Monday, February 3, 2014

G6PD ချွတ်ယွင်းခြင်း အကြောင်းသိကောင်းစရာ (EVERYBODY SHOULD READ THIS)

ရည်ရွယ်ချက်

လူတွေအားလုံး  G6PD Deficiency အကြောင်း သိရှိသင့်သည် ပာုယူဆ၍ ရေးရခြင်းဖြစ်ပါတယ်။

G6PD ဆိုတာဘာလဲ

G6PD အရှည်ကောက်က Glucose-6-Phosphate Dehydrogenase ဖြစ်ပါတယ်။ သူက မျိုးရိုးလိုက်တတ်ပြီး လူတော်တော်များများက ကိုယ့်မှာ G6PD deficiency ရှိတယ်ဆိုတာမသိကြပါဘူး။ ကျွန်တော်လဲ ငယ်ငယ်တုန်းက hepatitis B ဖြစ်တော့  sulfar ပါတဲ့ ဆေးတစ်မျိုးသောက်မိရာက သွေးနီဥတွေကွဲကာ အရေးပေါ် ဆေးကုသမူခံရဖူးရာမှ ဆေးစစ်ကြည့်တဲ့အခါ မှ G6PD deficiency ရှိကြောင်းသိသွားခဲ့တာပါ။ ကျွန်တော့် အကိုလဲထိုနည်းတူစွာ ဆရာဝန် ပေးသောဆေးကို သောက်ရာမှ hemolysis ဖြစ်ရာမှ G6PD deficiencyရှိကြောင်းသိရပါတယ်။ မျိုးရိုးဗီဇကြောင့် ယောကျာ်းလေးများတွင်အဖြစ်များတာတွေ့ရပါတယ်။ ကမ္ဘာပေါ်တွင် သန်း၄၀၀ ကျော်သော လူသားများတွင် ရှိပါတယ်လို့ data များက ဖော်ပြပါတယ်။ အာဖရိက နှင့် အရှေ့၊အလယ်၊ တောင်ပိုင်းရှိ အာရှ လူမျိုးများတွင် အဖြစ်များတာကို တွေ့ရပါတယ်။ မျိုးရိုးအရလဲ G6PD deficiency ရှိကြပါတယ်။
ငှက်ဖျားအဖြစ်များတဲ့ နေရာဒေသ နဲ့ G6PD deficiency ဖြစ်ပေါ်မူနှင့် ဆက်စပ်နေကြောင်းကိုလဲ တွေ့ရှိရပါတယ်။

G6PD deficiency က G6PD ဆိုတဲ့ enzyme မပြည့်ဝခြင်းတစ်မျိုးပါ။ သူက သွေးနီဥတွေကိုခိုင်ခံတည်မြဲ အောင် ပံပိုးပေးပါတယ်။ G6PD deficiency က asymptomatic လက္ခဏာလုံးဝမပြသပါဘူး။ ဆိုလိုတာက လူတွေက G6PD deficiency ရှိနေမှန်းကို မသိဘဲ မတည့်တဲ့ ဆေး၊ အစားအသောက် စားမိကာမှ symptoms(လက္ခဏာ) တွေပေါ်လာပြီးမှ သိကြရတာများပါတယ်။

ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်တွေဖြစ်မှာလဲ

ဆေးဝါးမတည့်သာတို့၊ ပရုတ်လုံး(သို့)ပရုတ်လုံးပါတဲ့ အသုံးအဆောင် တွေသုံးစွဲမိတဲ့အခါတို့ ၊ အစားအသောက်(အထူးသဖြင့် ပဲကြားနှင့်အလားတူပဲမျိုး) စားမိတဲ့အခါမှာ သွေးနီဥများ ရုတ်ချည်းကွဲသွားတဲ့ (hemolysis) ဖြစ်စဉ်ဖြစ်တယ်။

ထိုသို့သွေးနီဥတွေ ကွဲသွားခြင်းဖြင့် အသားဝါခြင်း၊ သွေးအားနည်းခြင်း၊ သွေးလိုအပ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
အဆိုးရွားဆုံး အခြေအနေဖြင့်  ရုတ်တရက် ၄၈ နာရီအတွင်း ဖွံဖြိုးတဲ့ ကျောက်ကပ် လုပ်ငန်းစဉ် ကို ပျက်သုဉ်းသွားစေနိုင်ပါတယ်။ Severe hemolitic (ပြင်းထန်တဲ့ သွေးနီဥ ပျက်ဆီးဆုံးရှုံးမူ) ကြောင့် ကျောင်ကပ် ပျက်စီးခြင်းအပြင် အသက်ပါဆုံးရှုံးခြင်းကို ဖြစ်ပေါ်စေနိုင်တာပေါ့။

ဘာတွေနဲ့မတည့်တာလဲ၊ ဘယ်လိုရှောင်ရှားမလဲ။

  • Antimalarial drugs
  • Aspirin
  • Nitrofurantoin
  • Nonsteroidal anti-inflammatory drugs (NSAIDs)
  • Quinidine
  • Quinine
  • Sulfa drugs
  • mothballs( ပရုတ်လုံး)
  • ပဲကြား စားခြင်းမှလဲရှောင်ကြည်သင့်ပါတယ်။ Broad beans အမျိုးအစား ကိုလဲ မစားသင့်ပါဘူး
  • အထူးသဖြင့် သွေးနီဥဆုံးရှုံးခြင်းကို ဖြစ်ပေါ်စေတဲ့ ဆေးများ western ဆေးတွေဆိုရင် antibiodic, antimalaria,  antipyretics တွေကို အထူးရှောင်ရမယ်၊ eastern ဆေး မသိတဲ့ဆေးတွေကိုလဲ မသောက်သင့်ပါဘုး၊  တစ်ချို့သော ငှက်ဖျားဆေးများကို အထူးပြု၍ ရှောင်ကြည်ပါ။
သွေးနီဥကွဲခြင်း(hemolysis)၏ လက္ခဏာများ

ဖြစ်တဲ့အချိန်မှာ အဓိက အားအင်များကုန်ဆုန်းမယ်၊သွေးအားနည်းမယ်၊ နှလုံးခုန်မြန်လာတတ်ပြီး အသက်ရှုမ၀ဖြစ်တတ်တယ်။ လူကဖြူဖတ်ဖြူရော်ဖြစ်မယ်။ တစ်ခါတစ်ခါ ဗိုက်အပေါ်ဘက်က အောင့်တတ် တယ်။ အဖျားလဲရှိတတ် ပြီး သွေးအရေးပေါ်လိုအပ်ပါတယ်။ ဆီးသွားတဲ့အခါမှာ ဆီးအရောင်က ညစ်နေတတ်ပါတယ်။ အသားလဲဝါတတ်တယ် ဆိုတာ သိထားရမယ်။

ယခုလို လက္ခဏာတွေ ဖြစ်ပေါ်လာပါက တတ်ကျွမ်းတဲ့ ဆရာဝန် များဆီ ကို ချက်ချင်းသွားရောက် ပြသရပါမယ်။

ဘယ်လိုကာကွယ်မလဲ။

လူတော်တော် များများက ကိုယ့်မှာ G6PD deficiency ရှိတယ်ဆိုတာကို မသိကြပါဘူး၊ ဒါပေမယ့် ဆေးရုံဆေးခန်းတွေမှာ စစ်ဆေးလို့ရပါတယ်။ အဓိက G6PD deficiency ရှိနေပြီ ဆိုကတည်း က ဆေးသောက်တဲ့ အခါ မှာ အထူးသတိထား သောက်သုံးသင့် ၍ ကာကွယ်လို့ရပါတယ်။ အခုလို ပဲကြားတွေ ဘာတွေ မစားရဘူးဆိုတာ သိသွားရောပေါ့၊ naphthalene ပါတဲ့ပစ္စည်း ( ပရုတ်လုံး)တို့ ကို လဲ မသုံးဘဲ ရှောင်ကြည်သင့်ပါတယ်။ ဆရာဝန်များ နှင့်လည်း တိုင်ပင် ကုထုံး များ၊ ဆောင်ရန် ရှောင်ရန်များ သိထား ခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်နော်။

