Wednesday, December 5, 2012
အားကျမိခြင်း
ခုတလော Fianl နီးလာပါပြီ ဆိုမှ blogging ရောဂါ စွဲကပ်နေပြန်ပြီ...Tumblr လေး check လုပ်လိုက်...Flickr မှာ အကောင့်တွေလုပ်...blog ကိုလဲ နေ့စဉ် post လေးတစ်ခုတော့တင်ဖြစ်နေတယ်..
ကဲ...အဲ့ဒါ blog ကမမ ကြယ်ကြွေချိန် ဆို တဲ့ blog ကိုဖတ်ပြီး inspiration တွေရနေတာပေါ့...သူ့ကိုအားကျ...သူရေးတာတွေဖတ်ပြီး...blogging ကိုကြိုက်သွားတယ် ဆိုပါတော့...သူ့ကိုတုပ၍လိုက်ရေးခြင်းမပာုတ်ပါ...(ကြိုတင် excuse ပီား)
ကဲ ခု အတန်းပြေးဖို့တော့ ၁၀ မိနစ်လောက်ပဲကျန်တော့တယ်...စာကလဲရေးချင်နေမိ...ခက်ဧ။်..ကဲ ကဲ ပာို blogger မမ လို နေ့စဉ်ဘ၀ လှုပ်ရှားမူတွေ...အတွေးအခေါ်လေးတွေကို ပာာသာလေးလဲပါ...ရသလေးလဲ နှော...ရေးချင်နေမိသာ တော့အမှန်ပဲ....ကဲဒါဆို ရင်...အမြဲတမ်း တစ်နေ့တာကိုယ်ဖြစ်ခဲ့တာလေးတွေ...ကိုယ်သိတမျှလေးတွေကို ဖော အဲ မျှဝေပေးချင်တာပါ..ပဲာပဲာ...ဒီနေ့ကစပြီး...ဘ၀မှာ အားလုံးကို တတ်နိုင်သမျှ အကောင်းမြင်...(မမြင်နိုင်သေးပါဘူး..ပဲာ)ပျှော်ပျှော်နေလို့ ထွက်ပေါက်ခါးကို စားရေးခြင်းသော့နဲ့ ဖွင့်လှစ်ပြီးတော့ ကျွန်တော့် ရဲ့ ရွှေရောင်အနာဂါတ်နေ့သစ်တွေကို အားနဲ့အင်နဲ့ ဖြတ်သန်းပါမယ်...ကဲအတန်းနောက်ကျပြီတော့...ပာိုကြယ်ကြွေချိန် မကြီးကို ရှဲရှဲပါလို့
Tuesday, December 4, 2012
အဝေးသို့
ပာုတ်တယ်...ဒီနေ့ပဲ...
ဒီလို နှင်းတွေဝေ နေတဲ့ အချိန်...ဒီလိုနေ ရောင် မတွေ့ရတဲ့နေ့လေးပေါ့...
၂၀၀၉ ဒီဇင်ဘာလ ၂၂ ရက်မှာပေါ့....
 ရင်ထဲက မောလာသဖြင့် ကုတင်ဘေးနားက ရေဘူး ယူကာသောက်လိုက်ရသည်။ ဒီတစ်ခေါက်ဆေး သွင်းပြီးကတည်းက လူကနေလို့မကောင်း.ပိုလဲမောလာသည်။ အစားလဲမ၀င်တော့.၀င်လေထွက်လေ မှတ်ရန် ကြိုးစားသော်လည်း အသက်ရူကျပ်သလို ခံစားရ၏။ ဒီလိုည တွေကို ကျွန်တော် အမုန်းဆုံး။ ဆေးရုံနံ တွေကိုကျွန်တော်မုန်းတယ်၊ လူနာတွေရဲ့ ညဉ်းသံ တွေကိုလဲ ကျွန်တော်ကြောက်တယ်၊  ကျွန်တော့် ခုတင် ဘေးနား က လူနာတွေဆုံး သွား ပြီး ခေါထုတ်သွားတဲ့မြင်ကွင်းတွေကို လဲ ကျွန်တော်စိတ်ကုန်လာ ပါပီ...ဒါပေမယ့် ကျွန်တော် သေရမှာကို တော့ မကြောက်ဘူး ဗျ..ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့လို ကင်ဆာ ရောဂါ တွေ အတွက် သေခြင်းပာာ နိဗ္ဗာန် ပဲလေ. အောင်မြင်မူကိုလဲကျွန်တော် မမက်မောပါဘူး..ကျော်ကြားမူကိုလို မလိုချင်တော့ပါဘူး..ဘ၀မှာ အရေးကြီးဆုံးလို့ထင်ရတဲ့ ငွေ တွေကိုလဲ ကျွန်တော်မရှာခဲ့ချင်ပါဘူး.ဒါပေမယ့် အမေ အဖေ  ကိုတော့ ကျေးဇူးဆပ်ချင်တာပေါ့၊ အဲ့လိုပါပဲဒါ့ကျွန်တော်ဖြစ်နေကျ ပါပဲ...အိပ်လို့မပြောတဲ့ ညတွေဆို အဆုံးမသတ်နိုင်တဲ့ အတွေးတွေ ကို တွေးရတာ ကိုကျွန်တော်ကြိုက်လာပြီလေ၊
"ဆေးထိုးပေးပါ...့ကျွန်မကိုဆေးထိုးပေးပါ...ဆေးထိုးပေးကြပါ"
 ပောာ ကြားလား..ပာိုဘက် အမျိုးသမီး ဆောင် က အော် နေတာလေ...နာလွန်းလို့နေမှာပေါ့..သူတို့အသံတွေကိုသာ ဂရုစိုက်နေရင် ကျွန်တော်လဲ အိပ်လို့ရမှာ မပာုတ်တော့ဘူးလေ..ကျွန်တော်အားရှိအောင်အိပ်ရမယ်..ဆရာဝန်ကပြောထားသေးတယ်..နောက်တစ်ပါတ်ဆေးသွင်း မှာတဲ့..အားရှိအောင်နေထားတဲ့.
.............................အပိုင်း(၂)....................................................................................................
 "သူငယ်ချင်း ၊ သက်သာလား၊ စားလို့ကောဝင်လား၊ မနေ့က အိပ်လို့ကော ပျော့်ရဲ့လား " Alvin က ကျွန်တော့်ကို သတိတရ လာမေးသည်။ Wandy တို့ Carol တို့က တော့ ပာိုဘက် က အဘွာြး့ကီးတွေနဲ့ အဖွဲ့ကျနေတယ်..
