လူတွေအားလုံး G6PD Deficiency အကြောင်း သိရှိသင့်သည် ပာုယူဆ၍ ရေးရခြင်းဖြစ်ပါတယ်။
G6PD ဆိုတာဘာလဲ
G6PD အရှည်ကောက်က Glucose-6-Phosphate Dehydrogenase ဖြစ်ပါတယ်။ သူက မျိုးရိုးလိုက်တတ်ပြီး လူတော်တော်များများက ကိုယ့်မှာ G6PD deficiency ရှိတယ်ဆိုတာမသိကြပါဘူး။ ကျွန်တော်လဲ ငယ်ငယ်တုန်းက hepatitis B ဖြစ်တော့ sulfar ပါတဲ့ ဆေးတစ်မျိုးသောက်မိရာက သွေးနီဥတွေကွဲကာ အရေးပေါ် ဆေးကုသမူခံရဖူးရာမှ ဆေးစစ်ကြည့်တဲ့အခါ မှ G6PD deficiency ရှိကြောင်းသိသွားခဲ့တာပါ။ ကျွန်တော့် အကိုလဲထိုနည်းတူစွာ ဆရာဝန် ပေးသောဆေးကို သောက်ရာမှ hemolysis ဖြစ်ရာမှ G6PD deficiencyရှိကြောင်းသိရပါတယ်။ မျိုးရိုးဗီဇကြောင့် ယောကျာ်းလေးများတွင်အဖြစ်များတာတွေ့ရပါတယ်။ ကမ္ဘာပေါ်တွင် သန်း၄၀၀ ကျော်သော လူသားများတွင် ရှိပါတယ်လို့ data များက ဖော်ပြပါတယ်။ အာဖရိက နှင့် အရှေ့၊အလယ်၊ တောင်ပိုင်းရှိ အာရှ လူမျိုးများတွင် အဖြစ်များတာကို တွေ့ရပါတယ်။ မျိုးရိုးအရလဲ G6PD deficiency ရှိကြပါတယ်။
ငှက်ဖျားအဖြစ်များတဲ့ နေရာဒေသ နဲ့ G6PD deficiency ဖြစ်ပေါ်မူနှင့် ဆက်စပ်နေကြောင်းကိုလဲ တွေ့ရှိရပါတယ်။
G6PD deficiency က G6PD ဆိုတဲ့ enzyme မပြည့်ဝခြင်းတစ်မျိုးပါ။ သူက သွေးနီဥတွေကိုခိုင်ခံတည်မြဲ အောင် ပံပိုးပေးပါတယ်။ G6PD deficiency က asymptomatic လက္ခဏာလုံးဝမပြသပါဘူး။ ဆိုလိုတာက လူတွေက G6PD deficiency ရှိနေမှန်းကို မသိဘဲ မတည့်တဲ့ ဆေး၊ အစားအသောက် စားမိကာမှ symptoms(လက္ခဏာ) တွေပေါ်လာပြီးမှ သိကြရတာများပါတယ်။
ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်တွေဖြစ်မှာလဲ
ဆေးဝါးမတည့်သာတို့၊ ပရုတ်လုံး(သို့)ပရုတ်လုံးပါတဲ့ အသုံးအဆောင် တွေသုံးစွဲမိတဲ့အခါတို့ ၊ အစားအသောက်(အထူးသဖြင့် ပဲကြားနှင့်အလားတူပဲမျိုး) စားမိတဲ့အခါမှာ သွေးနီဥများ ရုတ်ချည်းကွဲသွားတဲ့ (hemolysis) ဖြစ်စဉ်ဖြစ်တယ်။
ထိုသို့သွေးနီဥတွေ ကွဲသွားခြင်းဖြင့် အသားဝါခြင်း၊ သွေးအားနည်းခြင်း၊ သွေးလိုအပ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
အဆိုးရွားဆုံး အခြေအနေဖြင့် ရုတ်တရက် ၄၈ နာရီအတွင်း ဖွံဖြိုးတဲ့ ကျောက်ကပ် လုပ်ငန်းစဉ် ကို ပျက်သုဉ်းသွားစေနိုင်ပါတယ်။ Severe hemolitic (ပြင်းထန်တဲ့ သွေးနီဥ ပျက်ဆီးဆုံးရှုံးမူ) ကြောင့် ကျောင်ကပ် ပျက်စီးခြင်းအပြင် အသက်ပါဆုံးရှုံးခြင်းကို ဖြစ်ပေါ်စေနိုင်တာပေါ့။
ဘာတွေနဲ့မတည့်တာလဲ၊ ဘယ်လိုရှောင်ရှားမလဲ။
- Antimalarial drugs
- Aspirin
- Nitrofurantoin
- Nonsteroidal anti-inflammatory drugs (NSAIDs)
- Quinidine
- Quinine
- Sulfa drugs
- mothballs( ပရုတ်လုံး)
- ပဲကြား စားခြင်းမှလဲရှောင်ကြည်သင့်ပါတယ်။ Broad beans အမျိုးအစား ကိုလဲ မစားသင့်ပါဘူး