ဝန်ခံချက်

ကျွန်တော်ကိုယ်တိုင် က G6PD deficiency  ဆိုတော့ ကလေးအထူးကုဆရာဝန် ကြီး ဆေးမှား on ရာမှ အသည်းအသန် ၂ ကြိမ်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ငှက်ဖျားဆေးတွေဆို သေချာ မေးမြန်း ပြီးမှ သောက်သင့်ပါတယ်။ ဖြစ်တဲ့အချိန်မှာ သွေးအားပြန်ပြည့် ဖို့ သွေးအားတိုးစေတဲ့ အစားအစာ တွေကို စားသုံးပြီး ဆရာဝန်ဆီမှာစနစ်တကျပြသ သင့်ပါတယ်။ G6PD ချို့တဲ့ နေတဲ့လူတွေက သာမန် လူတွေနဲ့ တူတူပါပဲ၊ ဆေးသောက်သုံး တဲ့အခါ မှာသာ သတိလေး နဲ့ သောက်သုံးရုံပါပဲ။

အားလုံး ဗပာုသုတ ရရှိစေရန် ရည်ရွယ်၍ ဝေမျှခြင်းဖြစ်ပါသည်။ အမှားများပါခဲ့ရင်၊ လိုတာများရှိခဲ့ရင် အားမနာပဲ ထောက်ပြ စေလိုပါသည်။


ကျန်းမာသုခ ဥာဏသုခ နှင့် ပြည့်စုံပါစေလို့

စိုးယုနိုင်

ဖေဖော်ဝါရီ ၃ရက် ၂၀၁၄


အောက်ဖော်ပြပါ website များတွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။ မှီငြမ်းချက် အချို့မှာ စာစဉ်များမှ၊ website များမှ ဖြစ်ပါသည်။

 http://www.g6pd.org/en/g6pddeficiency/researchpapers/meloni_03.aspx

အပေါ်က link က Research ပါ။  စိတ်ဝင်စားရင် သွားရောက်ဖတ်ကြည့်သင့်ပါတယ်။ data တွေရယ် distribution တွေပါ ပါဝင်ပါတယ်။

http://www.nlm.nih.gov/medlineplus/ency/article/000528.htm

http://g6pddeficiency.org/wp/living-with-g6pd-deficiency/drugs-to-avoid-list/#.UvBo8YWQnp5

http://www.aafp.org/afp/2005/1001/p1277.html

http://g6pddeficiency.org/wp/living-with-g6pd-deficiency/drugs-to-avoid-list/#.UvBo8YWQnp5

Sunday, January 26, 2014

အဝေးသို့ ထွက်သွားလိုခြင်း

တစ်ခါတလေ တော့လည်း အဝေးကြီးတစ်နေရာကို သွားနေချင်ပါတယ်
မီးမရှိလဲနေပါ...လုံလုံခြုံခြုံ နဲ့ စိတ်အေးချမ်းသာစွာနေရမယ် ဆို ကျေနပ်ပါတယ်။

မလုံခြုံတဲ့ ခံစားမူ၊ ကြောက်ရွံနေရတဲ့ စိတ်ခံစားမူတွေပာာ လူ့ဘ၀ မှာ မရှိသင့်တဲ့ စိတ်ခံစားမူတွေ ဖြစ်ပါတယ်..

အဝေးဆုံးတစ်နေရာကိုသာသွားချင်ပါတယ်.....

Wednesday, January 15, 2014

May 2014 spring semester be awesome

အချိန်တွေကလဲ ကုန်တာမြန်လှပါပိ။
အသက်တွေလဲကြီးလာပြီ၊ လောဘတွေလဲ များလာပြီ။

အော်..ဘာလိုလိုနဲ့ အမေရိကန်နိုင်ငံကြီးမှာ စာသင်တာ တစ်နှစ်ခွဲ တောင်ရှိပါပြီလား
မသေချာတဲ့ အနာဂတ်ကို မတိကျသေးတဲ့ ခြေလှမ်းတွေ နဲ့ လျှောက်လို့နေပါတယ်။

ပိုင်နိုင်တဲ့ဆုံးဖြတ်ချက် ကို မချနိုင်သေးသလို ခိုင်မာတဲ့စိတ်ဓါတ်ကို လဲ မမွေးမြူသေးနိုင်ပါဘူး
အရောင်လေးတွေ စွန်းထင်းလာတဲ့ စိတ်ဓါတ်လေးကို ဓါတုပစ္စည်းလေးတွေနဲ့ ပြန်ဆေးလို့ရရင်လဲ အကောင်းသား

ဒါတွေထားပါလေ။ အခု ဒီsemester မှာ ဆုံးဖြတ်ချက်လေးတစ်ခု ကို ပိုင်ပိုင်နိုင်နိုင် ချဖို့လိုပါတယ်။

ကိုယ့်ကိုကိုယ် တွန်းအားလေးပေးလို့ အခက်အခဲတွေကို ရင်ဆိုင်ဖို့ အင်အားလေးတွေလဲ လိုအပ်ပါတယ်

ဦးနှောက်နှင့်အာရုံကြော ပညာရပ် ကို နားလည်ဖို့ ဆဲလ်တွေ မျိုးရိုး တွေကို လေ့လာရဦးမယ်။

chemical bonds တွေကို လဲ ခွဲခြား စိတ်ဖြာရမယ်။

ဒါပေမယ့် တဖက်မှာလဲ အသုံးဝင်တဲ့ finance နဲ့ economics ကိုလဲ လက်လွတ်လို့ မရပြန်ပါဘူး

နိုင်ငံရေး နဲ့ အခြား လူမူဆက်ဆံရေး၊ ဖြစ်ပျက်နေတဲ့ လောကသဘော တရားတွေကို လဲ သိထားချင်တယ်။။

ကဲကဲ အပြော နဲ့ အတွေးပဲ  ရှိပြီး အလုပ်မဖြစ်တာတော့ မပာုတ်သေးပြန်ဘူး

ဘာပဲဖြစ်ဖြစ် ကျကျ ရူံးရူံး အကောင်းဆုံးလုပ်မယ်....

I will try my best. I BELIEVE IN MYSELF.

