ငါနဲ့တူတူရှိနေပေးခဲ့တဲ့... မင်းတို့
ငါနဲ့တူတူရယ်မောခဲ့တဲ့... မင်းတို့
ငါနဲ့တူတူအတန်းတက်ခဲ့တဲ့.. မင်းတို့
ငါ့ကိုအားပေးခဲ့တဲ့..... မင်းတို့
ငါ့နဲ့တူတူကျောင်းပြေးခဲ့တဲ့... မင်းတို့
ငါနဲ့projectတူတူထွက်ခဲ့တဲ့ မင်းတို့
ငါနဲ့တူတူTripထွက်ခဲ့တဲ့ မင်းတို့
ငါ့ကိုချစ်ခင်ခဲ့ကြတဲ့ မင်းတို့
ငါနဲ့တူတူငိုခဲ့ကြတဲ့ မင်းတို့
ငါနဲ့တူတူကျရူံခဲ့ကြတဲ့ မင်းတို့
ငါနဲ့တူတူပေါခဲ့ကြတဲ့ မင်းတို့
ငါ့ကိုမေတ္တာဓါတ်တွေပေးတဲ့ မင်းတို့
ရေမြေရပ်ခြား မှာရှင်သန်နေမယ့် မင်းတို့၊ငါတို့
အမိမြေမှာလူပ်ရှားနေမယ့် မင်းတို့ငါတို့
ဘ၀အတွက်ပေးဆပ်နေကြတဲ့ မင်းတို့ငါတို့
ကမ္ဘာရဲ့ တစ်နေရာ မှာ ရှိ နေ ဦးမယ့် မင်းတို့၊ငါတို့
ကြယ်တွေစုံတဲ့ညတစ်ည မှာတော့...အားလုံးပြန်ဆုံနိုင်ကောင်းရဲ့.....
ရေး
စာရေးသူကို အောက်တိုဘာ လ ၄ ရက် နေ့ ၁၉၉၄ မှာ ရန်ကုန်မြို့ တွင် ဖွားမြင်ပါတယ် ဘာရယ် မပာုတ် ကိုယ့် ပတ်ဝန်းကျင် က အကြောင်းအရာလေးတွေ၊ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးတွေ ကို စာစီကုံးလို့ ရေးချင်မိတာပါ. နုနယ်တဲ့အတွေးအခေါ် မရင့်ကျက်တဲ့ အသိဥာဏ်ကြောင့် စာများ ထဲမှာ အမှားအယွင်း များပါခဲ့လျှင် တောင်းပန်ပန်ကြားအပ်ပါသည်။
Wednesday, November 28, 2012
သူငယ်ချင်း
သူငယ်ချင်း တစ်ယောက်ဖျားနေတဲ့ အခါ ပြုစုပေး ချင်တာ သူငယ်ချင်း တစ်ယောက်ရဲ့စေတနာပါ
သူငယ်ချင်း တစ်ယောက်အားငယ်နေတဲ့အခါ အားပေချင်တာ သူငယ်ချင်း တစ်ယောက် ရဲ့ ဆန္ဒ ပါ
သူငယ်ချင်း တစ်ယောက်အကူအညီလိုတဲ့အခါ ကူညီပေးချင်တာ သူငယ်ချင်း တစ်ယောက်ရဲ့ မေတ္တာပါ
သူငယ်ချင်း တစ်ယောက်အောင်မြင်နေတဲ့အခါ ဂုဏ်ပြုပေးချင်တာ သူငယ်ချင်းတစ်ယောက် ရဲ့ မုဒိတာပါ
သူငယ်ချင်းတစ်ယောက် ကျရူံးနေတဲ့အခါ ပြန်လည်ကောင်းမွန်စေချင်တာ သူငယ်ချင်းတစ်ယောက် ရဲ့ ကိုယ်ချင်းစာမူပါ
သူငယ်ချင်းတစ်ယောက် ကိုအမြဲပျော်စေချင်တာ သူငယ်ချင်းတစ်ယောက် ရဲ့ ခံစားမူပါ..
