စဉ်းစားဖြစ်တယ်။ နိုင်ငံခြားမှာ ကျောင်းလာမတတ်ခင်တုန်းက ကိုယ့်အတွက် ကျောင်းရဖို့ ကျောင်းဝင်ဖို့ပေါ့နော်။ အဲ့ဒါ မတိုင်ခင် က ဆယ်တန်း စာမေးပွဲမှာ အမှတ်ကောင်းဖို့ မိဘတွေကိုဂုဏ်ထူးတွေ နဲ့ ကျေနပ်အောင် လုပ်ပေးဖို့ပေါ့။
အခု အသက် ၂၂ နှစ်ရှိပြီ။ ဒီနှစ်တွေထဲမှာ ဘာအရေးကြီးလဲဆိုတာ ပိုသိလာတာက စိတ်ကျန်းမာရေး နှင့် စိတ်ထားတတ်ခြင်းပါပဲ။ စိတ်ထားတတ်ခြင်းရယ်လို့ ဆိုတဲ့အခါ စိတ်ထားအနေမှန်ခြင်း နှင့် စိတ်ပျော်အောင် နေခြင်း ကို ဆိုလိုတာပါ။ ဘ၀ ဆိုတာက အမြဲတမ်း အပူအပင် အကြောင့်အကြ တွေနဲ့ နေနေ ရတာမလား။ ပြည့်စုံတယ်ဆိုလို့ဘယ်ရှိပါ့မလဲ။ စိတ်ကျန်းမာရေးက အတော် အရေးကြီးပါတယ်။ စိတ်ပာာ ခန္ဒာကိုယ်နဲ့ သက်ဆိုင်နေပါတယ်။ စိတ်ဖိစည်းမူ များတာနှင့် stree hormone ဖြစ်တဲ့ cortisol တွေ ပိုများလာတာပေါ့။ ကြာရှည်ဆို ခန္ဒာကိုယ်ကြီးကို ဘယ်ခံနိုင်တော့မလဲ။ စိတ်လေးငြိမ်နေမှ ခန္ဒာဝန် လဲ အေးတာပေါ့။ ကိုယ်ကလဲ အပူသမား ဆိုတော့ ကျောင်းတုန်းကလဲ ကျောင်းစာ ပူ၊ အလုပ်ဆိုလဲ အလုပ်ပူ။ ပာိုပူ ဒီပူ နဲ့ လိုက်ကို ပူ နေတော့တာပဲ။ ဒီနှစ်တွင်းမှာ ပိုသိသာပါတယ်။ ဆံပင်တွေလဲပိုဖြူ ကုန်ပြီ။ အဲ့တော့ လေ့ကျင့်ခန်း လေး လုပ်ဖို့ကို ကြိုးစားရတော့မှာပဲ။ တရားလဲထိုင်ဖြစ်အောင် ပိုကြိုးစားရဦးမယ်။
ဒုတိယ အချက် အနေ နဲ့ စိတ်နေတတ်ခြင်းမှာ အရေးကြီးတာက သူများ crap တွေကို မယူမိပေါ့ဘဲ ပေါ့နော်။ ကိုယ်တွေ အသိုင်းအ၀ိုင်းမှာက လုပ်နိုင်ကိုင်နိုင် ဦးဆောင်နိုင် " အောင်မြင်" သူတွေများတယ်ဆိုတော့ အနဲ အများ လိုင်းခတ်တာတော့ရှိတာပေါ့နော်။ ကြီးပြင်းလာတဲ့ အသိုင်းအ၀ိုင်းကလဲ နိုင်းယဉ် အသိုင်းအ၀ိုင်းကို။ ဘယ်သူကဖြင့် MBA၊ ဘယ်သူကဖြင့် PhD ဆိုပြီး ခိုင်းနိုင်းကြတဲ့ အသိုင်းအ၀ိုင်းလေ။ အဲ့တော့ inferiortiy complex ပိုရှိတဲ့လူတွေက depression တွေပါတွေ ရကြတာပေါ့။ အဲ့တော့ ဘယ်သူဘာပဲ လုပ်လုပ် ကိုယ့်ဘာသာ ကိုယ် ပဲ အလေးထား ပြီး လုပ်ရမှာပါပဲ။ အပြောလွယ်တလောက် အလုပ်ကတော့ခက်တာပါပဲ။ Social Media တွေက လဲ pressure ရတာပါပဲ။ ကိုယ့်စိတ်ကျန်းမာ ဖို့တော့ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး လုပ်ရမှာပဲနော်။
မဆုံးနိုင်သော ဘ၀ရထားကြီးမို့ မနားတမ်း စီးနှင်းလိုက်ပါရမှာပါပဲ။ အဲ့ရထား ပေါ်မှာ ဘယ်လိုသက်တောင့်သက်သာ အဖြစ်ဆုံးသွားရမလဲ ဆိုတာပဲ အရေးကြီးတာပါ။ အကြိုက်ဆုံးစာသားလေးနဲ့ပဲ အဆုံးသတ်လိုက်တော့မယ်နော်။
"No one is thinking of you, which should be a relief. Do what the fuck you want! LOOK AT A TREE"
No comments:
Post a Comment