Saturday, December 28, 2013

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ Archive

မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု သည် မြန်မာနိုင်ငံတွင် ပေးသော ထူးချွန်ဆု (အကယ်ဒမီ) ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းသည် ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ထွန်းလာခဲ့ပြီး ပထမဆုံး အကယ်ဒမီ ထူးချွန်ဆုပေးအပ်သည့် ခုနှစ်မှာ ၁၉၅၂ ဖြစ်သည်။ ၁၉၅၂-ခုနှစ်နှင့် ၁၉၅၃-ခုနှစ်တို့တွင် ဇာတ်ကားဆု (၃)ဆု ၊ ပညာသည်ဆု (၂)ဆုဖြင့် စုစုပေါင်း ထူးချွန်ဆု(၅)ဆု ချီးမြှင့်ခဲ့သည်။
  • ပထမအကောင်းဆုံးဇာတ်ကားဆု – (ရွှေကိန္နရီရုပ်)
  • ဒုတိယအကောင်းဆုံးဇာတ်ကားဆု – (ငွေဒေါင်းရုပ်)
  • တတိယအကောင်းဆုံးဇာတ်ကားဆု – (ကြေးခြင်္သေ့ရုပ်)
  • အကောင်းဆုံးအမျိုးသားပညာသည်ဆု – (ရွှေရင်ထိုး)
  • အကောင်းဆုံးအမျိုးသမီးပညာသည်ဆု – (ရွှေရင်ထိုး)
၁၉၅၂-ခုနှစ်တွင် ပထမဆုံးအကြိမ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဗြိတိသျှဘားမားရုပ်ရှင် ဒါရိုက်တာရွှေဒုံးဘီအောင်၏ ‘မာလာရီ’ ဇာတ်ကား၌ အကောင်ဆုံးသရုပ်ဆောင်ထားသော ဦးကျော်ဝင်း မှာ ပထမဆုံးအမျိုးသား ဇာတ်ဆောင်ဆု ကိုရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ပထမဆုံး ဆုချီးမြှင့်ခြင်း ခံရသည့် ဇာတ်ကားမှာ အေ၀မ်းဖလင်မှ ဒါရိုက်တာမောင်တင်မောင် ရိုက်ကူးသော ‘ချစ်သက်ဝေ’ ဇာတ်ကားဖြစ်သည်။ အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်ကြည်ကြည်ဌေးမှာ မြန်မာ့ပထမဆုံး အမျိုးသမီးထူးချွန်ဆုကို ရရှိခဲ့သည်။
၁၉၅၄-ခုနှစ်တွင် ပထမဆုံးချီးမြှင့်သော ဒါရိုက်တာထူးချွန်ဆုကို ‘သြော်မိန်းမ’ ဇာတ်ကားရိုက်ကူးသူ ဦးသုခမှ ရရှိခဲ့သည်။ အဆိုပါဇာတ်ကားဖြင့်ပင် ဦးသုခသည် အကောင်းဆုံးဇာတ်ကားဆု (ဒုတိယ) ကိုရရှိခဲ့သည်။
၁၉၅၅-ခုနှစ်တွင် ဇာတ်ကားထူးချွန်ဆုကို ပထမ၊ ဒုတိယ၊ တတိယ မခွဲတော့ဘဲ အကောင်းဆုံး ဇာတ်ကားဆု တစ်ဆုတည်းကိုသာ ချီးမြှင့်ခဲ့သည်။ အမျိုးသားပညာသည်ဆု ၊ အမျိုးသမီးပညာသည်ဆု၊ ဒါရိုက်တာဆုများကို ပေးအပ်နေခြင်းဖြစ်ရာ အထူးဆုအနေဖြင့် ၀င်းမော်မှ ‘ဖိုးပြုံးချို’ ဇာတ်ကားဖြင့် ၁၉၅၅-ခုနှစ်တွင် ပထမဆုံးချီးမြှင့်ခြင်း ခံရပြန်သည်။
၁၉၅၆-ခုနှစ်တွင် အကောင်းဆုံး ရုပ်ရှင်ဓါတ်ပုံဆုအဖြစ် ထပ်တိုးချီးမြှင့်ခဲ့ပြီး ဦးချစ်ဖွယ်မှ ‘လွမ်းငွေ့တဝေေ၀’ ဇာတ်ကားဖြင့် ရရှိခဲ့သည်။
၁၉၆၂-ခုနှစ်တွင် ထူးထူးခြားခြားစတင်ပေးအပ်ခဲ့သည့် ဆုမှာ ဇာတ်ပို့ဆုဖြစ်သည်။ ဇာတ်တစ်ခုလုံးကို အထမြောက်အောင် ပို့ပေးရသော သရုပ်ဆောင်များအဖြစ် ဦးကျောက်လုံး နှင့် ဒေါ်မေနွဲ့ တို့မှ ‘အတွေ့’ ဇာတ်ကားကြီးဖြင့် အကောင်းဆုံး ဇာတ်ပို့ဆုများ အဦးဆုံး ရရှိခဲ့ကြပါသည်။
မှတ်မှတ်ရရ ရုပ်ရှင်သမိုင်းတွင် ချန်လှပ်ထားမရသော သရုပ်ဆောင်မှာ အောင်ထွန်းလေး ဖြစ်သည်။ အောင်ထွန်းလေးသည် ၁၉၇၇-ခုနှစ်တွင် ‘အဖေတစ်ခု သားတစ်ခု’ ဇာတ်ကားဖြင့် ပထမဆုံးကလေးသရုပ်ဆောင် ဆုကိုရရှိခဲ့သည်။
၁၉၉၁-ခုနှစ်တွင် ရွှေကိန္နရီရွှေစင်ရုပ်ဆု အပြင် ငွေသားနှစ်သောင်းကို ချီးမြှင့်ခဲ့သည်။ ဇာတ်ကားတစ်ကားတွင် အများဆုံး အထောက်အပံ့ ပေးနိုင်သော ဆုတစ်ဆုရှိသည်။ ထိုဆုမှာ ပရိသတ် ကို ငိုအောင် ရီအောင် ၊ ရင်ခုန်လှုပ်ရှားမှုကို သရုပ်ဖော်သည့် တေးဂီတဆုဖြစ်သည်။ အဆိုပါဆုကို မြန်မာ့နိုင်ငံ၏ ဂီတဖခင်ကြီး တစ်ဦးဖြစ်သည့် ဂီတလုလင် မောင်ကိုကို မှ ၁၉၉၁-ခုနှစ်တွင် ‘ မယ်သီတာလို မိန်းကလေး’ ဇာတ်ကားဖြင့် ပထမဆုံး ရရှိခဲ့သည်။
၁၉၉၃-ခုနှစ်တွင် ငွေသားနှစ်သောင်းကို ချီးမြှင့်ခြင်း မပြုတော့ဘဲ ရွှေကိန္နရီရုပ်တွင် တပ်ဆင်သော ငွေကြယ်အစား ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ရွှေကြယ်ကို တပ်ဆင်ချီးမြှင့်ခဲ့သည်။
ရှားရှားပါးပါး ပရိသတ်သတိမထားနိုင်သည့် ပညာသည်ဆုတစ်ဆုကို ၁၉၉၄-ခုနှစ်တွင် ရုပ်ရှင်သမိုင်း၌ ထပ်တိုးချီးမြှင့် ခဲ့သေးသည်။ ထိုဆုမှာ ရုပ်ရှင်အသံဆုဖြစ်သည်။ ပထမဆုံးရုပ်ရှင် အသံဆုကို ဦးခင်ဦးမှ ‘သရဖူ’ဇာတ်ကားဖြင့် ရရှိခဲ့သည်။
ဇာတ်ကားတစ်ကားလုံး အကောင်းဆုံးကြည့်ရှုနိုင်အောင် အပြတ်အတောက်မရှိအောင် စွမ်းဆောင်ပေးနေသော သူများမှာ ရုပ်ရှင်ဇာတ်ကားတည်းဖြတ်သူများဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားတစ်ကား၏ အဆင့်အတန်းကို ဖော်ပြနေသော တည်းဖြတ် ဆုကို ၁၉၉၇-ခုနှစ်တွင် ချီးမြှင့်ခဲ့ပြီး ဦးမြင့်ခိုင်(မော်ကွန်းရုပ်ရှင်)မှ ‘သူ့ကျွန်မခံပြီ’ ဇာတ်ကားဖြင့် ပထမဆုံးရရှိခဲ့သည်။
ယခုဖော်ပြခဲ့သော အကြောင်းအရာများသည် မြန်မာ့ရုပ်ရှင်သမိုင်းခေတ်အဆက်ဆက် ပထမအကြိမ် ချီးမြှင့်ခံခဲ့သော ဆုတစ်ခုခြင်းစီ၏ သမိုင်းအကျဉ်းဖြစ်ပါသည်။