ကိုယ်ချစ်ရတဲ့သူငယ်ချင်းတွေ ကိုယ့်ရဲ့စေတနာ တွေကို နားမလည်နိုင်တဲ့အခါမှာ၊ ကိုယ့်ကိုသစ္စာဖေါက်တဲ့အခါမှာ သူငယ်ချင်းနောက်တစ်ယောက် ရဲ့ နွေးတွေးမူကို ရယူချင်တာ ကတော့ လူတစ်ယောက်ရဲ့ နှလုံသားတဲက အမှန်တရား တစ်ခုပါပဲ
သာလှသို့ပေးစာများ (၁)
သို့သာလှ
သာလှရေ…..ကျုပ်ရွာကထွက်သွားကတည်းက အဆက်အသွယ်တွေ ပြတ်နေတာနော်..ဘယ်လိုတုန်း…ကျန်းမာပါလို့လန်းဖြာရဲ့လား..ကျုပ်လဲခုမှ မြန်မာလိုရေးရတော့တယ်..သာလှရေ….ဒီမှာ မြန်မာလိုရေးဖို့နေနေသာသာ ဘိုလို ဘဲမှုတ်နေရတယ်..သူတို့လို ချိစ် သံတော့ ဘယ်ပာုတ်မလဲ…ငပိသံနဲ့talk ရတာပေါ့..အဲ့လဲ့ ကျုပ်အခု ဘိုလို လဲ နဲနဲ ပါးပါး ညပ်တသုံးမယ်နော်…ပဲာပဲာ..ဒါနဲ့အရီးတို့ ဘွားတော် တို့ မာရဲလားပော့…တို့အဖေ ကော အရင်လိုအလုပ်ရှုပ်ဆဲပဲလား…ကျုပ်လဲရွာကိုသတိရပါတယ်….ရွာမှာ က easy going life ဆိုတော့..ကျုပ်ပျော်ခဲ့တာပေါ့…ဒီမှာက ကိုယ့်အားကိုယ်ကိုး ပုဆိန်ရိုးကိုး…ဒါနဲ့ ပြောရဦးမယ် သာလှရေ….ဒီမှာ အစားအသောက်မကောင်းဘူးပာ…..သူတို့အစာ တွေ ငါတော့ ကြိုက်ပေါင်..ဘာတဲ့ Pepperoni ဆိုလား Salami ဆိုလား…ကျုပ်တို့ ရွာက ရှောက်သီးသုပ်နဲ့တောင် ယှဉ်လို့မရပါဘူး….ကျုပ်တော့ရွာပာင်း ရွာ ထမင်းကို လွမ်းတယ်…Mr Bean ကြည့်ရင်း ထမင်းနဲ့အသည်းအမြစ် စားခဲ့တာတွေ….တရုတ်တန်းက ရွာက တရုတ်မ ဘူးဘူးမနဲ့ ရခိုင်မုန့်တီအုပ်ခဲ့တာတွေလေ….သတိရတယ်…ဒါနဲ့ ပာို တောင်ညွန့် က ဂါးဂါး ကျွန်းစိန် ကတော့ ဒီမှာ အိုကေနေလေရဲ့…အဲ့မိန်းမက ရွာမှာတည်းက စပက်ကတီတို့ ပီဇာ တို့အုပ်တဲ့ မိန်းမလေ…သူဒီမှာ အိုကေမှာ ဆိုပြေနေလေရဲ့…ဒါနဲ့ သာလှရေ…ဒီမှာ အေးတထက် အေးလာပီ…ကြီးတော် ပေးလိုက်တဲ့စောင် တောင် မကယ်နိုင်တော့ပါဘူး..ဘွားတော်ထိုးပေးလိုက်တဲ့ scarf လေးတွေ ၀တ်နေရပီကွ..ဘွားတော်ကြီးကို သတိရတယ်လို့ သတင်းပါးပေးပါအုန်း နော်…ပာိုတလော က ကျုပ်ဖျားတယ်..ကျုပ်လေ မေတို့ဖေတို့ ပြုစုပေးတာတွေ သတိရလိုက်တာ….အဲ သာလှရေ…တို့အိပ်တော့မယ်…နောက်နေ့တွေ လှုပ်ရှားဖို့ကျုပ်အိပ်ရဦးမယ်….နောက်စာထပ်ရေးအုန်းမယ်….ရွာကိုလွမ်းတယ်ပော့…အားရင်စာပြန်လှည့်အုန်း…..
