦးမယ်..သူတို့ဆီမှာ Metro တဲ့ subway တွေလေ...တောက မြို့ပတ်ရထား နဲ့တော့ လားလားမှမဆိုင်..သူတို့ဆီမှာ metro က နယူးယောက် ရဲ့ အသက်ကြိုးတစ်ချောင်း ဆိုလို မမှားဘူးပေါ့ကွာ..ကျုပ် လဲ ခပ်တည်တည် တစ်ခါစီး ကတ်လေးဝယ်..တောက ပာို အစီ နဲ့ အ၀င်း လဲ ပါပ...ကျုပ်တို့လဲ ပျော်ပျော်ကြီး metro စိးဖို့ subway gate ကို သွားကြတာပေါ့..အဲ့ မှာ စတာပဲ..ပာို အစီနဲ့ အ၀င်း ကတော့ ကတ်ဖြတ်ပြီး ငေါက်ငေါက် နဲ့ ၀င်သွားကော..့ကျုပ်လဲ ကတ်ဖြတ် ပြီး ၀င် မယ်ဆိုပြီး ရှေ့က အတန်း ကြီး ကို ပာန်လေးနဲ့ တွန်းတာပေါ့..."ဘန်း"ဆို အတန်းကြီးက ပိတ်သွားပြီး ၀င်လို့မရတော့ဘူး..အိုး ကျုပ်လဲ ရှက်ရှက်နဲ့ ကတ်ဖြတ် ထပ်တွန်းပေါ့..."ဘန်း" ဆို ပြီး ၀င်လို့မရပြန်ဘူး..အနောက်က လူကြီးကလဲ "hey man man ဆိုပြီး ဘာညာသလကာ အော် ကော" ကျုပ်လဲ ထူပူနေပြီ...ဒီတစ်ခါလဲ ကတ်ကို ထပ်ဖြတ်...ကပ်ကလဲ တစ်ခါတည်း နဲ့ ဖြတ်မရ ဘုရားစာတွေ ရွတ်ပြီး ပြန်ပြီး ကတ်ကို ဖြတ်ရပြန်ရော.. စိတ်ထဲမှာလဲ ဒီတစ်ခါတော့ "လာပော့" ဆိုပြီး ပာိုအကောင်စီစီ ပြတဲ့အတိုင်း အတန်းကြီးကို တွန်း ပြီး ၀င်လိုက်မှ ပဲ ရထား စီးဖို့ အထဲ ရောက်တော့မယ်...ကျုပ်မှာလဲ ရယ်အားထက် ငိုအားသန် ပေါ့..နောက်မှ သူတို့ပြောတာ ကျုပ်က ပြောင်းပြန်ကြီး တွန်းနေတာတဲ့..ရှက်လဲရှက် ၀မ်းလည်းနဲ ပိုက်ဆံ ဒေါ်လာ ၇ ဒေါ်လာ လောက်လဲနှမြော ပေါ့ ကျုပ်ကလဲ ဇေါက်ထိုး သမားကိုး သူများ က အတည့်ဆို ကျုပ်ကပြောင်းပြန်...သိတယ်မလား..အဲ့နေ့ က စကားတောင် မပြောနိုင်ပါဘူး...ဘာပဲပြောပြော ဦးဆန်းအောင် ရောက် အတွေ့အကြုံတစ်ခုပေါ့...ခုပြန်တွေးခုတောင် ရှက်တယ်..ပီားပီား..ခုတော့ တောသား အမောင် ကျုပ် လဲ အနဲငယ်တော့ လှည်လှ ပါပြီ...ကဲသာလှရေ..၀မ်းအရေး အပြေးလွေး လိုက်ဦးမယ်..ပာိုနေ့က ကြီးဒေါ် ရဲ့ ကြက်သားပာင်း နဲ့ ချဉ်ရည်ပာင်း အိမ်မက်မက်တယ်... အားလုံးကို သတိ၇တယ်လို့...ဒီတစ်ခါပြန်လာရင်...၂၄၃ ကြီး အ၀ စီးဦးမယ်...ကဲ သွားပြီ ငသာလှရေ....အားရင်ယားရင် စာရေးလဲ့..ဒါပဲ
တောက မင်းသမီးရှုးနေနေ မ နဲ့ ပာို စလုံးရောက်ဒေါ်ဝက်မ သမီး အိမ့်စန် ကို သတိရနေတဲ့
စိုးစိုး(သရပါ)
ခေတ္တ ဦးဆန်းအောင်
Labels:
Letters to Thar Hla
Subscribe to:
Post Comments (Atom)
Popular Posts
-
ငယ်ငယ်က ၀ါသနာ ပါတာက စာဖတ်ခြင်း။ ဒီဝါသနာ က မီးတွေဘာတွေ ပျက်လို့ ပိုကြီးလာတလဲ ပါမယ်။ မီးပျက်တော့ စာအုပ်ဖတ်တယ်။ အစ်ကို က လဲ စာအရမ်းဖတ်တော့ ...
-
နူးညံတဲ့ နှလုံးသား တစ်စုံ နဲ့ မွေးဖွားလာခဲ့တယ်။ ညင်တာတဲ့လက်အစုံ နဲ့ နွေးထွေးတဲ့ အသိုင်းအ၀ိုင်းမှာ ကြီးပြင်းတယ်။ ခံစားချက်တွေကို အာရုံခ...
-
အချိန်တွေကလဲ ကုန်တာမြန်လိုက်တာ။ စာရေးမယ် ရေးမယ် ဆိုပြီး အကြွေးတွေတင်နေတာ အတော်ကြာပြီ။ ကိုယ့် Blog ပရိသတ် မရှိတာလဲပါတာပေါ့။ ထားပါတော့ ဒီေ...
-
I always thought that off-campus program would be so much easier than regular school semester. Believe me, it is not! Working full ti...
-
နေ့စဉ်နဲ့အမျှသွားလာလူပ်ရှားနေကြရတဲ့ ဒီခေါတ်ကြီးမှာလေ ချီးမွန်းစကားလေးတခွန်းက အတော်အရေးပါတယ်နော်။ ကဲ့ရဲ့စကားက ပြောရတာ အတော်လွယ်ကူပါတယ်။ နင်က...
No comments:
Post a Comment