Wednesday, November 28, 2012

ဘွေးထုပ် ရဲ့ ဂုဏ်


“ညည့်နက်သန်းခေါင်ယံ…အိပ်မပျော်သေးချိန် ဂစ်တာလေးကို အဖော်ပြုရင်းတီးခတ်စဉ်
....မိုးပွင့်ကြယ်လေး ပြူထွက်ခဲ့သလို အဆောင် သူလေးရဲ့အရိပ်ကိုတွေ့ရင်…တီဆိုနေမယ် မင်းဖို့သီချင်းတွေ တစ်ညလုံးပဲ အင်းလျားလမ်းမပေါ်မှာလေ” ပောာင်းနွမ်းနွမ်း ပြာနုနု tape စက်လေး က သီချင်းသံလေး က နှင်းဆီတွေ ဝေနေတဲ့ အိမ်ရှေ့ဧည့်ခန်းလေးထဲမှာ ပြန့်လွင့်နေပါတယ်
“အဲ့ သီချင်းကလေ မေမေတို့ခေတ်က နာမည်ကြီးခဲ့တာပေါ့..မွန်းအောင် သီချင်းတွေ ကို အဆောင်က ကျောင်းသား တွေက မေမေတို့ အဆောင် ကို လာပြီး ဆိုကြတာပေါ့.” မေမေ က သူ့ ရဲ့ ရှေးပောာင်း tape ခွေလေးတွေကို ပြန်လည်စီရင်း ထုံးစံ အတိုင်း သူ့ရဲ့ ကျောင်းသူဘ၀၊ သူတို့ခေတ် ရဲ့ ကျော်ကြားတဲ့ အနုပညာရှင်တွေ အကြောင်း ကို အစချီ ဖို့ ဇာတ်လမ်းစနေပြီ.
“ အိုင် တို့ က တော့ စိုင်းထီးဆိုင် တို့၊ လွှမ်းမိုး တို့ကို အပီ ပဲာ ခဲ့တာပေါ့..ပာပာ..အဲ့တုန်းကဆို ညဖက်တိုင်း မိုးအလင်း သူငယ်ချင်းတွေနဲ့ ဂစ်တာလေးတီး သီချင်းတွေဆို လက်ဖက်သုပ်တွေစား ပြီး ပျော်စရာကြီးကွာ” အဖေ နဲ့ အမေ က စကားပြောရင် အိုင် နဲ့ယူ ဆိုပြီးပြောကြတယ်…အခု လဲ အိုင် က လေ ဆို ပြီး သူ့ ဇာတ်လမ်း ကို အမေကြီးကို အားကျမခံ ပြောနေပြန်ပီ…
“သီချင်းလေးတွေကတော့ နားထောင်လို့တော့ကောင်းသား…ဒါပေမယ့် သားကတော့စိုင်းစိုင်းတို့၊ ရဲလေးတို့ ကို ပဲ ကြိုက်တယ်…Rapping တွေကို free style ရွတ်တာ ဘယ်လောက် မိုက်လဲလို့ “
ပောာ ကြည့် အကိုအကြီးဆုံး က အကျီပွပွတွေဝတ် သူ့ ပေါင် နှစ်ဆ လောက်ရှိတဲ့ rapper ဘောင်းဘီ ဆိုတဲ့ ပာာ ကြီးကို မမ ပြီး rapping ရွတ် တာ ကို သဘော ကြနေ တာလေ..ခု လဲ အမေ့ မွန်းအောင် ကို သူကြိုက်တဲ့ J –me တို့ စိုင်းစိုင်းတို့ နဲ့ ယှဉ်နေပြန်ပြီ…
 “ပဲာ့ ပဲာ့ ဘာ စိုင်းစိုင်း တွေ ဒိုင်းဒိုင်းတွေ လုပ်နေတာလဲ..ကျုပ်တို့ခေတ်တုန်းက ဆိုရင် ဓါတ်ပြားခေတ်လေ..သွားလေသူ ကြီး က နေ့တိုင်း သူ့ဓါတ်ပြားစက်ကြီး နဲ့ ပာင်္သာတ ထွန်းရင် တို့ ၊ မာမာအေး တို့ကို နားထောင်ခဲ့ကြတာပေါ့..သီချင်းကြီးတွေဆို လဲ ဘယ်လောက်ကောင်းလောက်လဲ..အဓိပ္ပါယ်ရှိလိုက်တာမှ နင်တို့ ဘာတဲ့ မိကလီ လား မိစန္ဒီ လား အေး ဒင်း တို့ နဲ့တော့ကွာပ”
ကဲ ကြည့် အဖွားတော် က လဲ သူ့ရဲ့ ဓါတ်ပြားပောာင်းကြီး ကို ဖွင့်လေပြီ…မေကြီးစလိုက်တဲ့ မွန်းအောင် ဇာတ်လမ်း က ဇာတ်ရှိန်မြင့်လာပြီ…သားကတော့ အဖွား ပြောတဲ့ မာမာအေးလဲမသိဘူး..အမေရဲ့ သီချင်းတွေလဲ နားမထောင်ဖူးဘူး..အဖေ့ရဲ့ ခင်မောင် တိုး တောင် tape ခွေမှာ တွေ့ဖူးလို့သိတာ..အကိုရဲ့ ၀ူးဝူးဝါးဝါး ပာာတွေဆို ပိုဆိုး...
“ပဲာလို ပောာင်းအာယူ”  “ပာိုင်းဒီချယ် သက်(စ်) အိုင်အမ်ဖိုင်း၊ အန် ယူ”
“ပောာ ဆရာမတောင် ရောက်လာပြီပဲ..သူတို့ ကျောင်းကပွဲ လဲ နီးလာပြီနော် ဆရာမ …အဲ့တာ သူ့ကို သီချင်း နဲ့ ကတာ လုပ်ပေးပါအုန်း ဆရာမရယ်”