ရွာက ၂၄၃ ဘစ်ကြီးကိုသတိရနေတဲ့
မြို့ရောက် စိုးစိုး (သရပါ)
အိုဘယ်သူချင်း
ပာိုအရင်က အမှတ်တရ
တို့သူငယ်ချင်း ပေါင်းကာစုစုံ
ကျောင်းတော်ကြီးမှာ တူယှဉ်တွဲလို့
စာတွေပြိုင်ကာ တူကာကြိုးစား
အထက်တန်းကို အောင်မြင်ဂုဏ်ထူး
ကြည်နူးပျော်ရွင် ပြုံးပန်းဝေ၍
မြူးတူးပျော်ပါး ကုန်လွန်မိုးဆောင်း
အို...အိုဘယ်သူချင်း
လိုင်းစုံကွဲ၍ ခုများချိန်မှာ
ရင်မှာတမ်းတ တူမဆုံပြီ.
ဘ၀ဆန်ချီ လှော်ခတ်ပေပြီ။
စိုးယုနိုင်
၁၂.၁၀.၂၀၁၂
၁၁း၂၉
သာလှသို့ပေးစာများ (၂)
ပဲာ့ သာလှရေ...
စာမေးပွဲတွေ လဲ ပြီးပီ...အမှတ်တွေလဲသိပြီ...ကျောင်း၎ ၇က် ပိတ် လို့ ပြန်တောင် ဖွင့်နေပြီ...အမှတ်တွေ တော့ မပြောတော့ပါဘူး..ပဲာပဲာ...ဒီလိုပါပဲ ငသာလှရယ်....ဦးဆန်းအောင် (USA) မှာ လဲ ပျော်တယ်လဲမပာုတ် မပျော်ဘူးလဲမပာုတ်ပါဘူး..ခု တော့ စာလဲ သိပ်မများသေး..အတန်း တစ်ချို့လဲ ပြီးသွားပြီဆိုတော့ နဲနဲ အားယားနေတယ် ဆိုပါတော့...ကဲ ဒါတွေ ထားလိုက်ပါ. ကျုပ် တောသား မြို့ရောက် အတွေ့အကြုံတွေ ပြောရဦးမယ်...ကျုပ် NEW YORK CITY , Brooklyn ကိုသွားတုန်းကပေါ့..အော်..Brooklyn Bridge ကြီးပေါ်မှာဓါတ်ပုံတွေ အပီ ရိုက်တာပေါ့... ဒါနဲ့ NYC မှာတော့ LGBT တွေများလေရဲ့မြန်မာလို ဆိုရင်တော့ ယော်ကလျာ၊ မိန်းမလျာ၊ နှစ်ဖက်ချွန်၊ သုံဖက်ချွန် ပာိုချွန် ဒီ ချွန် အကုန်ချွန် ပေါ့ကွယ်...အဲ့တံတားကြီး ပေါ်မှာ ကောင်လေး နှစ်ယောက် က မြိန်ရေယှက်ရေ နှမ်းလို့ ကျုပ်တို့တောသား တွေ က တော့ အထူးအဆန်း ဦးဂျမ်း ဖြစ်နေတာပေါ့.. သူများတွေ က တော့ပာန်မပျက် ပန်မပျက် ပဲ...ကော့ကော့ ကော့ကော့ နဲ့လျှောက်နေကြတာ လေ..နယူးယောက် မြင်ကွင်းတွေ ပြောရင် ပြီးမှာမပာုတ်ဘူး...ဒါနဲ့ ကျုက်သောက်ရှက်တွေ ကွဲ တာ ပြောရ ဦးမယ်..သူတို့ဆီမှာ Metro တဲ့ subway တွေလေ...တောက မြို့ပတ်ရထား နဲ့တော့ လားလားမှမဆိုင်..သူတို့ဆီမှာ metro က နယူးယောက် ရဲ့ အသက်ကြိုးတစ်ချောင်း ဆိုလို မမှားဘူးပေါ့ကွာ..ကျုပ် လဲ ခပ်တည်တည် တစ်ခါစီး ကတ်လေးဝယ်..တောက ပာို အစီ နဲ့ အ၀င်း လဲ ပါပ...ကျုပ်တို့လဲ ပျော်ပျော်ကြီး metro စိးဖို့ subway gate ကို သွားကြတာပေါ့..အဲ့ မှာ စတာပဲ..