၁၉၅၂-ခုနှစ်(ပထမ အကြိမ်)
  1. ဇာတ်ကားဆု – ချစ်သက်ဝေ(ပထမဆု) – အေ၀မ်း ကုမ္ပဏီ
  2. ဇာတ်ကားဆု- မယားနဲ့လူပျို (ဒုတိယဆု) – အောင်ဇေယျ ကုမ္ပဏီ
  3. ဇာတ်ကားဆု- ချစ်၍ခေါ်ရာ (တတိယဆု) – ဗြိတိသျှဘားမား ကုမ္ပဏီ
  4. အမျိုးသားပညာသည်ဆု – ဦးကျော်ဝင်း‎ – (မာလာရီ)ဇာတ်ကား
  5. အမျိုးသမီးပညာသည်ဆု – ကြည်ကြည်ဌေး – (ချစ်သက်ဝေ)ဇာတ်ကား
၁၉၅၃-ခုနှစ်(ဒုတိယ အကြိမ်)
  1. ဇာတ်ကားဆု – ရတနာပုံ (ပထမဆု) -အေ၀မ်း ကုမ္ပဏီ
  2. ဇာတ်ကားဆု- သည်ဆောင်းဟေမာန် (ဒုတိယဆု)- ဗြိတိသျှဘားမား ကုမ္ပဏီ
  3. ဇာတ်ကားဆု- မြေ၀၀န် (တတိယဆု) -အေ၀မ်း ကုမ္ပဏီ
  4. အမျိုးသားပညာသည်ဆု- အေဝမ်း ဦးတင်မောင် – (ရတနာပုံ)ဇာတ်ကား
  5. အမျိုးသမီးပညာသည်ဆု -မေမြင့် – (ပွဲခါညောင်ရေ)ဇာတ်ကား
၁၉၅၄-ခုနှစ်(တတိယ အကြိမ်)
  1. ဇာတ်ကားဆု – သြော်မိန်းမ (ဒုတိယဆု)- ဗြိတိသျှဘားမား ကုမ္ပဏီ
  2. ဇာတ်ကားဆု- အကျော်အမော် (တတိယဆု) – အေ၀မ်း ကုမ္ပဏီ
  3. ဒါရိုက်တာဆု – ဦးသုခ – (သြော်မိန်းမ)ဇာတ်ကား
  4. အမျိုးသမီးပညာသည်ဆု – အမေပု – (မေမေ)ဇာတ်ကား
၁၉၅၅-ခုနှစ်(စတုတ္ထ အကြိမ်)
  1. ဇာတ်ကားဆု – ဖိုးပြုံးချို – ရွှေဝယ်သီရိ ကုမ္ပဏီ
  2. ဒါရိုက်တာဆု – ဦးချင်းစိန် – (ကိုယ့်ရင်သွေး)ဇာတ်ကား
  3. အမျိုးသားပညာသည်ဆု – ဖိုးပါကြီး – (ဖိုးပြုံးချို)ဇာတ်ကား
  4. အမျိုးသမီးပညာသည်ဆု – မေလွင် – (ချစ်မမ)ဇာတ်ကား
  5. အထူးဆု – ၀င်းမာ – (ဖိုးပြုံးချို)ဇာတ်ကား
၁၉၅၆-ခုနှစ်(ပဉ္စမ အကြိမ်)
  1. ဇာတ်ကားဆု – (ဘ၀သံသရာ)ဇာတ်ကား – မန္တလေးရုပ်ရှင်
  2. ဒါရိုက်တာဆု – ဦးသုခ – (ဘ၀သံသရာ)ဇာတ်ကား
  3. အမျိုးသားပညာသည်ဆု – ဇေယျ – (ဘ၀သံသရာ)ဇာတ်ကား
  4. အမျိုးသမီးပညာသည်ဆု – ကြည်ကြည်ဌေး – (ချစ်ခွင့်မပိုင်)ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု – ဦးချစ်ဖွယ် – (လွမ်းငွေ့တဝေေ၀)ဇာတ်ကား
၁၉၅၇-ခုနှစ်(၆-ကြိမ်)
  1. ဇာတ်ကားဆု – (ဒေါက်တာအောင်ကျော်ဦး)ဇာတ်ကား -ဗြိတိသျှဘားမား ကုမ္ပဏီ
  2. ဒါရိုက်တာဆု- ရွှေဒုံးဘီအောင်- (ဒေါက်တာအောင်ကျော်ဦး)ဇာတ်ကား
  3. အမျိုးသားပညာသည်ဆု – ထွန်းဝေ – (ဗိုလ်မြဒင်)ဇာတ်ကား
  4. အမျိုးသမီးပညာသည်ဆု-မြင့်မြင့်ခင်-(ချစ်ညီမ)ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု-ဦးထွန်းလှိုင်- (မြပန်းဝတ်ရည်)ဇာတ်ကား
၁၉၅၈-ခုနှစ်(၇-ကြိမ်)
  1. ဇာတ်ကားဆု-(စွဲတဲ့မေတ္တာအိမ်မက်)- မြဇော်ရုပ်ရှင်
  2. ဒါရိုက်တာဆု-ဦးချစ်ခင်-(ဖြေလျော့ခွေ)ဇာတ်ကား
  3. အမျိုးသားပညာသည်ဆု- ဦးကျော်သောင်း- (ဖြေလျော့ခွေ)ဇာတ်ကား
  4. အမျိုးသမီးပညာသည်ဆု – မြင့်မြင့်ခင်- (ဖြေလျော့ခွေ)ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု- ဦးထွန်းမြင့် -(စွဲတဲ့မေတ္တာ)ဇာတ်ကား
၁၉၅၉-ခုနှစ်(၈-ကြိမ်)
  1. ဇာတ်ကားဆု-(ချစ်တော့ချစ်တယ်)ဇာတ်ကား- စန်းသော်တာရုပ်ရှင်
  2. ဒါရိုက်တာဆု- သာဓု- (ကကြီးရေ က)ဇာတ်ကား
  3. အမျိုးသားပညာသည်ဆု – ထွန်းဝေ- (ကကြီးရေ က)ဇာတ်ကား
  4. အမျိုးသမီးပညာသည်ဆု- မြတ်မွန်- (ကကြီးရေ က)ဇာတ်ကား
  5. အမျိုးသမီးပညာသည်ဆု- ဒေါ်ခင် – (ကကြီးရေ က)ဇာတ်ကား
  6. ရုပ်ရှင်ဓါတ်ပုံဆု – ဦးဘကြည်- (ဗိုလ်အောင်နိုင်)ဇာတ်ကား
၁၉၆၀-ခုနှစ်(၉-ကြိမ်)
  1. ဇာတ်ကားဆု -(ရေမြေဆုံးတိုင်)ဇာတ်ကား- မန္တလေးရုပ်ရှင်
  2. ဒါရိုက်တာဆု- သာဓု- (အငိုလွယ်သည်)ဇာတ်ကား
  3. အမျိုးသားပညာသည်ဆု – မောင်သင်- (ရေမြေဆုံးတိုင်)ဇာတ်ကား ၊ (ချစ်သွေးသစ္စာ)ဇာတ်ကား ၊ (စိုးပါနဲ့မေ)ဇာတ်ကား
  4. အမျိုးသမီးပညာသည်ဆု – မေသစ်- (မေတ္တာရွှေရည်)ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု- ဦးတင်ယု- (မေတ္တာရွှေရည်)ဇာတ်ကား
၁၉၆၁-ခုနှစ်(၁၀-ကြိမ်)
  1. ဇာတ်ကားဆု- (ကိုယ်ပိုင်မေတ္တာ)ဇာတ်ကား-မန္တလေးရုပ်ရှင်
  2. ဒါရိုက်တာဆု- တက္ကသိုလ်ဝင်းဖေ- (ပြည်တန်တဲ့ကျည်ဆံ)ဇာတ်ကား
  3. အမျိုးသားပညာသည်ဆု -မြတ်လေး -(အမုန်းနောက်ဝယ်)ဇာတ်ကား
  4. အမျိုးသမီးပညာသည်ဆု- ခင်ယုမေ- (ကိုယ်ပိုင်မေတ္တာ)ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု- ဦးမောင်ကလေး/ဦးပေါ – (ကိုယ်ပိုင်မေတ္တာ)ဇာတ်ကား
၁၉၆၂-ခုနှစ်(၁၁-ကြိမ်)
  1. အမျိုးသမီးဇာတ်ဆောင်ဆု – သီသီ- (အတွေ့)ဇာတ်ကား
  2. အမျိုးသားဇာတ်ပို့ဆု- ဦးကျောက်လုံး-(အတွေ့)ဇာတ်ကား
