အခုလို ဆယ်တန်းအောင် ပြီးချိန်ဆိုရင် အမေတို့ အဖေတို့ အသိတွေက လာလာမေးကြလေ့ရှိတာက “သားလေးသမီးလေး နိုင်ငံခြားသွားချင်လို့ ဘာလုပ်ရမလဲ “ ဆိုတာပါဘဲ။ ဆယ်တန်းအောင်ပြီ ဆိုရင်ဖြင့် Australiaသွားမယ် Singapore သွားမယ် America သွားမယ် ပေါ့။ အမေတွေ အဖေတွေက ဦးစီး ဦးဆောင် ဆုံးဖြတ်ချက်တွေကြပေးကြတာပေါ့။ သားလေး သမီးလေး က America က ဘွဲ့ရမယ် ဆိုတာ တွေးပြီး ကြိုရင်ခုန်တာလဲ ပါမှာပေါ့... အန်တီ့သားလေးကလေ နိုင်ငံခြားသွားချင်တာ ဘာလုပ်ရမလဲ ဘယ်ကျူရှင် ကျောင်း အပ်ရမလဲ လာလာမေးရင် ပြန်ပြောဖြစ်တာက “သားလေးနိုင်ငံခြားသွားချင်ရင် ပထမဆုံး အမေ တွေ ၀င်မပါမှရမယ်လို့” ပြောဖြစ်တယ်။ နိုင်ငံခြားသွားစာသင်တာ ၁၀ တန်း ဆရာဒိုး မြန်မာစာ ကျူရှင်အပ် သလို လွယ်တယ်များ ထင်နေလားမသိဘူး။ မိဘ အနေနဲ့ ကောင်းစားချင်တာ မှန်ပေမယ့်လဲ ကလေးတွေကို ကိုယ်ပိုင် တွေးခေါ်ကြံဆနိုင်အောင် ပံပိုးပေးသင့်ပါတယ်။ အသက် ၁၈ နှစ်လောက်နဲ့ မိုင်ပေါင်း ၈၀၀၀ ကျော် (အမေရိကားကိုသွားမယ်ဆိုရင်) လောက်မှာ တစ်ယောက်တည်းနေထိုင်ရရင် အမေတွေအဖေတွေ က အနီးကပ် ဆုံးဖြတ်ပေးနိုင်မှာလားနော်။ နိုင်ငံခြား ပညာတော်သင် သွားမည့် အခါ ကာယကံရှင်ကိုယ်တိုင် က စူးစမ်း တက်ကြွမူရှိမှဘဲ အဆင်ပြေနိုင်မယ်လို့ ထင်တာပဲ။ နေရာတကာ အမေ့ကိုပဲ မေးခိုင်းလိုက်မယ်လို့တော့ ဘယ်ဖြစ်ပါ့မလဲ။ မိဘတွေကလဲ သားသမီး နောင်ရေးလမ်းမှာ က ကြီး က အ အထိ အသေးစိတ်လိုက်လုပ်ပေးနေမည့်အစား အသာလေး မှေးစောင့်ကြည့်ပြီး အကြံဥာဏ်ကောင်းလေးတွေ ပေးရင် သားသမီးတွေရဲ့ အရည်အသွေးတွေလဲ ပိုထက်မြက်လာမှာပေါ့နော်။
ဘာမှမပာုတ်ဘူး။ အန်တီတွေ ဘယ်ကျူရှင်အပ်ရမလဲ ဘယ်နိုင်ငံ လွတ်ရမလဲ လာလာမေးတာ ဖြေရတာ မောလာလို့။
ပုံ
ပုစွန်တောင်ဘုတ်ဘုတ်
true...I'm tired of giving advice haha
ReplyDelete