ပာို အစီနဲ့ အ၀င်း ကတော့ ကတ်ဖြတ်ပြီး ငေါက်ငေါက် နဲ့ ၀င်သွားကော..့ကျုပ်လဲ ကတ်ဖြတ် ပြီး ၀င် မယ်ဆိုပြီး ရှေ့က အတန်း ကြီး ကို ပာန်လေးနဲ့ တွန်းတာပေါ့..."ဘန်း"ဆို အတန်းကြီးက ပိတ်သွားပြီး ၀င်လို့မရတော့ဘူး..အိုး ကျုပ်လဲ ရှက်ရှက်နဲ့ ကတ်ဖြတ် ထပ်တွန်းပေါ့..."ဘန်း" ဆို ပြီး ၀င်လို့မရပြန်ဘူး..အနောက်က လူကြီးကလဲ "hey man man ဆိုပြီး ဘာညာသလကာ အော် ကော" ကျုပ်လဲ ထူပူနေပြီ...ဒီတစ်ခါလဲ ကတ်ကို ထပ်ဖြတ်...ကပ်ကလဲ တစ်ခါတည်း နဲ့ ဖြတ်မရ ဘုရားစာတွေ ရွတ်ပြီး ပြန်ပြီး ကတ်ကို ဖြတ်ရပြန်ရော.. စိတ်ထဲမှာလဲ ဒီတစ်ခါတော့ "လာပော့" ဆိုပြီး ပာိုအကောင်စီစီ ပြတဲ့အတိုင်း အတန်းကြီးကို တွန်း ပြီး ၀င်လိုက်မှ ပဲ ရထား စီးဖို့ အထဲ ရောက်တော့မယ်...ကျုပ်မှာလဲ ရယ်အားထက် ငိုအားသန် ပေါ့..နောက်မှ သူတို့ပြောတာ ကျုပ်က ပြောင်းပြန်ကြီး တွန်းနေတာတဲ့..ရှက်လဲရှက် ၀မ်းလည်းနဲ ပိုက်ဆံ ဒေါ်လာ ၇ ဒေါ်လာ လောက်လဲနှမြော ပေါ့ ကျုပ်ကလဲ ဇေါက်ထိုး သမားကိုး သူများ က အတည့်ဆို ကျုပ်ကပြောင်းပြန်...သိတယ်မလား..အဲ့နေ့ က စကားတောင် မပြောနိုင်ပါဘူး...ဘာပဲပြောပြော ဦးဆန်းအောင် ရောက် အတွေ့အကြုံတစ်ခုပေါ့...ခုပြန်တွေးခုတောင် ရှက်တယ်..ပီားပီား..ခုတော့ တောသား အမောင် ကျုပ် လဲ အနဲငယ်တော့ လှည်လှ ပါပြီ...ကဲသာလှရေ..၀မ်းအရေး အပြေးလွေး လိုက်ဦးမယ်..ပာိုနေ့က ကြီးဒေါ် ရဲ့ ကြက်သားပာင်း နဲ့ ချဉ်ရည်ပာင်း အိမ်မက်မက်တယ်... အားလုံးကို သတိ၇တယ်လို့...ဒီတစ်ခါပြန်လာရင်...၂၄၃ ကြီး အ၀ စီးဦးမယ်...ကဲ သွားပြီ ငသာလှရေ....အားရင်ယားရင် စာရေးလဲ့..ဒါပဲ
တောက မင်းသမီးရှုးနေနေ မ နဲ့ ပာို စလုံးရောက်ဒေါ်ဝက်မ သမီး အိမ့်စန် ကို သတိရနေတဲ့
စိုးစိုး(သရပါ)
ခေတ္တ ဦးဆန်းအောင်
ဘွေးထုပ် ရဲ့ ဂုဏ်
“ညည့်နက်သန်းခေါင်ယံ…အိပ်မပျော်သေးချိန် ဂစ်တာလေးကို အဖော်ပြုရင်းတီးခတ်စဉ်
....မိုးပွင့်ကြယ်လေး ပြူထွက်ခဲ့သလို အဆောင် သူလေးရဲ့အရိပ်ကိုတွေ့ရင်…တီဆိုနေမယ် မင်းဖို့သီချင်းတွေ တစ်ညလုံးပဲ အင်းလျားလမ်းမပေါ်မှာလေ” ပောာင်းနွမ်းနွမ်း ပြာနုနု tape စက်လေး က သီချင်းသံလေး က နှင်းဆီတွေ ဝေနေတဲ့ အိမ်ရှေ့ဧည့်ခန်းလေးထဲမှာ ပြန့်လွင့်နေပါတယ်