"အေး.မနေ့ကဆေး သွင်းထားတာလေ..ဒီလိုပါပဲကွ.ငါအားရှိအောင် အိပ်ရမယ်လေ.ညက ကောင်းကောင်းအိပ်မပြောဘူးကွ"
"အေး ဒါဆိုလဲ ငါ ဘုန်းဘုန်းတို့ အဆောင်ဘက်သွားလိုက်ဦးမယ်..မင်းအတွက်ငါတို့ စာအုပ်တွေယူလာတယ်..ထားခဲ့မယ်နော်" Alvin က နူတ်ဆက်ကာ ဘုန်းတော်ကြီးဆောင်ကိုထွက်သွားသည်။
Alvin တို့ Wandy တို့ Carol တို့က ကျွန်တော်တို့ နားခိုနေတဲ့ ကင်ဆာဖောင်ထေးရှင်း မှာ လုပ်အားပေးလာလုပ်ကျတာလေ..
့USသွားရင် experiences ရအောင်ဆိုလားပဲ..သူတို့က ကျွန်တော်နဲ့ အသက်တူတူ လေ..ဒါကြောင့် သူတို့နဲ့ ခင်တယ်လေ.
ဒီကိုသူတို့က တစ်ပါတ် တစ်ခါ လာကြတယ်..့ကျွန်တော် တို့လို ကင်ဆာရောဂါ သည်တွေ နဲ့ စကားပြောပေးတယ်..ပြီးရင်တော့ သူတို့ပြန်သွားကြတယ်၊ ဘာပဲဖြစ်ဖြစ် သူတို့ နဲ့ စကား ပြောလိုက်ရတဲ့ အချိန်မှာ ကျွန်တော် ကိုယ့်ကိုကိုယ် လူကောင်း တစ်ယောက် လို ခံစားရတယ်၊ နာတာတွေကို မေ့သွားတယ်..သူတို့က အပြုံးတွေကိုယူဆောင်လာပေးတယ်လေ..့နေ၀င်ချိန်ကို စောင့်နေရတဲ့ လူတွေ အဖို့ သူတို့ ရဲ့ ကြင်နာမူ တွေပာာ ခွန်အားတွေဖြစ်စေတယ်. ဒါကြောင့် ကျွန်တော် ဘုရားရှိခိုးတိုင်း သူတို့ ကို မေတ္တာ ပို့ပေးတယ်
"တောင်" ပောာ ထမင်းစားဆောင် က အချက်တောင်ပေးနေပြီ။ အချိန်တွေက လဲမြန်လိုက်တာနော်..ထမင်းကိုတော့ ကိုတာ နဲ့ ပဲ ယူခိုင်းလိုက်တော့မယ်..
"ကိုတာရေ ကျွန်တော့်ကို ထမင်း လေးယူလာပေးပါနော် " "အေးပါ ပာ မင်းစားနိုင်ပါ့မလားကွ.ဒီနေ့ပာင်း တော့ ကောင်းမယ်ထင်တာပဲ ငါလာပို့ပေးမယ် " ကိုတာက ကျွန်တော့် ပန်းကန် နဲ့ သူ့ပန်းကန် ကိုယူကာ ထမင်းစားဆောင် ကို ထွက်သွားသည်။
ကြက်သားတစ်တုံးနဲ့ ချဉ်ရည်ပာင်း ပါလား..ပာင်း မြင် ပြီး ကျွန်တော် ထမင်းစားချင်စိတ်ဖြစ်လာသည်။ ခေါင်းအုံး ကိုနောက် မှီကာ ထမင်းစား ရန် ခုံကို ခုတင်ပေါ အရင်တင်ရမည်။ ခုတလောလော ဘာလုပ် လုပ် မောချင်လာသည်။   ချဉ်ရည်ပာင်းလေးကိုရွဲရွဲ လေးဆမ်း ပြီး ထမင်းနဲ့ ကြက်သား ကို နယ်စားရင် စားကောင်းတယ် လို့ မေမေပြောဖူးတယ်.."အိုး...အန်ချင်လိုက်တာ." စိတ်ညစ်တယ်. ဒီလို ဆေးသွင်းရင် ၁၀ ရက်လောက်တော့ ခံရပြီပဲ..မေမေ  က လဲ တစ်ပါတ် မှ တစ်ခါပဲ လာနိုင်ကြတယ်..မေမေ  လာရင် မေမေ က ချော့မော့ ကျွေးတော့ အစာ က ၀င်သေးတယ်..ခုတော့ဘာမှစားချင်စိတ်ကို မရှိတော့ဘူး..ထမင်းပန်းကန်လေး ကို ဘေးနားက စားပွဲပေါ ပြန်တင် ပြီး.. Alvin ထားခဲ့တဲ့ စားအုပ်လေးတွေကို မွှေ ကြည့်မိတယ်..TIME Magazine တဲ့...ကျွန်တော် ဆွဲယူလိုက်မိသည်။ ဘာလို့လဲ ဆိုတော့ Magazine တွေ မှာ နိုင်ငံခြား က အနုပညာရှင် တွေ ဓါတ်ပုံတွေ ပါတယ်လေ.အဲ့ဓါတ်ပုံတွေကို ကျွန်တော် ဖြတ်ဖြတ်ပြီး သိမ်းထားတတ်တယ်..အမှတ်တရပေါ့
ပောာ Lady Ga Ga ဆိုပါလား..ဆန်းပြားလှတဲ့ သူ့ ၀တ်စားထားပုံ က မြန်မာ မျက်စိနဲ့ ကြည့်ဖို့ဆိုတာ ခဲယဉ်းလှပါတယ်..ဘာပဲဖြစ်ဖြစ် ကျွန်တော့် Note Book ထဲ လေးထုတ် ကာ Lady Ga Ga ဆိုပြီး မှတ်ထားလိုက်သည်။ ဒီတစ်ခါ Alvin တို့လာရင် မေးရမယ်....
