Saturday, April 9, 2016

ယနေ့ခေါတ်လူငယ်တွေရဲ့ မလွယ်လှတဲ့ အချစ်ရှာဖွေရေး ခရီးကြမ်း

Maslow's hierarchy of need မှာ ပြ ထားတဲ့ အတိုင်း အချစ် (သို့မပာုတ်) သံယောဇဉ်၊တွယ်တာမူ ပာာ လူတွေရဲ့အခြေခံလိုအပ်မူတွေရဲ့ တတိယ နေရာမှာရှိပါတယ်။ အချစ်နှင့် တဆက်တည်း sex ကတော့ ပထမ လိုအပ်တဲ့ ထဲမှာပါပါတယ်။

ယနေ့ခေါတ် မှာ right person  ကိုရှာရတာ ခက်တယ်လို့ဆိုရမှာပါပဲ။ အထူးသဖြင့် အနောက်တိုင်း နိုင်ငံမှာ နေနေတဲ့လူငယ်တွေ အတွက် ပိုခက်လာပါတယ်။ Dating က လွယ်တယ်လို့ထင်ရပေမယ့် တည်မြဲတဲ့ sustaintable relationship ရဖို့ ဆိုတာကတော့ တကယ်ကိုမလွယ်ပါဘူး။ sexual need နဲ့ realtionship need တွေက ယနေ့ခေါတ်မှ လူငယ်တွေ ပိုလိုအပ်လာပါတယ်။ အရင်တုန်းကလို အမေက ပေးစားလို့ အဖေက သဘောတူ လို့ဆိုပြီး လက်ထပ်ကြရတဲ့ ခေါတ်က ကုန်သွားပြီလေ။ ကြိုက်တဲ့လူတွေ့ရင်ဆိုရင်တောင် မှ လက်ထပ်ဖြစ်မယ်ဆိုတာ မလွယ်တော့ပါဘူး။ အထူးသဖြင့် long distance relationship ဆို ထိန်းသိမ်းဖို့ ပိုတောင် ခက်ပါသေးတယ်။

နောက်တခုက ယနေ့ခေါတ်မှာ သမာရိုးကျ ချစ်သူရှာတွေ့တယ်ဆိုတာ နဲပါးသလောက် ရှိပါပြီ။ အင်တာနက်ပေါ်မှ ရည်းစားရှာတဲ့ခေါတ် ကို ရောက်နေပါပြီ။ Tinder တို့ OkCupid တို့ meetme တို့ မသုံးတဲ့လူဆိုတာ မရှိသလောက်ပါဘဲ။ တချို့တွေကလဲ အွန်လိုင်းပေါ်မှာတွေ့ အပြင်မှာdate ပြီး အဆင်ပြေသွားကြသလို အများစုကတော့ date လောက်ပဲ လုပ်လိုက်ကြပြီး ရှာမြဲရှာဆဲ ဘ၀ ကိုပြန်ရောက်သွားကြတာပါဘဲ။ တချို့ ကံကောင်းတဲ့လူတွေကြလဲ one night stand ကနေ every night stand ဖြစ်သွားတာတွေလဲ ရှိပြန်ရော။

တချို့တွေကလဲ ပြောကြတယ်။ right person ဆိုတာ ရှာစရာမလိုပါဘူး ရောက်လာမှာတဲ့၊ အရမ်း optimistic ဖြစ်တဲ့ လူတွေပြောပါတယ်။ ဒါပေမယ့်လေ အသက် ၂၀ အတွင်းမှာ လုပ်စရာတွေအများကြီးပါ။ လူတစ်ယောက်ကို အချိန်ကုန်ခံ ရှာပြီးနေရမယ့် အသက်မပာုတ်ပါဘူး. အသက် ၂၅ ကျော်ရင်တော့ တမျိုးပေါ့။ Every attachement is suffering တဲ့။ အခုအချိန်မှာ ကိုယ် လက်တွဲမယ့်လူ ရှာမတွေ့တာလဲ စိတ်ညစ်ရမယ်တော့ မပာုတ်ပါဘူး... physical need ဖြစ်တဲ့ sex နဲ့ social need ဖြစ်တဲ့ relationship က လိုတာ မှန်ပေမယ့် အဲဒီ need တွေကို ကိုယ်စိတ်သန်တဲ့အရာ၊ကိုယ်ဝါသနာရယ်၊လေ့လာမူတွေရယ်၊ ရှာဖွေမူအသစ်တွေ နဲ့ အစားထိုးလို့ရတာပါပဲ။ အချစ်ဆိုတာလဲ ဆန်းကြယ်တဲ့စိတ်ခံစားမူနော်။ ကိုယ်က လူတစ်ယောက် နဲ့ ပါတ်သက်မူရင် ခံစားရတာပါပဲ၊ ပျော်ရွင်သည်၊ ၀မ်းနဲသည်၊ မဆုံးရူံးဆုံးချင်သည်၊ စသည်ဖြင့် ပူလောင်ရသည်ပေါ့။ physical attachment ဖြစ်ရင်ပိုဆိုးတာပဲ။.

နောက်ဆုံးပြောချင်တာကတော့ လူတစ်ယောက် နဲ့ တွဲတယ်ဆိုတာ ပာိုခေါတ်ကလောက် မလွယ်သလို ၊ single ဘ၀မှာ နေနေရာတာလဲ လွတ်လပ်ခြင်းတခုပါပဲလို့   ။ right person က ရောက်မလာလဲ ကိုယ့်ဘ၀နဲ့ ကိုယ် ခွေးတွေ ကြောင်တွေ နဲ့ပဲနေလို့ ရတာပါပဲ။ ခွေး ကို pet လုပ်ရင်လဲ ချစ်ချစ်နဲ့ hug ရသလို ပဲ Oxytoxin (Bonding hormone) ထွက်တာပါပဲ။

လူဆိုတော့လဲ လိုအပ်ချက်တွေက အများသား။

1 comment:

Popular Posts