“အဲ့ သီချင်းကလေ မေမေတို့ခေတ်က နာမည်ကြီးခဲ့တာပေါ့..မွန်းအောင် သီချင်းတွေ ကို အဆောင်က ကျောင်းသား တွေက မေမေတို့ အဆောင် ကို လာပြီး ဆိုကြတာပေါ့.” မေမေ က သူ့ ရဲ့ ရှေးပောာင်း tape ခွေလေးတွေကို ပြန်လည်စီရင်း ထုံးစံ အတိုင်း သူ့ရဲ့ ကျောင်းသူဘ၀၊ သူတို့ခေတ် ရဲ့ ကျော်ကြားတဲ့ အနုပညာရှင်တွေ အကြောင်း ကို အစချီ ဖို့ ဇာတ်လမ်းစနေပြီ.
“ အိုင် တို့ က တော့ စိုင်းထီးဆိုင် တို့၊ လွှမ်းမိုး တို့ကို အပီ ပဲာ ခဲ့တာပေါ့..ပာပာ..အဲ့တုန်းကဆို ညဖက်တိုင်း မိုးအလင်း သူငယ်ချင်းတွေနဲ့ ဂစ်တာလေးတီး သီချင်းတွေဆို လက်ဖက်သုပ်တွေစား ပြီး ပျော်စရာကြီးကွာ” အဖေ နဲ့ အမေ က စကားပြောရင် အိုင် နဲ့ယူ ဆိုပြီးပြောကြတယ်…အခု လဲ အိုင် က လေ ဆို ပြီး သူ့ ဇာတ်လမ်း ကို အမေကြီးကို အားကျမခံ ပြောနေပြန်ပီ…
“သီချင်းလေးတွေကတော့ နားထောင်လို့တော့ကောင်းသား…ဒါပေမယ့် သားကတော့စိုင်းစိုင်းတို့၊ ရဲလေးတို့ ကို ပဲ ကြိုက်တယ်…Rapping တွေကို free style ရွတ်တာ ဘယ်လောက် မိုက်လဲလို့ “
ပောာ ကြည့် အကိုအကြီးဆုံး က အကျီပွပွတွေဝတ် သူ့ ပေါင် နှစ်ဆ လောက်ရှိတဲ့ rapper ဘောင်းဘီ ဆိုတဲ့ ပာာ ကြီးကို မမ ပြီး rapping ရွတ် တာ ကို သဘော ကြနေ တာလေ..ခု လဲ အမေ့ မွန်းအောင် ကို သူကြိုက်တဲ့ J –me တို့ စိုင်းစိုင်းတို့ နဲ့ ယှဉ်နေပြန်ပြီ…
“ပဲာ့ ပဲာ့ ဘာ စိုင်းစိုင်း တွေ ဒိုင်းဒိုင်းတွေ လုပ်နေတာလဲ..ကျုပ်တို့ခေတ်တုန်းက ဆိုရင် ဓါတ်ပြားခေတ်လေ..သွားလေသူ ကြီး က နေ့တိုင်း သူ့ဓါတ်ပြားစက်ကြီး နဲ့ ပာင်္သာတ ထွန်းရင် တို့ ၊ မာမာအေး တို့ကို နားထောင်ခဲ့ကြတာပေါ့..သီချင်းကြီးတွေဆို လဲ ဘယ်လောက်ကောင်းလောက်လဲ..အဓိပ္ပါယ်ရှိလိုက်တာမှ နင်တို့ ဘာတဲ့ မိကလီ လား မိစန္ဒီ လား အေး ဒင်း တို့ နဲ့တော့ကွာပ”
ကဲ ကြည့် အဖွားတော် က လဲ သူ့ရဲ့ ဓါတ်ပြားပောာင်းကြီး ကို ဖွင့်လေပြီ…မေကြီးစလိုက်တဲ့ မွန်းအောင် ဇာတ်လမ်း က ဇာတ်ရှိန်မြင့်လာပြီ…သားကတော့ အဖွား ပြောတဲ့ မာမာအေးလဲမသိဘူး..အမေရဲ့ သီချင်းတွေလဲ နားမထောင်ဖူးဘူး..အဖေ့ရဲ့ ခင်မောင် တိုး တောင် tape ခွေမှာ တွေ့ဖူးလို့သိတာ..အကိုရဲ့ ၀ူးဝူးဝါးဝါး ပာာတွေဆို ပိုဆိုး...