သြော် သက်တူရွယ်တူ တွေဆို ပေမယ့်လဲ  သူတို့ ဘ၀ပေး ကံ ကကောင်းလိုက်တာနော်...US ဆိုတဲ့ နေရာကြီးမှာ စာတွေသွားသင်ကြမယ်တဲ့..Alvin က ဗိသုကာ ဆိုလားယူမယ်တဲ့...Carol တို့က အင်ဂျီနီယာ လိုင်းဆိုလားပဲ...သူတို့ တွေမှာ တော့ အိမ်မက်တွေကို စီ နဲ့ပေါ့လေ..ဒါကို ကျွန်တော် စိတ်ဓါတ်မကျပါဘူး.. ကျွန်တော် ရဲ့ ဘ၀ပေးကုသိုလ်ကံပေါ လေ..ကျွန်တော့်မှာလဲ အိမ်မက် တစ်ခုရှိပါတယ်ဗျ...ညီညာပြန့်ပြူးတဲ့ သဲသောင်ပြင်ကြီး ရှိတဲ့ ကမ်းခြေ မှာ ကျွန်တော်ရယ် ဖေဖေရယ် မေမေရယ်  စက်ဘီးတူတူစီးချင်တယ်..စွန်လေးလဲတူတူလွှတ်ချင်တယ်လေ..ဖေဖေ လည်း ကျွန်တော်တို့ မိသားစုကို ပြန်လည် ချစ်ခင်တတ်မယ့် တစ်ရက်မှာ တော့ ကျွန်တော့် အိပ်မက်လေး ပြည့်လာနိုင်မယ်ထင်ရတာပဲ.
.....................................ဇာတ်သိမ်း.................................................................................................
 ဒီနေ့ မနက်တော့ ကျွန်တော်စောစော နိုးလာခဲ့တယ်...အားတွေလည်းပြည့်နေသလိုခံစားရတယ်....့နေမင်းကြီးကလည်းထွက်ဖို့တာဆူနေပြီ...လှလိုက်တာနော်...့ကျွန်တော် ၀င်းထဲ ဆင်းလမ်းလျှောက်ချင်လာသည်။ ကျွန်တော်တို့ နေတဲ့ နေရာလေးပာာ ကင်ဆာရောဂါရှင်တွေ အတွက်တော့  တော်တော်အဆင်ပြေပါတယ်..ဒီထဲရောက်လာကတည်း က သေမယ့်လူတွေပဲလေ...တစ်ယော်ပြီးတစ်ယောက် ရောက်လာ...တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြ နဲ့ ပာုတ်နေတာပါပဲ ...ဒါပေမယ့် ကျွန်တော် တို့ အားလုံး စိတ်ဓါတ်မကျ ကြပါဘူး...သေမှာကြိုသိရတဲ့အတွက် ၀မ်းတောင်သာပါသေးတယ်...သံသရာ အတွက်ပြင်ဆင်ချိန်လေး ရတာပေါ့.....ပာိုတွေး ဒီတွေးနဲ့ ၀င်း တစ်ပတ်တောင် ပြည့်သွားပြီ...ပောာ ဆရာဝန်ကြီးလာပြီ...ကျွန်တော်တို့ရဲ့ ဝေဒနာတွေကို ကုသ ပေးတဲ့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ကြီးလေ၊ " နေကောင်းလား..ဆေးသွင်းပြီး လမ်းတောင်လျှောက်နေပလားး အေး အေးး ကောင်းတယ်ပော့ " ဆရာကြီး ရဲ့ စေတနာ သံတွေပာာ ဖောင်ထေးရှင်း တစ်ခုလုံးပြန့် နှံနေပါပြီ....့ကျွန်တော်လဲဒီနေ့ နောက်ဆုံးဆေးသွင်းရမယ့်နေ့လေ........
" ပော့ကောင်လေး ဆေးသွင်း ရမယ်လေ..အော် လာ လာ ဆရာ တောင်ရောက်နေပြီ ပာာကို " အနီရောင် သူနာပြုဆရာမလေး တွေ က ကျွန်တော့်ကိုလာခေါ ကြပြီ ၊ သူတို့ တွေက ပွစိပွစိ နဲ့ အမြဲတမ်းအဲ့လို အော်နေတော့တာပဲ ."လာပြီ လာပြီ ဆရာမ ကလဲ ခန လေးပဲပာာ ကို " ကျွန်တော် စောဒက တက်ကာ ဆေးသွင်းဖို့ အခန်းထဲ ၀င်သွားလိုက်သည်။
ပောာ..မေမေ တောင် ရောက်နေပြီပဲ..." ကဲ သား မေမေ စောင့်နေတာ သားကို၊ သား နေကောင်းလား၊ သက်သာရဲ့လား ၊သားကြိုက်တဲ့ ပူတင်း ဆေးသွင်းပြီးရင် စားမယ်နော်.မေမေ စောင့်နေမယ် " မေမေ က အဲ့ဒါတွေ ချစ်ဖို့ကောင်းတာ. သားအကြိုက်အကုန် ထည့်လာတယ်..အဲ့လောက်ချစ်ဖို့ကောင်းတဲ့ မေမေ ကို ဖေဖေ က ဘာလို့ မချစ်လဲ မသိပါဘူး အဲ့တာတွေထားပါတော့ ခုဆေးသွင်းဖို့ အရင်လုပ်ရဦးမယ်..." ကဲ သား ခန နားလိုက်ဦးနော်..၂ နာရီလောက်ပဲ နောက်ဆုံးအလုံးပါပဲကွ " ဆရာကြီး က ကျွန်တော့် လက်ကို ဆုပ်ကာ ပြောသွားသည်။ ကျွန်တော့် မျက်ခွံတွေလေးလာသည်။ခေါင်းလဲနဲနဲ မူလာသည်။ မေမေရဲ့ ဘုရားစာရွတ်သံလေးကိုကြားနေရတယ်....ကျွန်တော့် နာမည် ကို ခေါနေကြသံ ကိုလဲ ကြားနေရတယ်
......................................................................................................................................
လေနုအေးက တဖြူးဖြူးတိုက်ခတ်နေတယ်...မေမေက ဖေဖေ ပေးဖူးတဲ့ ပုဝါလေးကို ခြုံထားတယ်
ကျွန်တော်ရယ် ဖေဖေရယ် က စွန် လွှတ်ဖို့လေ သင့်ရာကို ဦးတည်နေကြတယ်...
မေမေကပြောတယ် သုံးယောက်တူတူ စက်ဘီးစီးရအောင်တဲ့......ညီညာပြန့်ပြူးတဲ့သဲသောင်ပြင်မှာတဲ့လေကျွန်တော်ရယ် မေမေရယ် ဖေဖေရယ် စက်ဘီးတူတူစီးကြတယ်...ရုတ်တရက် ကျွန်တော်ကော  ကျွန်တော့် စက်ဘီးလေးကော ပင်လယ်လိုင်းတွေက ခေါသွားကြတယ်...ကျွန်တော်က အော် ကာ မေမေ့ ကို ခေါနေတယ်...မေမေက တော့  ဖေဖေပေးတဲ့ ပုဝါလေးကို ခြုံထားကာ ဖေဖေ့ကို မှီကာ ငိုနေတယ်..့ ကျွန်တော် မေမေ ရော ဖေဖေ ကို့ပါ အော်ခေါနေမိတယ်...မေမေနဲ့ဖေဖေက တော့ ကမ်းစပ်မှာရပ်ကြည့်နေလေရဲ့.......................................