  3. အမျိုးသမီးဇာတ်ပို့ဆု – ဒေါ်မေနွဲ့- (ရွှေရင်သိမ်းသစ်) ဇာတ်ကား
၁၉၆၃-ခုနှစ်
အကယ်ဒမီ ပေးခြင်း မရှိပါ။
၁၉၆၄-ခုနှစ်(၁၃-ကြိမ်)
  1. အမျိုးသားဇတ်ပို့ဆု – ဦးကျောက်လုံး – (ရင်ဝယ်တစ်သိမ့်သိမ့်)ဇာတ်ကား
  2. အမျိုးသမီးဇာတ်ပို့ဆု – ဒေါ်မေသစ် – (ရင်ဝယ်တစ်သိမ့်သိမ့်)ဇာတ်ကား
  3. ရုပ်ရှင်ဓါတ်ပုံဆု – ဦးဘကြည် – (ချိန်းမိလေသောည) ဇာတ်ကား
၁၉၆၅-ခုနှစ်(၁၄-ကြိမ်)
  1. အမျိုးသမီးဇာတ်ဆောင်ဆု – ဝါဝါဝင်းရွှေ- (ချစ်သမီး) ဇာတ်ကား
  2. အမျိုးသားဇာတ်ပို့ဆု – ဦးကျောက်လုံး – (ချစ်သမီး) ဇာတ်ကား
  3. အမျိုးသမီးဇတ်ပို့ဆု – တင်တင်မူ – (သဲလွန်စ) ဇာတ်ကား
၁၉၆၆-ခုနှစ်(၁၅-ကြိမ်)
  1. ဇာတ်ကားဆု – (ဆောင်း) ဇာတ်ကား- အေ၀မ်းရုပ်ရှင်
  2. အမျိုးသမီးဇာတ်ဆောင်ဆု – စံရှားတင် -(ဆောင်း) ဇာတ်ကား
  3. အမျိုးသားဇာတ်ပို့ဆု -စိုးရွှေ – (မြေမှာပွင့်သောမေတ္တာပန်း) ဇာတ်ကား
၁၉၆၇-ခုနှစ်(၁၆-ကြိမ်)
  1. ဒါရိုက်တာဆု – အေဝမ်း ဦးတင်မောင် – (ကိုယ်ရယ်တိုးရယ်စိုးစိုးရယ်) ဇာတ်ကား
  2. အမျိုးသားဇာတ်ဆောင်ဆု – ဝင်းဦး – (ဆောင်းအိမ်မက်) ဇာတ်ကား
  3. အမျိုးသမီးဇာတ်ဆောင်ဆု – ခင်သန်းနု – (ကိုယ်ရယ်တိုးရယ်စိုးစိုးရယ်) ဇာတ်ကား
၁၉၆၈-ခုနှစ်(၁၇-ကြိမ်)
  1. ဇာတ်ကားဆု – (စကားပြောသောအသည်နှလုံး)ဇာတ်ကား- သုခရုပ်ရှင်
  2. ဒါရိုက်တာဆု – ဦးသုခ -(စကားပြောသောအသည်နှလုံး)ဇာတ်ကား
  3. အမျိုးသားဇာတ်ဆောင်ဆု – ညွှန့်ဝင်း- (ဗန်တိုလူလေးနှင့် သူဇာ) ဇာတ်ကား
  4. အမျိုးသမီးဇာတ်ဆောင်ဆု – စန္ဒာ (နှစ်မွှာအသည်း) ဇာတ်ကား
  5. အမျိုးသားဇာတ်ပို့ဆု – ဦးသိန်းမောင် -(စကားပြောသောအသည်နှလုံး)ဇာတ်ကား
  6. အမျိုးသမီးဇာတ်ပို့ဆု – ခင်မိုးမိုး – (အပယ်ရတနာ) ဇာတ်ကား
  7. ရုပ်ရှင်ဓါတ်ပုံဆု – ဦးသန်းမောင် – (နှစ်မွှာအသည်း) ဇာတ်ကား
၁၉၆၉-ခုနှစ်(၁၈-ကြိမ်)
  1. အမျိုးသားဇာတ်ဆောင်ဆု – ကောလိပ်ဂျင်နေ၀င်း- (ပယင်းရောင်) ဇာတ်ကား
  2. အမျိုးသမီးဇာတ်ဆောင်ဆု – ၀ါဝါ၀င်းရွှေ – (ချောင်းကိုပစ်၍ မေတ္တာရှာ) ဇာတ်ကား
  3. အမျိုးသမီးဇာတ်ပို့ဆု – ဒေါ်သိန်းရှင် – (အသက်ကိုနှင်း) ဇာတ်ကား
  4. ရုပ်ရှင်ဓါတ်ပုံဆု – ဦးစံအေး – (မေတ္တာကိုယ်စားနှင်းပါ့မယ်) ဇာတ်ကား
၁၉၇၀-ခုနှစ်(၁၉-ကြိမ်)
  1. ဇာတ်ကားဆု – (မှုံရွှေရည်)ဇာတ်ကား – အပေါင်းလက္ခဏာရုပ်ရှင်
  2. ဒါရိုက်တာဆု – ဦးသုခ – (ကျွန်မမှာမိန်းမသား)ဇာတ်ကား
  3. အမျိုးသားဇာတ်ဆောင်ဆု – ဝင်းဦး – (မှုံရွှေရည်)ဇာတ်ကား
  4. အမျိုးသားဇာတ်ဆောင်ဆု- တင်တင်နွဲ့ – (ကျွန်မမှာမိန်းမသား) ဇာတ်ကား
  5. အမျိုးသားဇာတ်ပို့ဆု- ဗိုလ်ဗကို – (သီတာပြုံး) ဇာတ်ကား
  6. အမျိုးသမီးဇာတ်ပို့ဆု – ကြည်ကြည်ဌေး – (နုနုငယ်ငယ်) ဇာတ်ကား
  7. ရုပ်ရှင်ဓါတ်ပုံဆု – ဦးစံအေး – (လကွယ်မိုးနှောင်း) ဇာတ်ကား
၁၉၇၁-ခုနှစ်(၂၀-ကြိမ်)
  1. ဒါရိုက်တာဆု- မောင်ဝဏ္ဏ -(ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း) ဇာတ်ကား
  2. အမျိုးသားဇာတ်ဆောင်ဆု – ညွှန့်ဝင်း- (ချစ်သူဝိုင်းဝိုင်းလည်)ဇာတ်ကား
  3. အမျိုးသမီးဇာတ်ဆောင်ဆု – ဒေစီကျော်ဝင်း‎- (အားနွဲ့သူပါရှင်) ဇာတ်ကား
  4. အမျိုးသားဇာတ်ပို့ဆု – ဗိုလ်ဗကို – (တစ်ကွေ့တစ်ကမ္ဘာ) ဇာတ်ကား
  5. အမျိုးသမီးဇာတ်ပို့ဆု – အေးအေးသင်း – (မာယာထောင်ချောက်) ဇာတ်ကား
  6. ရုပ်ရှင်ဓါတ်ပုံဆု – ဆန်နီတင် – (တခြားကမ္ဘာကချစ်သူရယ်) ဇာတ်ကား
၁၉၇၂-ခုနှစ်(၂၁-ကြိမ်)
  1. ဒါရိုက်တာဆု – မောင်တင်ဦး – (နေထွက်သောည) ဇာတ်ကား
  2. ရုပ်ရှင်ဓါတ်ပုံဆု -ဦးလှဖေ -(နေထွက်သောည) ဇာတ်ကား
၁၉၇၃-ခုနှစ်(၂၂-ကြိမ်)
  1. ဇာတ်ကားဆု – (ဘယ်သူပြိုင်လို့လှပါတော့နိုင်) – သုခရုပ်ရှင်
  2. ဒါရိုက်တာဆု- ဦးသုခ – (ဘယ်သူပြိုင်လို့လှပါတော့နိုင်) ဇာတ်ကား
  3. အမျိုးသမီးဇာတ်ဆောင်ဆု – မြင့်မြင့်ခင်- (မုန်းပါတယ်မောင့်ကို) ဇာတ်ကား
  4. အမျိုးသားဇာတ်ပို့ဆု – အံ့ကျော် -(ဘယ်သူပြိုင်လို့လှပါတော့နိုင်) ဇာတ်ကား
  5. အမျိုးသမီးဇာတ်ပို့ဆု – အေးအေးသင်း – (ဇာခန်းဆီးနောက်ကွယ်မှာ) ဇာတ်ကား
  6. ရုပ်ရှင်ဓါတ်ပုံဆု – ဦးစံမြင့်- (အိမ်မက်တံတား) ဇာတ်ကား
၁၉၇၄-ခုနှစ်(၂၃-ကြိမ်)
  1. အမျိုးသမီးဇာတ်ဆောင်ဆု - နွဲ့နွဲ့မူ -(နော်ကူးမ) ဇာတ်ကား
  2. အမျိုးသားဇာတ်ပို့ဆု – အောင်လွင် -(နော်ကူးမ) ဇာတ်ကား