“ပဲာလို ပောာင်းအာယူ” “ပာိုင်းဒီချယ် သက်(စ်) အိုင်အမ်ဖိုင်း၊ အန် ယူ”
“ပောာ ဆရာမတောင် ရောက်လာပြီပဲ..သူတို့ ကျောင်းကပွဲ လဲ နီးလာပြီနော် ဆရာမ …အဲ့တာ သူ့ကို သီချင်း နဲ့ ကတာ လုပ်ပေးပါအုန်း ဆရာမရယ်”
ပာုတ်တယ် သား တို့ အင်္ဂလိပ်ကျောင်း မှာ နောက်အပါတ် ကပွဲရှိတယ်…အဲ့တာ သားက အရွေးခံရတယ်လေ..အဲ့တာ “ Que Sara Sara” သီချင်းဆို ပြီးကရမှာတဲ့..
“ Well, let’s sing Que Sera Sera, သားသား” ဒီချယ်က သူ့ရဲ့ လယ်ဒါ အိတ်ကြီးထဲ က အိုင်ပတ်လေးထုတ်ပြီး သီချင်း အသံချပေးပါတယ်
“When I was just a little boy, I asked my mother, What will I be?
Will I be pretty, Will I be rich? Here what she said to me
“Que Sera Sera, whatever will be, will be.”
သားလဲ ဆရာမပြောတဲ့ အတိုင်း တတွေမလွဲဆိုပြီး ပျင်းတာနဲ့ရေ သောက် ချင် တယ်ဆိုပြီး အိမ်နောက်ဖေး ကို ထွက်လာခဲ့ပါတယ်
“၀ါဆိုဝါခေါင် ရေတွေကြီးလို့သပြေသီးမှဲ့ ကောက်စို့ကွယ်” အိမ်နောက်မေး က ပူစူးမ ကို သားနပ်ခါးပဲကျား နဲ့ သူ့မောင် လေး ကို ချော့သိပ်နေပါတယ်..”ပဲာ့သမီး ဒီနှစ်လွတ်လပ်ရေး သီချင်းဆိုပြိုင်ပွဲ ကျရင် ဘွေးထုပ် နဲ့ တက်ကပာယ်…ငါတို့တုန်းကဆို တွန်တေးသိန်းတံရဲ့ အသီးတရာ အညာ တစ်ခု နဲ့ ပွဲ ကျခဲ့တာပဲာ့” ပူစူးမ အမေ က သူ့နို့ညာကောင် ကို စာပြနေရင်း သူ့သမီးကို အားပေးနေသေးတယ်..
“ပဲာ့ကောင်လေး ရေသောက် တာ က လဲ နှစ်ကမ္ဘာ လောက်ကြာတယ်ပာယ်…နောက်နေ့ ငါ ရေဘူး ကော သေးဘူးကော ချပေးထားမယ်…စာသင်ရမယ် မရှိသေးဘူး ရေပေါက်လောက် သေးပေါက်လောက် နဲ့ မပြီးနိုင်ဘူး…ပွာန်း” ပောာ မေကြီး အော် နေပြီး…မြန်မြန် သွားမှ နို့မို့ဆို စာသင်ပြီး ရင် ဂိမ်းဆော့ရမယ့် အခွင့်အရေးလေး လွတ်သွား ဦးမယ်..