မှတ်ချက်..ဒီဝတ္ထုတိုလေးကို မနှစ်က ၂၀၁၁ ခုနှစ်က သြဂုတ်လ ၁၉ ရက် မှာ ရေးပြီး facebook ပေါ်တင်ခဲ့ပါတယ်...စာလုံးအသုံးအနှုန်းများမှားနေပြီး..မူရင်း အရေးအသား ကိုတင်ပြ ချင်လို့ ပြင်ဆင်ချက်မရှိဘဲ မူလအတိုင်းပြန်တင်ပေးလိုက်ပါတယ်
Monday, December 3, 2012
ကြယ်စင်တစ်ခုဖြစ်ပါစေသား
ကျွန်တော့် ဘ၀မှာ ကြယ်
၆ပွင့်နဲ့ဆုံခဲ့တယ်....၆ပွင့်သောကြယ်ထဲ မှာမှ ထူးထူးခြားခြားဓူဝြံကယ် လေးတစ်ပွင့်ပါခဲ့တယ်..သူကတော့ မိုးတဲ့...အဲ့ဓူဝံကြယ် လေးက လှတယ်..တောက်ပတယ်...ရှင်းလင်းတယ်...
နောက်ကြယ်တစ်ပွင့် က နှင်းတဲ့...သူကလေ ပြတ်သားတယ်...ဓူဝံလို မျိုးမလှဘူး..သူက အားပြင်းတယ်..ရဲတောက်တယ်..
 စန္ဒီ ဆို တဲ့ကြယ်လေး က တဲ့ သူ့ပာာ နဲ့သူ လှပတယ်..ရိုးစင်းပြီး...မှိတ်တုပ်မှိတ်တုပ် လင်းလက်တယ်
ကြယ် ပွင့် ထဲ မှာ ရှည်ရှည်မျောမျော ကြယ်တစ်ပွင့်လဲ ပါပြန်ရော..သူကတော့ ပညာ တဲ့...ထူးခြားတယ်..တောက်ပတယ်..လင်းလက်တယ်...တစ်ခါတစ်ခါ သူ က ကြွေကျချင်တယ်...
အဲ့ ပညာ ကြယ်လေးကို ၀န်းရံနေတြဲ့ကြယ် ညီအမရှိတယ်..သူတို့ က တပူးပူးတတွဲတွဲ သူတို့က ဓူဝံလို မျိုး တစ်ကိုယ်တော် မလင်းဘူး...နှစ်ယောက် ပေါင်း ပြီး လှပတယ်..လင်းလက်တယ်..ကိုယ်ပိုင် အစွမ်း သတ္တိရှိတယ်ပေါ့
ကြယ်ပွင့်လေး တွေ နဲ့ တွေ့ဖြစ်ပုံကတော့ မဆန်းပြားသလို ရိုးလဲမရိုးစင်းလှပါဘူး..ကြယ်ပွင့်အားလုံးကို တွေ့ခဲ့တဲ့ နေရာ က လေ ရန်ကုန် မြို့ ပဲခူး ကလပ် က အမေရိကန်စင်တာ မှာပေါ့.
ကျွန်တော်က လေ ဓူဝံကြယ်လေးကို အရင် ရှာဖွေတွေ့ရှိခဲ့တာ...မိုးက အနုပညာ ပါရမီ ရှိတယ်..အဆိုကောင်းတယ်...အတီးတော်တယ်..သီချင်း ကို ခံစားတတ်တယ်...ဓါတ်ပုံ ရိုက်တော်တယ်..ရုပ်ရှင်လေးတွေ ကို လဲ စိတ်ဝင်စားတယ်...သူကတော့ အနုပညာ ကြယ်ပွင့်လေးပေါ့
 အဲ့ ကြယ်လေး ကို ဆွတ်ချင်တဲ့ ပုရိသ တွေက လဲ ထုနဲ့ဒေးပေါ့...ကျွန်တော်က တဲ့ အဲ့ကြယ်လေး ကို ကောင်းကင် မှာ အလှကြည့်ချင်တယ်...သူကကြယ်ဆို ကျွန်တော်က သူရောင်ပြန်ပာပ်ဖို့ လမင်း ကြီး ဖြစ်ချင်တာပါ...ဓူဝံကြယ် မိုးက တော့ ပြည့်စုံ ပြီးသားပါ...
နှင်း...နှင်း...ဒီ နှင်းကတော့ အနုပညာ ပိုးတော့ရှိတယ်...အနုပညာ ကို မခံစားတတ်ဘူး...သီချင်းတွေအော် ဆို အမျိုးအမည် မသိတဲ့အက တွေနဲ့ ကမယ်..အသံဗြဲကြီးနဲ့အောင် ချင် အော်မယ်..သူလေးက ရဲရင့်ပါတယ်..ထက်မြက်တယ်...ယုံကြည်မှု ရှိတယ်....ဒီ ကြယ်လေး နဲ့ကတော့ သူ့ယုံကြည်မှု တွေနဲ့ ဆက်လက် ထွန်းတောက်နေဦးမှာပဲ...သူ့ကို တွေ့ တာ က Travel wriitng အတန်းမှာပေါ့...
နောက် ပညာ ကြယ် ကလဲ အနုပညာ ဓါတ်ခံရှိတယ်...စန္ဒီ ကြယ်နဲ့လိုက်တယ်..ပုံစံလဲတူတယ်...ဒီကြယ်လေးနှစ်ပွင့် က လဲ AC မှာ အတူတူ လင်းလက်ခဲ့ကြတာပေါ့..
နောက် ပာို ကြယ် ညီအစ်မ အိမ့်နဲ့ ဆု က တော့ သူတို့ပာာနဲ့ သူတို့ထူးခြားတယ်..အနုပညာ ကိုတော့ သိပ် မလှုပ်ရှားဘူး...ဖက်ရှင်ကြယ် နှစ်ပွင့် လို့ခေါ် ရင်လဲ မမှားဘူး ၂၁ ရာစု ရဲ့ ကြယ်နတ်သမီး နှစ်ပါးပေါ့..