ပာုတ်တယ် သား တို့ အင်္ဂလိပ်ကျောင်း မှာ နောက်အပါတ် ကပွဲရှိတယ်…အဲ့တာ သားက အရွေးခံရတယ်လေ..အဲ့တာ “ Que Sara Sara” သီချင်းဆို ပြီးကရမှာတဲ့..
“ Well, let’s sing Que Sera Sera, သားသား” ဒီချယ်က သူ့ရဲ့ လယ်ဒါ အိတ်ကြီးထဲ က အိုင်ပတ်လေးထုတ်ပြီး သီချင်း အသံချပေးပါတယ်
“When I was just a little boy, I asked my mother, What will I be?
Will I be pretty, Will I be rich? Here what she said to me
“Que Sera Sera, whatever will be, will be.”
သားလဲ ဆရာမပြောတဲ့ အတိုင်း တတွေမလွဲဆိုပြီး ပျင်းတာနဲ့ရေ သောက် ချင် တယ်ဆိုပြီး အိမ်နောက်ဖေး ကို ထွက်လာခဲ့ပါတယ်
“၀ါဆိုဝါခေါင် ရေတွေကြီးလို့သပြေသီးမှဲ့ ကောက်စို့ကွယ်” အိမ်နောက်မေး က ပူစူးမ ကို သားနပ်ခါးပဲကျား နဲ့ သူ့မောင် လေး ကို ချော့သိပ်နေပါတယ်..”ပဲာ့သမီး ဒီနှစ်လွတ်လပ်ရေး သီချင်းဆိုပြိုင်ပွဲ ကျရင် ဘွေးထုပ် နဲ့ တက်ကပာယ်…ငါတို့တုန်းကဆို တွန်တေးသိန်းတံရဲ့ အသီးတရာ အညာ တစ်ခု နဲ့ ပွဲ ကျခဲ့တာပဲာ့” ပူစူးမ အမေ က သူ့နို့ညာကောင် ကို စာပြနေရင်း သူ့သမီးကို အားပေးနေသေးတယ်..
“ပဲာ့ကောင်လေး ရေသောက် တာ က လဲ နှစ်ကမ္ဘာ လောက်ကြာတယ်ပာယ်…နောက်နေ့ ငါ ရေဘူး ကော သေးဘူးကော ချပေးထားမယ်…စာသင်ရမယ် မရှိသေးဘူး ရေပေါက်လောက် သေးပေါက်လောက် နဲ့ မပြီးနိုင်ဘူး…ပွာန်း” ပောာ မေကြီး အော် နေပြီး…မြန်မြန် သွားမှ နို့မို့ဆို စာသင်ပြီး ရင် ဂိမ်းဆော့ရမယ့် အခွင့်အရေးလေး လွတ်သွား ဦးမယ်..
“Okay, let’s start again”
ကဲ သားလဲ သီချင်းပြန်ဆိုရတော့မယ်…ပြီးရင် ဂိမ်းဆော့ရရင် ပြီးတာပဲ…
“When I was just a little boy, I asked my mother, What will I be?
Will I be pretty, Will I be rich? Here what she said to me
“Que Sera Sera, whatever will be, will be.”
အိမ်ရှေ့ ဧည့်ခန်း ထဲမှာတော့ နှင်းဆီတွေလဲ ဝေတုန်း အမေ့ရဲ့ မွန်းအောင် သံနေလဲ ပျောက်သွား ပြီ..အဖေ့ ခင်မောင် တိုး လဲ ဘုတ်စတေး ပေါ့ အစ်ကို ကတော့ နားကျပ်နဲ့ သီချင်းတွေနားထောင်နေပြီး ပါးစပ်က လဲ ပွစိပွစိ နဲ့၊ အဘွား တစ်ယောက်လဲ သူ့အခန်းထဲမှာ သွားလေသူ ကို လွမ်းဆွတ်သတိရလို့ မာမာအေး သီချင်း တောင် မညီးနိုင်တော့ပါဘူး…

“ငါတို့ကြက်ဖနိုင်နိုင် ရွှေဖလားနဲ့ကြက်သားကိုင်…နင်တို့ကြက်ဖရှုံးရှုံး ကြေးဖလားနဲ့ ကြက်ချေးတုံး”
အိမ်နောက်ဖက်ကပြင်မှာတော့ပူစူးမ တစ်ယောက် သစ်သားချောင်း ကို မိုက်ကရိုဖိုး ပာန်လုပ်ပြီး အဆိုလေ့ကျင့်နေလေရဲ့…သူ့အမေက တော့ ကော်နီ သီချင်းထဲကအတိုင်း သူ့ယောင်္ကျား ကို ကော်လန်ပေါ်မှာ နှုတ်ခမ်းနီ သူလေလိမ်တာ မိပြီ မိသက်နဲ့တွေ့ခဲ့လား ကော်လန်ပေါ်ကအနီ စက် တရားခံဘယ်သူလဲပော့ လို့အော်နေပြန်ပါပြီ…

ရေး
၂၉၊၁၁၊၂၀၁၂
မနက်၂ နာရီ

No comments:

Post a Comment

Popular Posts