၁၉၇၅-ခုနှစ်(၂၄-ကြိမ်)
  1. ဇာတ်ကားဆု – (ရွှေချည်ငွေချည်တန်းပါလို့) – မင်းသူရိန်ရုပ်ရှင်
  2. ဒါရိုက်တာဆု- ဦးသုခ – (ရွှေချည်ငွေချည်တန်းပါလို့) ဇာတ်ကား
  3. အမျိုးသမီးဇာတ်ဆောင်ဆု – ခင်ယုမေ- (ရွှေချည်ငွေချည်တန်းပါလို့)ဇာတ်ကား
  4. အမျိုးသားဇာတ်ပို့ဆု -မြင့်နိုင် – (ကျေးဂျူးကဘာ) ဇာတ်ကား
  5. အမျိုးသမီးဇာတ်ပို့ဆု – ဒေါ်မေနွဲ့- (ရွှေချည်ငွေချည်တန်းပါလို့) ဇာတ်ကား
  6. ရုပ်ရှင်ဓါတ်ပုံဆု – ဆန်နီတင်- (ကျွန်တော်နှင့်ကိုဘကျော်) ဇာတ်ကား
၁၉၇၆-ခုနှစ်(၂၅-ကြိမ်)
  1. ဇာတ်ကားဆု- (နှလုံးသားနဲ့စစ်တာဝန်)- ပြည်ကျော်ရုပ်ရှင်
  2. ဒါရိုက်တာဆု- စိန်ဖေတင်- (နှလုံးသားနဲ့စစ်တာဝန်) ဇာတ်ကား
  3. အမျိုးသမီးဇာတ်ပို့ဆု- ဒေါ်မေသစ် -(နွဲ့မျိုးစုံလင်နွဲ့လိုက်ချင်) ဇာတ်ကား
  4. ရုပ်ရှင်ဓါတ်ပုံဆု – ဦးစန်းမောင် – (ကျွန်းကလေးမှာနှစ်ယောက်ထဲ) ဇာတ်ကား
၁၉၇၇-ခုနှစ်(၂၆-ကြိမ်)
  1. အမျိုးသားဇာတ်ဆောင်ဆု -စိန်မြင့် – (အဖေတစ်ခုသားတစ်ခု)ဇာတ်ကား
  2. အမျိုးသမီးဇာတ်ဆောင်ဆု- ၀ါဝါ၀င်းရွေ – (မိန်းကလေးရှင်ရဲ့ ဆန္ဒ)ဇာတ်ကား
  3. အမျိုးသမီးဇာတ်ပို့ဆု – ဆွေဇင်ထိုက်- (မိန်းကလေးရှင်ရဲ့ ဆန္ဒ)ဇာတ်ကား
  4. ရုပ်ရှင်ဇာတ်ပို့ဆု – ဦးပန်းအေး – (နေခြည်ဖြာမှ နွေးသောကြောင့်)ဇာတ်ကား
  5. ကလေးသရုပ်ဆောင်ဆု – အောင်ထွန်းလေး – (အဖေတစ်ခုသားတစ်ခု)ဇာတ်ကား
၁၉၇၈-ခုနှစ်(၂၇-ကြိမ်)
  1. ဒါရိုက်တာဆု- မောင်တင်ဦး- (တစ်ခါကတစ်ဘ၀)ဇာတ်ကား
  2. အမျိုးသမီးဇာတ်ဆောင်ဆု – ခင်သီတာထွန်း- (တစ်ခါကတစ်ဘ၀)ဇာတ်ကား
  3. အမျိုးသားဇာတ်ပို့ဆု – ဖိုးပါကြီး – (တစ်ခါကတစ်ဘ၀)ဇာတ်ကား
  4. အမျိုးသမီးဇာတ်ပို့ဆု – ဒေါ်ကြည်ကြည်ဌေး -(လူဇော်)ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု – ဦးတင်ဝင်း- (တစ်ခါကတစ်ဘ၀)ဇာတ်ကား
  6. အထူးဆု – အင်္ဂလန်စိန် – (မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ)ဇာတ်ကား
၁၉၇၉-ခုနှစ်(၂၈-ကြိမ်)
  1. အမျိုးသားဇာတ်ဆောင်ဆု – ကျော်ဟိန်း – (အကာကအချစ် အနှစ်ကမေတ္တာ)ဇာတ်ကား
  2. အမျိုးသမီးဇာတ်ဆောင်ဆု – ချိုပြုံး – (ချစ်အမျှ)ဇာတ်ကား
  3. အမျိုးသားဇာတ်ပို့ဆု – ကောလိပ်ဂျင်နေဝင်း – (အကာကအချစ် အနှစ်ကမေတ္တာ)ဇာတ်ကား
  4. အမျိုးသမီးဇာတ်ပို့ဆု – ဒေါ်စိန်ခင် – (အကာကအချစ် အနှစ်ကမေတ္တာ)ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု – ဦးစန်းမောင် – (ကျော်ကိုချစ်လား ဇော့်ကိုချစ်မလား)ဇာတ်ကား
၁၉၈၀-ခုနှစ်(၂၉-ကြိမ်)
  1. ဇာတ်ကားဆု -(ကြည်ပြာ)ဇာတ်ကား- ယမုံနာရုပ်ရှင်
  2. ဒါရိုက်တာဆု – ကြီးမြင့် – (ကြည်ပြာ)ဇာတ်ကား
  3. အမျိုးသမီးဇာတ်ဆောင်ဆု – မေ၀င်းမောင် – (ကြည်ပြာ)ဇာတ်ကား
  4. အမျိုးသားဇာတ်ပို့ဆု – မောင်စိမ်းအောင် – (မှတပါးအခြားမရှိပြီ)ဇာတ်ကား
  5. အမျိုးသမီးဇာတ်ပို့ဆု – မြင့်မြင့်ခင် – (မှတပါးအခြားမရှိပြီ)ဇာတ်ကား
  6. ရုပ်ရှင်ဓါတ်ပုံဆု – ချစ်မင်းလူ – (နွေရူပ)ဇာတ်ကား
၁၉၈၁-ခုနှစ်(၃၀-ကြိမ်)
  1. ဒါရိုက်တာဆု – ၀င်းဖေ – (နှင်းဆီနီအိမ်မက်) ဇာတ်ကား
  2. အမျိုးသမီးဇာတ်ဆောင်ဆု – တင်တင်ညို – (ငယ်နာမည်အညို) ဇာတ်ကား
  3. အမျိုးသမီးဇာတ်ပို့ဆု – မေယု- (နှင်းဆီနီအိမ်မက်) ဇာတ်ကား
  4. ရုပ်ရှင်ဓါတ်ပုံဆု – ဦးစန်းမောင် – (အပြန်လမ်း) ဇာတ်ကား
၁၉၈၂-ခုနှစ်(၃၁-ကြိမ်)
  1. အမျိုးသားဇာတ်ဆောင်ဆု – ကျော်ဟိန်း – (မွန်းတည့်ချိန်တွင် နေ၀င်သည်)ဇာတ်ကား
  2. အမျိုးသမီးဇာတ်ဆောင်ဆု – ချိုပြုံး – (မွန်းတည့်ချိန်တွင် နေ၀င်သည်)ဇာတ်ကား
  3. အမျိုးသားဇာတ်ပို့ဆု – နေအောင် – (မီလာရှီကာ စိုင်းဗေဒါ)ဇာတ်ကား
  4. အမျိုးသမီးဇာတ်ပို့ဆု -ခိုင်ခင်ဦး(မေတ္တာအင်္သချေ)ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု – အောင်မြင့်ဦး – (မီလာရှီကာ စိုင်းဗေဒါ)ဇာတ်ကား
၁၉၈၃-ခုနှစ်(၃၂-ကြိမ်)
  1. ဒါရိုက်တာဆု- ထွန်းမြင့်ထွန်း- (က္ကတ္ထိရခေါ် မိန်းမတို့သည်)ဇာတ်ကား
  2. အမျိုးသားဇာတ်ဆောင်ဆု – ညွှန့်ဝင်း- (တတိယအရွယ်၏ ဒုတိယဝေဒနာ)ဇာတ်ကား
  3. အမျိုးသမီးဇာတ်ဆောင်ဆု – ခင်သီတာထွန်း- (က္ကတ္ထိရခေါ် မိန်းမတို့သည်)ဇာတ်ကား
  4. အမျိုးသားဇာတ်ပို့ဆု – ထွန်းဝေ – (တတိယအရွယ်၏ ဒုတိယဝေဒနာ)ဇာတ်ကား
  5. အမျိုးသမီးဇာတ်ပို့ဆု – စံရှားတင် -(စိမ်းနဲ့တေဇာ)ဇာတ်ကား