သူတို့ အလှ လေး တွေ က နုတယ် ပျိုတယ်...သူတို့ဆီ မှာ ရင့်ကျက်တဲ့ အလှ တော့ မတွေ့ရသေးဘူး အပြစ်ကင်းတဲ့ ရောင်ခြည် အလှလေးတွေကို သူတို့ လေးတွေ ထိန်းသိမ်း တတ်ကြပါစေ..
ပညာကြယ်ရယ် စန္ဒီကြယ်ရယ် အိမ့်နဲ့ဆု ကြယ် ညီအမ ကို လဲ AC မှာ ပဲ ကျွန်တော်နဲ့ဆုံတွေ့ခဲ့ကြတာပါ..
ဒီကြယ်ခြောက်ပွင့် ပာာ American Center မှာ လင်းလက်ခဲ့ ၊ လင်းလက်ဆဲ ကြယ်လေးတွေ ဖြစ်တယ်
ဒါဆို ကျွန်တော် က ကော ကြယ်တစ်ပွင့် မှ ပာုတ်လေစွ...ကျွန်တော် က ကြယ်ခုနှစ်ခု စုံမှ ဖြစ်တဲ့ခုနှစ်စင်ကြယ်လေ..
ဒီကြယ်လေးတွေမှာ အမှတ်တရ ဇာတ်လမ်းလေးတွေ ရှိခဲ့တယ်...ဒီထဲကကြယ် ပွင့်လေး လေးပွင့် က ရေခြားမြေခြား မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြပါတယ်..
တစ်နေ့နေ့ မှာ ဒီ ကြယ် စင် ခုနှစ်ပွင့် က အတူတူ လင်းလက်နေကြမှာပေါ့...
ဓူဝံ မိုးရယ်..နှင်းရယ်..ပညာကြယ်ရယ်..စန္ဒီရယ်..အိမ့်နဲ့ဆု ကြယ်စင် ရယ်...စိုး ဆိုတဲ့ ခုနှစ်စင်ကြယ် လေး တစ်စု ကောင်းကင် မှာလင်းလက်ပါစေသား
ပာိုမရောက် ဒီမရောက် ဒိုင်ယာရီ
၃.၁၂.၂၀၁၂
                       မြူတွေကလဲဆိုင်း မိုးပေါက်လေးတွေကလဲ ကျ...ဒီနေ့ အတန်းတစ်တန်းပိတ်လို့ လေ..အခု နေ့ခင်း က စပြီးအားသွား ပြီ..ဒီတော့ အားတုန်းလေး အတွေး နယ်ချဲ့ရမှာပေါ့ လူတွေ နဲ့နေရတာ လဲ မပျော်ပါဘူး..လူဆို ထဲ က လူကမျိုးစုံ စိတ်ကအထွေထွေ...ကိုယ့်ကို တိုင် လဲ ကောင်းလား ပြန်မေးတယ်..မကောင်းပါဘူး...ကိုယ်လဲ လူ တစ်ယောက်ဖြစ်တဲ့အတွက် မနာလိုမူ၊ မုန်းတီးမှု တွေ ရှိတာပေါ့..သောက်ချင်ကတ်တဲ့ လူလဲရှိတယ်..ကြည့်မရ တဲ့ လူလဲ ရှိတယ်...သဘောမကျတဲ့လူလဲရှိတာပေါ့နော်..ကိုယ့်ကို နားလည် သဘော ပေါက်ပေးတဲ့ လူဆို တာ ရှားလှပါတယ်..အိပ်တောင်အိပ်ချင်လာပြီ....ဆက်ပြောပါ့မယ်..ကိုယ့်ကို ရော အမြင်ကတ်တဲ့လူ၊ ကြည့်မရတဲ့လူ၊ မလိုလားတဲ့လူ၊ မနာလိုတဲ့လူ ရှိတာပဲ ၊ ရှိဦးမှာပဲ၊ ကိုယ်က လဲ စိတ်ထားကောင်း လူကောင်းသူကောင်း ထဲမှာ မပါပါဘူး...ဒါကိုလဲ သိပါတယ်..ကိုယ် က လဲ သောက် မြင်ကတ်ခံ အောင် ပြုမူ ဆက်ဆံတာကိုး..ပြင်ရမယ်..ကိုယ့်ကို ကိုယ် ကြိုးစားပြင်ရမယ်..အဖေ ပြော သလို မကောင်းတာရှိရင်ပြင်ရမယ်..စိတ်ဓါတ်လေးကောင်းအောင် မြင့်တင်ရမယ်...သူများအပြောမခံ ချင်ရင် ကိုယ် က အနေမှန် အပြောမှန် အပြုအမူမှန် ရမှာပေါ့...ကိုယ် ဆို တဲ့လူ က လဲ သူများ အပြော ကို တစ်စက် မှ ခံချင်တာမပာုတ်...လေသံ မာရင်တောင် ကြိုက်တာမပာုတ်...ကလေးဆန်တယ်ပဲပြောပြော..မရင့်ကျက်ဘူးလို့ပဲ ပြောပါစေ...ကိုယ် ပာာ ကိုယ် ပဲဖြစ်ချင်ပါတယ်.....တစ်နေ့မှာတော့ စိတ်ထားမှန် အကောင်းမြင် တဲ့သူ အဖြစ်တော့ရပ်တည်သွားမှာပါ...ဆယ့်ရှစ်နှစ်အရွယ် မှာတော့ အသိဥာဏ်ရင့်ကျက်မှု က လိုနေတာ တော့ အမှန်ပဲ..နောက်ရက်တွေလည်း emotional ဖြစ်နေရဦးမယ်....ဘ၀မှာစိတ်ထားလေးကအဓိက ပါ..
ကျွန်တော်လဲ ကြိုးစားနေပါတယ်....တစ်နေ့ တော့ မိဘ ဖြစ်စေချင်တဲ့ သားကောင်းရတနာ..လူ့လောက အတွက် လဲ အကျိုှးရှိစေမယ့် လူသားတစ်ယောက်တော့ဖြစ်ချင်ပါတယ်...
