US news college section မှာ အမေရိကားမှအကောင်းဆုံးကျောင်းတွေကို
category ခွဲပြီး list လုပ်ထားပေးပါတယ်။ Best Liberal Arts College, Best
National University ရယ်ဆိုပြီး list နှစ်ခုထဲက ရှာဖွေနိုင်ပါတယ်။
လူတော်တော်များများက liberal arts college နဲ့ National University ကို ခွဲခြားမသိကြပါဘူး။
Liberal
arts ဆိုတာ National University တွေလို လေးနှစ်တက်ရတာပါပဲ။Liberal arts
college တွေက Private colleges တွေများကြတယ်။အဓိက ကွာသွားတာက Liberal arts
ကျောင်းတွေက National University တွေထက် ပိုသေးတယ်၊ လူပိုနည်းတယ်၊
စာသင်ခန်းတစ်ခန်း ကို လူ ၁၅ ယောက် ၂၀ လောက်ပဲရှိပါတယ်၊ အများအားဖြင့်
residential ဖြစ်တယ်၊ ဘာကိုဆိုလိုတာလဲ ဆိုတော့
ကျောင်းဝန်းအတွင်းမှာပဲနေကြပြီး၊ မတူညီတဲ့ ယဉ်ကျေးမူ၊ဘာသာစကား၊ အမြင်တွေကို
လေ့လာကြတယ်၊ နောက်ဆုံး National University နဲ့ မတူတာကတော့ liberal arts
college အများစုမှာ general education requirement ဆိုတာရှိတယ်။ liberal
arts college က ကျောင်းသားတွေက ဒုတိယနှစ်ပြီးတဲ့အထိ
ကိုယ်ကြိုက်တဲ့ဘာသာရပ်တွေက သင်ကြားပြီး major အတွက်စဉ်းစားကြတယ်။ Major
ကိုလည်း ဒုတိယနှစ်ပြီးမှ ဆုံးဖြတ်ခွင့်ရှိပါတယ်။
National
University ကတော့ အစိုးရပိုင်များတယ်၊ ကျောင်းတွေက ကြီးတယ်၊
ကျောင်းသားဦးရေ ထောင်သောင်းချီပြီးရှိတယ်၊ Undergraduate သာမက graduate
students တွေလဲရှိကြပါတယ်၊ စတက်ရောက်ကတည်းက ကိုယ့် major ကို foucs ထားပြီး
အတန်းတွေယူကြရတယ်၊ အတန်းတွေကကြီးတော့ professor ရဲ့ attention ကို liberal
arts college တွေက လိုတော့ဘယ်ရ ပါ့မလဲ။ Harvard တို့ Yale တို့ က National
University တွေထဲမှာပါတာပေါ့။
ဒါဆို US News College
section က နေ ranking အမြင့်ဆုံးကနေ စပြီး list လုပ်ထားတဲ့
ကျောင်းလေးတွေကို ကြည့်ပြီး dream schools တွေ list လုပ်၊
ကြိုက်တဲ့ကျောင်းလေတွေ profile ဖတ်၊ safety schools ဆိုပြီး
အမှတ်အသားလေးတွေ စလုပ်ကြည့်ပေါ့နော်၊
Somatic Consulting
စာရေးသူကို အောက်တိုဘာ လ ၄ ရက် နေ့ ၁၉၉၄ မှာ ရန်ကုန်မြို့ တွင် ဖွားမြင်ပါတယ် ဘာရယ် မပာုတ် ကိုယ့် ပတ်ဝန်းကျင် က အကြောင်းအရာလေးတွေ၊ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးတွေ ကို စာစီကုံးလို့ ရေးချင်မိတာပါ. နုနယ်တဲ့အတွေးအခေါ် မရင့်ကျက်တဲ့ အသိဥာဏ်ကြောင့် စာများ ထဲမှာ အမှားအယွင်း များပါခဲ့လျှင် တောင်းပန်ပန်ကြားအပ်ပါသည်။
Subscribe to:
Post Comments (Atom)
Popular Posts
-
စဉ်းစားဖြစ်ပါတယ်။ အသက်လေး နဲနဲရလာတာနဲ့ အမျှ ဖြစ်တည်မူများရဲ့ မတည်မြဲမူ ကို အနည်းငယ် နားလည်လာရပါတယ်။ နားလည်လာတာ နဲ့အမျှ gratitude တန်ဖိုး...
-
ပဲာ့သာလှရေ.... ဖွဘုတ်မှာ မမြင်တာကြာပ။ ဘယ်တွေရောက်လို့ ဘယ်တွေပေါက်နေတာလဲ။ ကြည့်ရတာ ရွာမှာ EPC က မီးမဖြတ်တော့လို့ ရုပ်ရှင်ကားတွေ ...
-
အချိန်တွေကလဲ ကုန်တာမြန်လှပါပိ။ အသက်တွေလဲကြီးလာပြီ၊ လောဘတွေလဲ များလာပြီ။ အော်..ဘာလိုလိုနဲ့ အမေရိကန်နိုင်ငံကြီးမှာ စာသင်တာ တစ်နှစ်ခွဲ တောင်...
-
၃.၁၂.၂၀၁၂ မြူတွေကလဲဆိုင်း မိုးပေါက်လေးတွေကလဲ ကျ...ဒီနေ့ အတန်းတစ်တန်းပိတ်လို့ လေ..အခု နေ့ခင်း က စပြီးအားသွား ပြီ..ဒီေ...
-
ခုတလော Fianl နီးလာပါပြီ ဆိုမှ blogging ရောဂါ စွဲကပ်နေပြန်ပြီ...Tumblr လေး check လုပ်လိုက်...Flickr မှာ အကောင့်တွေလုပ်...blog ကိုလဲ နေ့စဉ် po...
No comments:
Post a Comment