  6. ရုပ်ရှင်ဓါတ်ပုံဆု – ဦးစံအေး- (ဗိုလ်သံခဲ) ဇာတ်ကား
၁၉၈၄-ခုနှစ်(၃၃-ကြိမ်)
  1. အမျိုးသားဇာတ်ပို့ဆု – မြတ်လေး – (ရင်ထဲမှာရွာသောမိုး) ဇာတ်ကား
  2. အမျိုးသမီးဇာတ်ပို့ဆု – မို့မို့မြင့်အောင် – (နှလုံးသားမြို့တော်) ဇာတ်ကား
  3. ရုပ်ရှင်ဓါတ်ပုံဆု – ချစ်မင်းလူ – (နှလုံးသားမြို့တော်) ဇာတ်ကား
၁၉၈၅-ခုနှစ်(၃၄-ကြိမ်)
  1. ဇာတ်ကားဆု – (သင်္ကြန်မိုး)ဆေးရောင်စုံ ဇာတ်ကား – သူရိယပညာရုပ်ရှင်
  2. ဒါရိုက်တာဆု – မောင်တင်ဦး – (သင်္ကြန်မိုး)ဆေးရောင်စုံ ဇာတ်ကား
  3. အမျိုးသားဇာတ်ဆောင်ဆု – နေအောင် -(ပန်းသီတဲ့ကြိုး)ဇာတ်ကား
  4. အမျိုးသမီးဇာတ်ဆောင်ဆု – ခင်သီတာထွန်း – (ပန်းသီတဲ့ကြိုး) ဇာတ်ကား
  5. အမျိုးသားဇာတ်ပို့ဆု – ထွန်းထွန်းနိုင် -(ချစ်မီးလျှံထဲကမေချို)ဇာတ်ကား
  6. အမျိုးသမီးဇာတ်ပို့ဆု -ခင်စိုးပိုင် -(ပန်းသီတဲ့ကြိုး) ဇာတ်ကား
  7. ရုပ်ရှင်ဓါတ်ပုံဆု – ချစ်မင်းလူ – (သင်္ကြန်မိုး)ဆေးရောင်စုံ ဇာတ်ကား
၁၉၈၆ ၊ ၁၉၈၇၊ ၁၉၈၈၊
အကယ်ဒမီ ပေးခြင်း မရှိပါ။
၁၉၈၉ ခုနှစ်(၃၈-ကြိမ်)
  1. ဇာတ်ကားဆု – (ဒိုး)ဇာတ်ကား – အမျိုးသားရုပ်ရှင်
  2. ဒါရိုက်တာဆု – ကြည်စိုးထွန်း – (ဒိုး)ဇာတ်ကား
  3. အမျိုးသားဇာတ်ဆောင်ဆု – ကျော်ဟိန်း – (ပန်းမြိုင်လယ်က ဥယျာဉ်မှူး) ဇာတ်ကား
  4. အမျိုးသမီးဇာတ်ဆောင်ဆု – မို့မို့မြင့်အောင် – (ခပ်စိမ်းစိမ်းပဲနေပါမယ်)ဆေးရောင်စုံ ဇာတ်ကား
၁၉၉၀-ခုနှစ် (၃၉-ကြိမ်)
  1. ဒါရိုက်တာဆု – မောင်ဝဏ္ဏ – (ခုနစ်စဉ်အလွမ်း)ဇာတ်ကား
  2. အမျိုးသားဇာတ်ဆောင်ဆု- သုမောင် – (ခုနစ်စဉ်အလွမ်း)ဇာတ်ကား
  3. အမျိုးသမီးဇာတ်ဆောင်ဆု- ခင်သန်းနု – (ခုနစ်စဉ်အလွမ်း)ဇာတ်ကား
  4. အမျိုးသားဇာတ်ပို့ဆု – ဇော်လွင်-(အရိုင်းစံပယ်)ဆေးရောင်စုံ ဇာတ်ကား
  5. ရုပ်ရှင်ဓါတ်ပုံဆု – ဦးကြည် – (အချစ်ဆုံးသူရဲ့ရင်မှာ) ဆေးရောင်စုံ ဇာတ်ကား
၁၉၉၁-ခုနှစ်(၄၀-ကြိမ်)
  1. အမျိုးသားဇာတ်ဆောင်ဆု – ရန်အောင် – (မယ်သီတာလိုမိန်းကလေး)ဆေးရောင်စုံ ဇာတ်ကား
  2. အမျိုးသမီးဇာတ်ဆောင်ဆု – မို့မို့မြင့်အောင် – (သမီးနှင့်အမေများ)ဆေးရောင်စုံ ဇာတ်ကား
  3. အမျိုးသမီးဇာတ်ပို့ဆု – မြင့်မြင့်ခိုင် – (သမီးနှင့်အမေများ)ဆေးရောင်စုံ ဇာတ်ကား
  4. ရုပ်ရှင်ဓါတ်ပုံဆု – ဦးပန်းအေး – (ဒဏ္ဍာရီ)ဆေးရောင်စုံ ဇာတ်ကား
  5. ရုပ်ရှင်တေးဂီတဆု – ဂီတလုလင်မောင်ကိုကို – (မယ်သီတာလိုမိန်းကလေး)ဆေးရောင်စုံ ဇာတ်ကား
၁၉၉၂-ခုနှစ်(၄၁-ကြိမ်)
  1. အမျိုးသမီးဇာတ်ဆောင်ဆု – မေသန်းနု -(မူပိုင်ချစ်သူ)ဆေးရောင်စုံ ဇာတ်ကား
  2. ရုပ်ရှင်ဓါတ်ပုံဆု – ဦးသန်းမောင် – (သခွတ်ပန်း)ဆေးရောင်စုံ ဇာတ်ကား
  3. ရုပ်ရှင်တေးဂီတဆု – ထရမ်းပက်ဝင်းဦး -(ခိုင်မာလာနှင်းဆီ)ဆေးရောင်စုံ ဇာတ်ကား
၁၉၉၃-ခုနှစ်(၄၂-ကြိမ်)
  1. ဇာတ်ကားဆု – (သီတာခုနစ်တန်)ဆေးရောင်စုံ ဇာတ်ကား – ခိုင်သဇင်ရုပ်ရှင်
  2. ဒါရိုက်တာဆု – မောင်နန္ဒ – (သီတာခုနစ်တန်)ဆေးရောင်စုံ ဇာတ်ကား
  3. အမျိုးသားသရုပ်ဆောင်ဆု – ရဲအောင် – (မြစ်တို့၏မာယာ)ဆေးရောင်စုံ ဇာတ်ကား
  4. အမျိုးသမီးသရုပ်ဆောင်ဆု – ဇင်မာဦး – (သီတာခုနစ်တန်)ဆေးရောင်စုံ ဇာတ်ကား
  5. အမျိုးသားဇာတ်ပို့ဆု – ညွှန့်ဝင်း -(သီတာခုနစ်တန်)ဆေးရောင်စုံ ဇာတ်ကား
  6. အမျိုးသမီးဇာတ်ပို့ဆု – စမ်းစမ်းအေး – (စိန်ခေါ်နေတဲ့အချစ်)ဆေးရောင်စုံ ဇာတ်ကား
  7. ရုပ်ရှင်ဓါတ်ပုံဆု – ဦးသန်းညွှန့်(ပန်းသာ) – (မြစ်တို့၏မာယာ)ဆေးရောင်စုံ ဇာတ်ကား
၁၉၉၄-ခုနှစ်(၄၃-ကြိမ်)
  1. ဇာတ်ကားဆု-(တပြည်သူမရွှေထား)ဆေးရောင်စုံ ဇာတ်ကား -စင်ရော်ရုပ်ရှင်
  2. ဒါရိုက်တာဆု – စင်ရော်မောင်မောင် – (တပြည်သူမရွှေထား)ဆေးရောင်စုံ ဇာတ်ကား
  3. အမျိုးသားဇာတ်ဆောင်ဆု – ကျော်သူ- (တပြည်သူမရွှေထား)ဆေးရောင်စုံ ဇာတ်ကား
  4. အမျိုးသမီးဇာတ်ဆောင်ဆု -စိုးမြတ်သူဇာ – (နော်ရင်မွှေး)ဆေးရောင်စုံ ဇာတ်ကား
  5. အမျိုးသမီးဇာတ်ဆောင်ဆု – မို့မို့မြင့်အောင် – (မသုဓမစာရီ)ဆေးရောင်စုံ ဇာတ်ကား
  6. အမျိုးသားဇာတ်ပို့ဆု – ကျော်ဟိန်း – (ဝေလည်းမွှေး ကြွေလည်းမွှေး)ဆေးရောင်စုံ ဇာတ်ကား
  7. အမျိုးသမီးဇာတ်ပို့ဆု - နွဲ့နွဲ့စန်း – (သရဖူ)ဆေးရောင်စုံ ဇာတ်ကား
  8. ရုပ်ရှင်ဓါတ်ပုံဆု – ကိုကိုဌေး (ထိပ်တန်း) – (မသုဓမစာရီ)ဆေးရောင်စုံ ဇာတ်ကား
