ဒီပုံလေးက ကျွန်တော် PHMC မှာ internship လုပ်ခဲ့တုန်းက လူနာ များနဲ့အမှတ်တရ ပုံလေးပါ။ မှတ်မှတ်ရရ ဆီးချို လူနာများ အတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာ များဝယ်ယူရန်အတွက် Chinatown field trip ကို ခေါင်းဆောင် ခေါ်ယူ သွားစဉ်က ဖြစ်ပါတယ်။ Public Health Management Corporation ပာာ Philadelphia မြို့မှာ အကြီးဆုံး Public Health အဖွဲ့အစည်းဖြစ်ပြီး branch တစ်ခုဖြစ်တဲ့ Care Clinic ပာာ underserved population, ဆင်းရဲ ချို့တဲ့သော လူနာများကို primary care ဖြင့် ကူညီပံပိုးနေသော ဆေးခန်းလေး တစ်ခုဖြစ်ပါတယ်။ ကျွန်တော်က Diabetes Academy ဆီးချိုပညာပေး သင်တန်း နှင့် Diabetes Community Events များဖြစ်တဲ့ ဆီးချိုလူနားများ အတွက် သင့်လျှော်တဲ့ programs များ ဖြစ်မြောက်အောင် တာဝန်ယူဆောင်ရွက်လုပ်ကိုင်ပေးခဲ့ပါတယ်။ underserved population က လူနာ များ နှင့် ဆက်ဆံ ရာတွင် အစ ပိုင်းမှာ အခက်အခဲ အချို့ ရှိခဲ့ပါတယ်။ သူတို့ဖြစ်သန်း လာတဲ့ ဘ၀ ခရီးတွေက ကြမ်းတမ်းတာရယ် low socioeconomic status ဆိုတော့ ပညာရေး၊ကျန်းမာရေး နှင့် အလုပ်အကိုင် အဆင်မပြေမူ တွေ ကြောင့် စရို က်များ နဲနဲ ကြမ်းတယ် လို့ ဆိုရမှာပါဘဲ။ ဥပမာ Diabetes Academy မှာ ဆီးချို ဆိုင်ရာ ဗပာုသုတ များ သင်ကြားနေချိန် အတွင်း စကားဖြတ်ပြောခြင်း၊ ဖုန်းများ အကျယ်ကြီးထပြောခြင်း၊ အချင်းချင်း လေးစားမူမရှိခြင်း၊ အော်ပာစ် ပြောဆို အငြင်းပွားခြင်း အစ သဖြင့် ပြူ မူ ကြသည်မှာ မူကြိုကလေး များသဖွယ် ပါပဲ။ ကလေးတွေဆို လဲ အော်လိုက် ခြောက်လိုက်လို့ရသေးတယ်။ အခုက အဖေ အမေ အဘိုး အဘွား အရွယ် တွေဆိုတော့ ဘယ်လိုထိန်းရမလဲဆိုပြီး ကျွန်တော် နဲ့ ကျွန်တော့် supervisor အတော် ခေါင်းစားခဲ့ကြရပါတယ်.. ဘာလို့များ အခြေခံ အသိတရားမရှိရတာလဲ ဆိုပြီး... ကျွန်တော်တို့ သတိမထားခဲ့တဲ့ အချက် က သူတို့ရဲ့ mental health issues များ ဖြစ်တဲ့ အလွယ်တကူ စိတ်ပျက်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်မပျှော်ခြင်း ၊ အစ သဖြင့် စိတ်ပိုင်းဆိုင် ရာ အခြေအနေ တွေကို မေ့လျော့ ထားခဲ့တယ်ပေါ့။ ကိုယ့်ရဲ့ own privilege (အခွင့်အရေးလို့ဘဲ ပြောရမလား) ကို သိမြင်ခဲ့ ရ တယ်။ ဘယ်လို ဘဲ ပေါင်းရ သင်းရ ခက်ခက် စရိုက် ကြမ်းကြမ်း သူတို့ တွေ က ရိုးသားပွင့်လင်းစွာ ပြောဆိုတတ်ကြတာ ကတော့ ပာန်ဆောင်မူ များနှင့်
ပြည့် နှုက်နေသည့် ယနေ့ခေါတ် မှာ တော့ အဖိုးတန်တဲ့ အရာ တစ်ခု မပာုတ်ပါလား။ တခါကဆို တရုတ်တန်း ခေါ်သွားသည့် နေ့ က အာဖရိကန်အမေရိကန်လူမျိုး အဒေါ်ကြီးက ပဲာ့ ဒါ နင်တို့ လူတွေပေါ့ဆိုလို့ ဘာပြောရမလဲ တောင် မသိခဲ့ရပါဘူး race လူမျိုးရေး ကတော့ အမေရိကား မှာ နေ့စဉ် နှင့်အမျှ တွေ့ကြုံ နေရတဲ့ ရူပ်ထွေးလှသည့် ပြဿ နာ တစ်ရပ်လို့ ပဲပြောပါရစေ။ ဘာတွေ ဘဲဖြစ်ဖြစ် အလုပ်သင် ကာ လ ခနတာ အချိန်အတွင်းမှာ service ပေး သူ၊ service ရယူသူ ထက် ပိုတဲ့ သံယောဇဉ် ဖြစ်ခဲ့ရတာဆိုတာတော့ ဒီပုံလေးကပဲ သက်သေပြလိုက်ရပါတယ်။
Diabetes Academy Cohort 5 |
Supervisor နှင့်အတူ တရုတ်တန်း ဈေးဝယ်အပြီး ဆီးချိုနဲ့ တည့်တဲ့ Smoothie လုပ်ပြကြစဉ်- Community Event 5 |
No comments:
Post a Comment