“Okay, let’s start again”
ကဲ သားလဲ သီချင်းပြန်ဆိုရတော့မယ်…ပြီးရင် ဂိမ်းဆော့ရရင် ပြီးတာပဲ…
“When I was just a little boy, I asked my mother, What will I be?
Will I be pretty, Will I be rich? Here what she said to me
“Que Sera Sera, whatever will be, will be.”
အိမ်ရှေ့ ဧည့်ခန်း ထဲမှာတော့ နှင်းဆီတွေလဲ ဝေတုန်း အမေ့ရဲ့ မွန်းအောင် သံနေလဲ ပျောက်သွား ပြီ..အဖေ့ ခင်မောင် တိုး လဲ ဘုတ်စတေး ပေါ့ အစ်ကို ကတော့ နားကျပ်နဲ့ သီချင်းတွေနားထောင်နေပြီး ပါးစပ်က လဲ ပွစိပွစိ နဲ့၊ အဘွား တစ်ယောက်လဲ သူ့အခန်းထဲမှာ သွားလေသူ ကို လွမ်းဆွတ်သတိရလို့ မာမာအေး သီချင်း တောင် မညီးနိုင်တော့ပါဘူး…
“ငါတို့ကြက်ဖနိုင်နိုင် ရွှေဖလားနဲ့ကြက်သားကိုင်…နင်တို့ကြက်ဖရှုံးရှုံး ကြေးဖလားနဲ့ ကြက်ချေးတုံး”
အိမ်နောက်ဖက်ကပြင်မှာတော့ပူစူးမ တစ်ယောက် သစ်သားချောင်း ကို မိုက်ကရိုဖိုး ပာန်လုပ်ပြီး အဆိုလေ့ကျင့်နေလေရဲ့…သူ့အမေက တော့ ကော်နီ သီချင်းထဲကအတိုင်း သူ့ယောင်္ကျား ကို ကော်လန်ပေါ်မှာ နှုတ်ခမ်းနီ သူလေလိမ်တာ မိပြီ မိသက်နဲ့တွေ့ခဲ့လား ကော်လန်ပေါ်ကအနီ စက် တရားခံဘယ်သူလဲပော့ လို့အော်နေပြန်ပါပြီ…
ရေး
၂၉၊၁၁၊၂၀၁၂
မနက်၂ နာရီ

Subscribe to:
Posts (Atom)
Popular Posts
-
စဉ်းစားဖြစ်ပါတယ်။ အသက်လေး နဲနဲရလာတာနဲ့ အမျှ ဖြစ်တည်မူများရဲ့ မတည်မြဲမူ ကို အနည်းငယ် နားလည်လာရပါတယ်။ နားလည်လာတာ နဲ့အမျှ gratitude တန်ဖိုး...
-
ပဲာ့သာလှရေ.... ဖွဘုတ်မှာ မမြင်တာကြာပ။ ဘယ်တွေရောက်လို့ ဘယ်တွေပေါက်နေတာလဲ။ ကြည့်ရတာ ရွာမှာ EPC က မီးမဖြတ်တော့လို့ ရုပ်ရှင်ကားတွေ ...
-
အချိန်တွေကလဲ ကုန်တာမြန်လှပါပိ။ အသက်တွေလဲကြီးလာပြီ၊ လောဘတွေလဲ များလာပြီ။ အော်..ဘာလိုလိုနဲ့ အမေရိကန်နိုင်ငံကြီးမှာ စာသင်တာ တစ်နှစ်ခွဲ တောင်...
-
၃.၁၂.၂၀၁၂ မြူတွေကလဲဆိုင်း မိုးပေါက်လေးတွေကလဲ ကျ...ဒီနေ့ အတန်းတစ်တန်းပိတ်လို့ လေ..အခု နေ့ခင်း က စပြီးအားသွား ပြီ..ဒီေ...
-
ခုတလော Fianl နီးလာပါပြီ ဆိုမှ blogging ရောဂါ စွဲကပ်နေပြန်ပြီ...Tumblr လေး check လုပ်လိုက်...Flickr မှာ အကောင့်တွေလုပ်...blog ကိုလဲ နေ့စဉ် po...