Wednesday, November 28, 2012
ဆုံလည်
ငါနဲ့တူတူရှိနေပေးခဲ့တဲ့...      မင်းတို့
ငါနဲ့တူတူရယ်မောခဲ့တဲ့...      မင်းတို့
ငါနဲ့တူတူအတန်းတက်ခဲ့တဲ့.. မင်းတို့
ငါ့ကိုအားပေးခဲ့တဲ့.....           မင်းတို့
ငါ့နဲ့တူတူကျောင်းပြေးခဲ့တဲ့... မင်းတို့
ငါနဲ့projectတူတူထွက်ခဲ့တဲ့    မင်းတို့
ငါနဲ့တူတူTripထွက်ခဲ့တဲ့         မင်းတို့
ငါ့ကိုချစ်ခင်ခဲ့ကြတဲ့               မင်းတို့
ငါနဲ့တူတူငိုခဲ့ကြတဲ့                မင်းတို့
ငါနဲ့တူတူကျရူံခဲ့ကြတဲ့            မင်းတို့
ငါနဲ့တူတူပေါခဲ့ကြတဲ့              မင်းတို့
ငါ့ကိုမေတ္တာဓါတ်တွေပေးတဲ့   မင်းတို့
ရေမြေရပ်ခြား မှာရှင်သန်နေမယ့် မင်းတို့၊ငါတို့
အမိမြေမှာလူပ်ရှားနေမယ့်           မင်းတို့ငါတို့
ဘ၀အတွက်ပေးဆပ်နေကြတဲ့      မင်းတို့ငါတို့
ကမ္ဘာရဲ့ တစ်နေရာ မှာ ရှိ နေ ဦးမယ့် မင်းတို့၊ငါတို့
ကြယ်တွေစုံတဲ့ညတစ်ည မှာတော့...အားလုံးပြန်ဆုံနိုင်ကောင်းရဲ့.....
ရေး
သူငယ်ချင်း
သူငယ်ချင်း တစ်ယောက်ဖျားနေတဲ့ အခါ ပြုစုပေး ချင်တာ သူငယ်ချင်း တစ်ယောက်ရဲ့စေတနာပါ
သူငယ်ချင်း တစ်ယောက်အားငယ်နေတဲ့အခါ အားပေချင်တာ သူငယ်ချင်း တစ်ယောက် ရဲ့ ဆန္ဒ ပါ
သူငယ်ချင်း တစ်ယောက်အကူအညီလိုတဲ့အခါ ကူညီပေးချင်တာ သူငယ်ချင်း တစ်ယောက်ရဲ့ မေတ္တာပါ
သူငယ်ချင်း တစ်ယောက်အောင်မြင်နေတဲ့အခါ ဂုဏ်ပြုပေးချင်တာ သူငယ်ချင်းတစ်ယောက် ရဲ့ မုဒိတာပါ
သူငယ်ချင်းတစ်ယောက် ကျရူံးနေတဲ့အခါ ပြန်လည်ကောင်းမွန်စေချင်တာ သူငယ်ချင်းတစ်ယောက် ရဲ့ ကိုယ်ချင်းစာမူပါ
သူငယ်ချင်းတစ်ယောက် ကိုအမြဲပျော်စေချင်တာ သူငယ်ချင်းတစ်ယောက် ရဲ့ ခံစားမူပါ..
ကိုယ်ချစ်ရတဲ့သူငယ်ချင်းတွေ ကိုယ့်ရဲ့စေတနာ တွေကို နားမလည်နိုင်တဲ့အခါမှာ၊ ကိုယ့်ကိုသစ္စာဖေါက်တဲ့အခါမှာ သူငယ်ချင်းနောက်တစ်ယောက် ရဲ့ နွေးတွေးမူကို ရယူချင်တာ ကတော့ လူတစ်ယောက်ရဲ့  နှလုံသားတဲက အမှန်တရား တစ်ခုပါပဲ
သာလှသို့ပေးစာများ (၁)
သို့သာလှ
          သာလှရေ…..ကျုပ်ရွာကထွက်သွားကတည်းက အဆက်အသွယ်တွေ ပြတ်နေတာနော်..ဘယ်လိုတုန်း…ကျန်းမာပါလို့လန်းဖြာရဲ့လား..ကျုပ်လဲခုမှ မြန်မာလိုရေးရတော့တယ်..သာလှရေ….ဒီမှာ မြန်မာလိုရေးဖို့နေနေသာသာ ဘိုလို ဘဲမှုတ်နေရတယ်..သူတို့လို ချိစ် သံတော့ ဘယ်ပာုတ်မလဲ…ငပိသံနဲ့talk ရတာပေါ့..အဲ့လဲ့ ကျုပ်အခု ဘိုလို လဲ နဲနဲ ပါးပါး ညပ်တသုံးမယ်နော်…ပဲာပဲာ..ဒါနဲ့အရီးတို့ ဘွားတော် တို့ မာရဲလားပော့…တို့အဖေ ကော အရင်လိုအလုပ်ရှုပ်ဆဲပဲလား…ကျုပ်လဲရွာကိုသတိရပါတယ်….ရွာမှာ က easy going life ဆိုတော့..ကျုပ်ပျော်ခဲ့တာပေါ့…ဒီမှာက ကိုယ့်အားကိုယ်ကိုး ပုဆိန်ရိုးကိုး…ဒါနဲ့ ပြောရဦးမယ် သာလှရေ….ဒီမှာ အစားအသောက်မကောင်းဘူးပာ…..သူတို့အစာ တွေ ငါတော့ ကြိုက်ပေါင်..ဘာတဲ့ Pepperoni  ဆိုလား Salami ဆိုလား…ကျုပ်တို့ ရွာက ရှောက်သီးသုပ်နဲ့တောင် ယှဉ်လို့မရပါဘူး….ကျုပ်တော့ရွာပာင်း ရွာ ထမင်းကို လွမ်းတယ်…Mr Bean ကြည့်ရင်း ထမင်းနဲ့အသည်းအမြစ် စားခဲ့တာတွေ….တရုတ်တန်းက ရွာက တရုတ်မ ဘူးဘူးမနဲ့ ရခိုင်မုန့်တီအုပ်ခဲ့တာတွေလေ….သတိရတယ်…ဒါနဲ့ ပာို တောင်ညွန့် က ဂါးဂါး ကျွန်းစိန် ကတော့ ဒီမှာ အိုကေနေလေရဲ့…အဲ့မိန်းမက ရွာမှာတည်းက စပက်ကတီတို့ ပီဇာ တို့အုပ်တဲ့ မိန်းမလေ…သူဒီမှာ အိုကေမှာ ဆိုပြေနေလေရဲ့…ဒါနဲ့ သာလှရေ…ဒီမှာ အေးတထက် အေးလာပီ…ကြီးတော် ပေးလိုက်တဲ့စောင် တောင် မကယ်နိုင်တော့ပါဘူး..ဘွားတော်ထိုးပေးလိုက်တဲ့ scarf  လေးတွေ ၀တ်နေရပီကွ..ဘွားတော်ကြီးကို သတိရတယ်လို့ သတင်းပါးပေးပါအုန်း နော်…ပာိုတလော က ကျုပ်ဖျားတယ်..ကျုပ်လေ မေတို့ဖေတို့ ပြုစုပေးတာတွေ သတိရလိုက်တာ….အဲ သာလှရေ…တို့အိပ်တော့မယ်…နောက်နေ့တွေ လှုပ်ရှားဖို့ကျုပ်အိပ်ရဦးမယ်….နောက်စာထပ်ရေးအုန်းမယ်….ရွာကိုလွမ်းတယ်ပော့…အားရင်စာပြန်လှည့်အုန်း…..