- အထူးသဖြင့် သွေးနီဥဆုံးရှုံးခြင်းကို ဖြစ်ပေါ်စေတဲ့ ဆေးများ western ဆေးတွေဆိုရင် antibiodic, antimalaria, antipyretics တွေကို အထူးရှောင်ရမယ်၊ eastern ဆေး မသိတဲ့ဆေးတွေကိုလဲ မသောက်သင့်ပါဘုး၊ တစ်ချို့သော ငှက်ဖျားဆေးများကို အထူးပြု၍ ရှောင်ကြည်ပါ။
ဖြစ်တဲ့အချိန်မှာ အဓိက အားအင်များကုန်ဆုန်းမယ်၊သွေးအားနည်းမယ်၊ နှလုံးခုန်မြန်လာတတ်ပြီး အသက်ရှုမ၀ဖြစ်တတ်တယ်။ လူကဖြူဖတ်ဖြူရော်ဖြစ်မယ်။ တစ်ခါတစ်ခါ ဗိုက်အပေါ်ဘက်က အောင့်တတ် တယ်။ အဖျားလဲရှိတတ် ပြီး သွေးအရေးပေါ်လိုအပ်ပါတယ်။ ဆီးသွားတဲ့အခါမှာ ဆီးအရောင်က ညစ်နေတတ်ပါတယ်။ အသားလဲဝါတတ်တယ် ဆိုတာ သိထားရမယ်။
ယခုလို လက္ခဏာတွေ ဖြစ်ပေါ်လာပါက တတ်ကျွမ်းတဲ့ ဆရာဝန် များဆီ ကို ချက်ချင်းသွားရောက် ပြသရပါမယ်။
ဘယ်လိုကာကွယ်မလဲ။
လူတော်တော် များများက ကိုယ့်မှာ G6PD deficiency ရှိတယ်ဆိုတာကို မသိကြပါဘူး၊ ဒါပေမယ့် ဆေးရုံဆေးခန်းတွေမှာ စစ်ဆေးလို့ရပါတယ်။ အဓိက G6PD deficiency ရှိနေပြီ ဆိုကတည်း က ဆေးသောက်တဲ့ အခါ မှာ အထူးသတိထား သောက်သုံးသင့် ၍ ကာကွယ်လို့ရပါတယ်။ အခုလို ပဲကြားတွေ ဘာတွေ မစားရဘူးဆိုတာ သိသွားရောပေါ့၊ naphthalene ပါတဲ့ပစ္စည်း ( ပရုတ်လုံး)တို့ ကို လဲ မသုံးဘဲ ရှောင်ကြည်သင့်ပါတယ်။ ဆရာဝန်များ နှင့်လည်း တိုင်ပင် ကုထုံး များ၊ ဆောင်ရန် ရှောင်ရန်များ သိထား ခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်နော်။
ဝန်ခံချက်
ကျွန်တော်ကိုယ်တိုင် က G6PD deficiency ဆိုတော့ ကလေးအထူးကုဆရာဝန် ကြီး ဆေးမှား on ရာမှ အသည်းအသန် ၂ ကြိမ်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ငှက်ဖျားဆေးတွေဆို သေချာ မေးမြန်း ပြီးမှ သောက်သင့်ပါတယ်။ ဖြစ်တဲ့အချိန်မှာ သွေးအားပြန်ပြည့် ဖို့ သွေးအားတိုးစေတဲ့ အစားအစာ တွေကို စားသုံးပြီး ဆရာဝန်ဆီမှာစနစ်တကျပြသ သင့်ပါတယ်။ G6PD ချို့တဲ့ နေတဲ့လူတွေက သာမန် လူတွေနဲ့ တူတူပါပဲ၊ ဆေးသောက်သုံး တဲ့အခါ မှာသာ သတိလေး နဲ့ သောက်သုံးရုံပါပဲ။
အားလုံး ဗပာုသုတ ရရှိစေရန် ရည်ရွယ်၍ ဝေမျှခြင်းဖြစ်ပါသည်။ အမှားများပါခဲ့ရင်၊ လိုတာများရှိခဲ့ရင် အားမနာပဲ ထောက်ပြ စေလိုပါသည်။
ကျန်းမာသုခ ဥာဏသုခ နှင့် ပြည့်စုံပါစေလို့
စိုးယုနိုင်
ဖေဖော်ဝါရီ ၃ရက် ၂၀၁၄
အောက်ဖော်ပြပါ website များတွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။ မှီငြမ်းချက် အချို့မှာ စာစဉ်များမှ၊ website များမှ ဖြစ်ပါသည်။
http://www.g6pd.org/en/g6pddeficiency/researchpapers/meloni_03.aspx
အပေါ်က link က Research ပါ။ စိတ်ဝင်စားရင် သွားရောက်ဖတ်ကြည့်သင့်ပါတယ်။ data တွေရယ် distribution တွေပါ ပါဝင်ပါတယ်။
http://www.nlm.nih.gov/medlineplus/ency/article/000528.htm
http://g6pddeficiency.org/wp/living-with-g6pd-deficiency/drugs-to-avoid-list/#.UvBo8YWQnp5
http://www.aafp.org/afp/2005/1001/p1277.html
http://g6pddeficiency.org/wp/living-with-g6pd-deficiency/drugs-to-avoid-list/#.UvBo8YWQnp5
No comments:
Post a Comment