                                                                                                                                ရွာက ၂၄၃ ဘစ်ကြီးကိုသတိရနေတဲ့
                                                                                                                                             မြို့ရောက် စိုးစိုး (သရပါ)
အိုဘယ်သူချင်း
ပာိုအရင်က အမှတ်တရ
တို့သူငယ်ချင်း ပေါင်းကာစုစုံ
ကျောင်းတော်ကြီးမှာ တူယှဉ်တွဲလို့
စာတွေပြိုင်ကာ တူကာကြိုးစား
အထက်တန်းကို အောင်မြင်ဂုဏ်ထူး
ကြည်နူးပျော်ရွင် ပြုံးပန်းဝေ၍
မြူးတူးပျော်ပါး ကုန်လွန်မိုးဆောင်း
အို...အိုဘယ်သူချင်း
လိုင်းစုံကွဲ၍ ခုများချိန်မှာ
ရင်မှာတမ်းတ တူမဆုံပြီ.
ဘ၀ဆန်ချီ လှော်ခတ်ပေပြီ။
 စိုးယုနိုင်
၁၂.၁၀.၂၀၁၂
၁၁း၂၉
သာလှသို့ပေးစာများ (၂)
ပဲာ့ သာလှရေ...
တောက မင်းသမီးရှုးနေနေ မ နဲ့ ပာို စလုံးရောက်ဒေါ်ဝက်မ သမီး အိမ့်စန် ကို သတိရနေတဲ့
စိုးစိုး(သရပါ)
ခေတ္တ ဦးဆန်းအောင်
ဘွေးထုပ် ရဲ့ ဂုဏ်
“ညည့်နက်သန်းခေါင်ယံ…အိပ်မပျော်သေးချိန် ဂစ်တာလေးကို အဖော်ပြုရင်းတီးခတ်စဉ်
....မိုးပွင့်ကြယ်လေး ပြူထွက်ခဲ့သလို အဆောင် သူလေးရဲ့အရိပ်ကိုတွေ့ရင်…တီဆိုနေမယ် မင်းဖို့သီချင်းတွေ တစ်ညလုံးပဲ အင်းလျားလမ်းမပေါ်မှာလေ” ပောာင်းနွမ်းနွမ်း ပြာနုနု tape စက်လေး က သီချင်းသံလေး က နှင်းဆီတွေ ဝေနေတဲ့ အိမ်ရှေ့ဧည့်ခန်းလေးထဲမှာ ပြန့်လွင့်နေပါတယ်
“အဲ့ သီချင်းကလေ မေမေတို့ခေတ်က နာမည်ကြီးခဲ့တာပေါ့..မွန်းအောင် သီချင်းတွေ ကို အဆောင်က ကျောင်းသား တွေက မေမေတို့ အဆောင် ကို လာပြီး ဆိုကြတာပေါ့.” မေမေ က သူ့ ရဲ့ ရှေးပောာင်း tape ခွေလေးတွေကို ပြန်လည်စီရင်း ထုံးစံ အတိုင်း သူ့ရဲ့ ကျောင်းသူဘ၀၊ သူတို့ခေတ် ရဲ့ ကျော်ကြားတဲ့ အနုပညာရှင်တွေ အကြောင်း ကို အစချီ ဖို့ ဇာတ်လမ်းစနေပြီ.
“ အိုင် တို့ က တော့ စိုင်းထီးဆိုင် တို့၊ လွှမ်းမိုး တို့ကို အပီ ပဲာ ခဲ့တာပေါ့..ပာပာ..အဲ့တုန်းကဆို ညဖက်တိုင်း မိုးအလင်း သူငယ်ချင်းတွေနဲ့ ဂစ်တာလေးတီး သီချင်းတွေဆို လက်ဖက်သုပ်တွေစား ပြီး ပျော်စရာကြီးကွာ” အဖေ နဲ့ အမေ က စကားပြောရင် အိုင် နဲ့ယူ ဆိုပြီးပြောကြတယ်…အခု လဲ အိုင် က လေ ဆို ပြီး သူ့ ဇာတ်လမ်း ကို အမေကြီးကို အားကျမခံ ပြောနေပြန်ပီ…
“သီချင်းလေးတွေကတော့ နားထောင်လို့တော့ကောင်းသား…ဒါပေမယ့် သားကတော့စိုင်းစိုင်းတို့၊ ရဲလေးတို့ ကို ပဲ ကြိုက်တယ်…Rapping တွေကို free style ရွတ်တာ ဘယ်လောက် မိုက်လဲလို့ “
ပောာ ကြည့် အကိုအကြီးဆုံး က အကျီပွပွတွေဝတ် သူ့ ပေါင် နှစ်ဆ လောက်ရှိတဲ့ rapper ဘောင်းဘီ ဆိုတဲ့ ပာာ ကြီးကို မမ ပြီး rapping ရွတ် တာ ကို သဘော ကြနေ တာလေ..ခု လဲ အမေ့ မွန်းအောင် ကို သူကြိုက်တဲ့ J –me တို့ စိုင်းစိုင်းတို့ နဲ့ ယှဉ်နေပြန်ပြီ…
 “ပဲာ့ ပဲာ့ ဘာ စိုင်းစိုင်း တွေ ဒိုင်းဒိုင်းတွေ လုပ်နေတာလဲ..ကျုပ်တို့ခေတ်တုန်းက ဆိုရင် ဓါတ်ပြားခေတ်လေ..သွားလေသူ ကြီး က နေ့တိုင်း သူ့ဓါတ်ပြားစက်ကြီး နဲ့ ပာင်္သာတ ထွန်းရင် တို့ ၊ မာမာအေး တို့ကို နားထောင်ခဲ့ကြတာပေါ့..သီချင်းကြီးတွေဆို လဲ ဘယ်လောက်ကောင်းလောက်လဲ..အဓိပ္ပါယ်ရှိလိုက်တာမှ နင်တို့ ဘာတဲ့ မိကလီ လား မိစန္ဒီ လား အေး ဒင်း တို့ နဲ့တော့ကွာပ”
ကဲ ကြည့် အဖွားတော် က လဲ သူ့ရဲ့ ဓါတ်ပြားပောာင်းကြီး ကို ဖွင့်လေပြီ…မေကြီးစလိုက်တဲ့ မွန်းအောင် ဇာတ်လမ်း က ဇာတ်ရှိန်မြင့်လာပြီ…သားကတော့ အဖွား ပြောတဲ့ မာမာအေးလဲမသိဘူး..အမေရဲ့ သီချင်းတွေလဲ နားမထောင်ဖူးဘူး..အဖေ့ရဲ့ ခင်မောင် တိုး တောင် tape ခွေမှာ တွေ့ဖူးလို့သိတာ..အကိုရဲ့ ၀ူးဝူးဝါးဝါး ပာာတွေဆို ပိုဆိုး...
“ပဲာလို ပောာင်းအာယူ”  “ပာိုင်းဒီချယ် သက်(စ်) အိုင်အမ်ဖိုင်း၊ အန် ယူ”
“ပောာ ဆရာမတောင် ရောက်လာပြီပဲ..သူတို့ ကျောင်းကပွဲ လဲ နီးလာပြီနော် ဆရာမ …အဲ့တာ သူ့ကို သီချင်း နဲ့ ကတာ လုပ်ပေးပါအုန်း ဆရာမရယ်”
ပာုတ်တယ် သား တို့ အင်္ဂလိပ်ကျောင်း မှာ နောက်အပါတ် ကပွဲရှိတယ်…အဲ့တာ သားက အရွေးခံရတယ်လေ..အဲ့တာ “ Que Sara Sara” သီချင်းဆို ပြီးကရမှာတဲ့..
“ Well, let’s sing Que Sera Sera, သားသား” ဒီချယ်က သူ့ရဲ့ လယ်ဒါ အိတ်ကြီးထဲ က အိုင်ပတ်လေးထုတ်ပြီး သီချင်း အသံချပေးပါတယ်
“When I was just a little boy, I asked my mother, What will I be?
Will I be pretty, Will I be rich? Here what she said to me
“Que Sera Sera, whatever will be, will be.”
သားလဲ ဆရာမပြောတဲ့ အတိုင်း တတွေမလွဲဆိုပြီး ပျင်းတာနဲ့ရေ သောက် ချင် တယ်ဆိုပြီး အိမ်နောက်ဖေး ကို ထွက်လာခဲ့ပါတယ်
“၀ါဆိုဝါခေါင် ရေတွေကြီးလို့သပြေသီးမှဲ့ ကောက်စို့ကွယ်” အိမ်နောက်မေး က ပူစူးမ ကို သားနပ်ခါးပဲကျား နဲ့ သူ့မောင် လေး ကို ချော့သိပ်နေပါတယ်..”ပဲာ့သမီး ဒီနှစ်လွတ်လပ်ရေး သီချင်းဆိုပြိုင်ပွဲ ကျရင် ဘွေးထုပ် နဲ့ တက်ကပာယ်…ငါတို့တုန်းကဆို တွန်တေးသိန်းတံရဲ့ အသီးတရာ အညာ တစ်ခု နဲ့ ပွဲ ကျခဲ့တာပဲာ့” ပူစူးမ အမေ က သူ့နို့ညာကောင် ကို စာပြနေရင်း သူ့သမီးကို အားပေးနေသေးတယ်..
“ပဲာ့ကောင်လေး ရေသောက် တာ က လဲ နှစ်ကမ္ဘာ လောက်ကြာတယ်ပာယ်…နောက်နေ့ ငါ ရေဘူး ကော သေးဘူးကော ချပေးထားမယ်…စာသင်ရမယ် မရှိသေးဘူး ရေပေါက်လောက် သေးပေါက်လောက် နဲ့ မပြီးနိုင်ဘူး…ပွာန်း” ပောာ မေကြီး အော် နေပြီး…မြန်မြန် သွားမှ နို့မို့ဆို စာသင်ပြီး ရင် ဂိမ်းဆော့ရမယ့် အခွင့်အရေးလေး လွတ်သွား ဦးမယ်..
“Okay, let’s start again”
ကဲ သားလဲ သီချင်းပြန်ဆိုရတော့မယ်…ပြီးရင် ဂိမ်းဆော့ရရင် ပြီးတာပဲ…
“When I was just a little boy, I asked my mother, What will I be?
Will I be pretty, Will I be rich? Here what she said to me
“Que Sera Sera, whatever will be, will be.”
အိမ်ရှေ့ ဧည့်ခန်း ထဲမှာတော့ နှင်းဆီတွေလဲ ဝေတုန်း အမေ့ရဲ့ မွန်းအောင် သံနေလဲ ပျောက်သွား ပြီ..အဖေ့ ခင်မောင် တိုး လဲ ဘုတ်စတေး ပေါ့ အစ်ကို ကတော့ နားကျပ်နဲ့ သီချင်းတွေနားထောင်နေပြီး ပါးစပ်က လဲ ပွစိပွစိ နဲ့၊ အဘွား တစ်ယောက်လဲ သူ့အခန်းထဲမှာ သွားလေသူ ကို လွမ်းဆွတ်သတိရလို့ မာမာအေး သီချင်း တောင် မညီးနိုင်တော့ပါဘူး…
“ငါတို့ကြက်ဖနိုင်နိုင် ရွှေဖလားနဲ့ကြက်သားကိုင်…နင်တို့ကြက်ဖရှုံးရှုံး ကြေးဖလားနဲ့ ကြက်ချေးတုံး”
အိမ်နောက်ဖက်ကပြင်မှာတော့ပူစူးမ တစ်ယောက် သစ်သားချောင်း ကို မိုက်ကရိုဖိုး ပာန်လုပ်ပြီး အဆိုလေ့ကျင့်နေလေရဲ့…သူ့အမေက တော့ ကော်နီ သီချင်းထဲကအတိုင်း သူ့ယောင်္ကျား ကို ကော်လန်ပေါ်မှာ နှုတ်ခမ်းနီ သူလေလိမ်တာ မိပြီ မိသက်နဲ့တွေ့ခဲ့လား ကော်လန်ပေါ်ကအနီ စက် တရားခံဘယ်သူလဲပော့ လို့အော်နေပြန်ပါပြီ…
ရေး
၂၉၊၁၁၊၂၀၁၂
မနက်၂ နာရီ
Popular Posts