  9. ရုပ်ရှင်တေးဂီတဆု – စန္ဒယားလှထွဋ် – (တပြည်သူမရွှေထား)ဆေးရောင်စုံ ဇာတ်ကား
  10. ရုပ်ရှင်အသံဆု – ဦးခင်ဦး – (သရဖူ)ဆေးရောင်စုံ ဇာတ်ကား
၁၉၉၅-ခုနှစ်(၄၄-ကြိမ်)
  1. ဇာတ်ကားဆု – (တိုက်ပွဲခေါ်သံ) – ခင်စံပယ်ဦးရုပ်ရှင်
  2. ဒါရိုက်တာဆု- မောင်တင်ဦး – (တိုက်ပွဲခေါ်သံ)
  3. အမျိုးသားဇာတ်ဆောင်ဆု – ရန်အောင် – (ပုဂံမှာ သာတဲ့လ)
  4. အမျိုးသားဇာတ်ဆောင်ဆု – စိုးသူ – (အောင်မြင်သောနေ့)
  5. အမျိုးသမီးဇာတ်ဆောင်ဆု – မေသန်းနု – (ပုဂံမှာ သာတဲ့လ)
  6. အမျိုးသားဇာတ်ပို့ဆု – ဇော်လင်း – (တိုက်ပွဲခေါ် သံ)
  7. အမျိုးသမီးဇာတ်ပို့ဆု – မြင့်မြင့်ခိုင် – (အောင်မြင်သောနေ့)
  8. ရုပ်ရှင်ဓါတ်ပုံဆု – ဦးသန်းနု(ပန်းသာ) – (ပုဂံမှာသာတဲ့လ)
  9. ရုပ်ရှင်တေးဂီတဆု – ဂီတလုလင်မောင်ကိုကို – (တိုက်ပွဲခေါ်သံ)
  10. ရုပ်ရှင်ဇာတ်ကားဆု – အောင်ကျည်ထွဏ်း – (တိုက်ပွဲခေါ်သံ)
၁၉၉၆-ခုနှစ်(၄၅-ကြိမ်)
  1. ဇာတ်ကားဆု – (ပန်းသခင်) – ယမုံနာရုပ်ရှင်
  2. ဒါရိုက်တာဆု – ဦးကြီးမြင့် – (ပန်းသခင်)
  3. အမျိုးသားဇာတ်ဆောင်ဆု – ကျော်ရဲအောင် -(သားသမီးဇနီးကြင်ယာ)
  4. အမျိုးသားဇာတ်ဆောင်ဆု – ရန်အောင် – (အလင်းဖျော့ကောင်းကင်)
  5. အမျိုးသမီးဇာတ်ဆောင်ဆု – ထက်ထက်မိုးဦး – (ပန်းသခင်)
  6. အမျိုးသမီးဇာတ်ဆောင်ဆု – မေသန်းနု – (အလင်းဖျော့ကောင်းကင်)
  7. အမျိုးသားဇာတ်ပို့ဆု – ဇော်လင်း – (ပန်းသခင်)
  8. အမျိုးသမီးဇာတ်ပို့ဆု – မြင့်မြင့်ခင် – (မြင့်မိုရ်တောင်ဦးမကကျူးသား)
  9. ရုပ်ရှင်ဓါတ်ပုံဆု – ချစ်မင်းလူ – (ချစ်ရည်းစား)
၁၉၉၇-ခုနှစ်(၄၆-ကြိမ်)
  1. ဇာတ်ကားဆု – (သူ့ကျွန်မခံပြီ) – မြတ်မိခင်ရုပ်ရှင်
  2. ဒါရိုက်တာဆု – ကြည်စိုးထွန်း- (သူ့ကျွန်မခံပြီ)
  3. အမျိုးသားဇာတ်ဆောင်ဆု – ဒွေး – (အမေ့ခြေရာ)
  4. အမျိုးသမီးဇာတ်ဆောင်ဆု – ပန်းဖြူ – (အရိပ်)
  5. အမျိုးသားဇတ်ပို့ဆု – ညွှန့်ဝင်း – (သူ့ကျွန်မခံပြီ)
  6. အမျိုးသားဇတ်ပို့ဆု – ဇင်ဝိုင်း – (မြင့်မြတ်နှလုံးသား)
  7. အမျိုးသမီးဇာတ်ပို့ဆု – ချိုပြုံး – (အမေ့ခြေရာ)
  8. ရုပ်ရှင်ဓါတ်ပုံဆု – ကိုကိုဌေး (ထိပ်တန်း) – (မြင့်မြတ်နှလုံးသား)
  9. ရုပ်ရှင်တေးဂီတဆု – ဇော်မျိုးထွဋ် – (မြင့်မြတ်နှလုံးသား)
  10. ရုပ်ရှင်အသံဆု – ဦးစိန်မြင့် (ဇာတ်လမ်းရုပ်ရှင်) – (မြင့်မြတ်နှလုံးသား)
  11. ရုပ်ရှင် ဇာတ်ညွှန်းဆု – မြက်ခင်းသစ် ၊ သုခုမလွင်ပြင် – (မြင့်မြတ်နှလုံးသား)
  12. ရုပ်ရှင်တည်းဖြတ်ဆု – ဦးမြင့်ခိုင် (မော်ကွန်းရုပ်ရှင်) – (သူ့ကျွန်မခံပြီ)
၁၉၉၈-ခုနှစ်(၄၇-ကြိမ်)
  1. ဇာတ်ကားဆု – (အနှိုင်းမဲ့ရင်ခွင်)
  2. ဒါရိုက်တာဆု – မလိခစိုးထိုက်အောင် – (အနှိုင်းမဲ့ရင်ခွင်)
  3. အမျိုးသားဇာတ်ဆောင်ဆု -ရန်အောင်- (ညမင်းသား)
  4. အမျိုးသမီးဇာတ်ဆောင်ဆု -စိုးမြတ်သူဇာ – (ရွှေနံသာစံအိမ်)
  5. အမျိုးသမီးဇာတ်ပို့ဆု -နန္ဒာလှိုင်- (ရွှေနံသာစံအိမ်)
  6. ရုပ်ရှင်ဓါတ်ပုံဆု -ဦးသန်းညွန့်(ပန်းသာ)- (ညမင်းသား)
  7. ရုပ်ရှင် ဇာတ်ညွှန်းဆု -ကိုကိုလေး – (အနှိုင်းမဲ့ရင်ခွင်)
၁၉၉၉-ခုနှစ်(၄၈-ကြိမ်)
  1. ဇာတ်ကားဆု – (အဖေ့နေရာ) -သီဟဇော်ရုပ်ရှင်
  2. ဒါရိုက်တာဆု -ခင်မောင်ဦး/စိုးသိမ်းထွဋ်- (အဖေ့နေရာ)
  3. အမျိုးသားဇာတ်ဆောင်ဆု-လွင်မိုး – (ရင်ထဲကဆောင်းရာသီ)
  4. အမျိုးသမီးဇာတ်ဆောင်ဆု -ထွန်းအိန္ဒြာဗို- (နှောင်းတမြေ့မြေ့)
  5. အမျိုးသားဇာတ်ပို့ဆု – ထွန်းထွန်းဝင်း- (နှောင်းတမြေ့မြေ့)
  6. အမျိုးသမီးဇာတ်ပို့ဆု – မြတ်ကေသီအောင် – (ရင်ထဲကဆောင်းရာသီ)
  7. ကလေးသရုပ်ဆောင်ဆု-အိသဲဖြူ – (ရင်ထဲကဆောင်းရာသီ)
၂၀၀၀-ခုနှစ်(၄၉-ကြိမ်)
  1. ဇာတ်ကားဆု -ငရဲသား – ခင်စံပယ်ဦးရုပ်ရှင်
  2. ဒါရိုက်တာဆု – သီဟတင်စိုး – (ငရဲသား)
  3. အမျိုးသားဇာတ်ဆောင်ဆု – သီဟတင်စိုး(ငရဲသား)
  4. အမျိုးသားဇာတ်ဆောင်ဆု – ရန်အောင်- (မောဟမျဉ်းပြိုင်များ)
  5. အမျိုးသမီးဇာတ်ဆောင်ဆု -မျိုးသန္တာထွန်း – (နှုတ်ခမ်းထက်က ဓားသွား)
  6. အမျိုးသားဇာတ်ပို့ဆု – အောင်ခိုင် – (ငရဲသား)
  7. အမျိုးသမီးဇာတ်ပို့ဆု – ခင်သန်းနု- (သမီးရှင်)
  8. ရုပ်ရှင်ဓာတ်ပုံဆု-သန်းညွှန့်(ပန်းသာ) – မောင့်မူပိုင်ရှင်
၂၀၀၁-ခုနှစ်(၅၀-ကြိမ်)
  1. ဇာတ်ကားဆု -နှလုံးလှလူမိုက် – မေတ္တာရောင်ပြန်ရုပ်ရှင်
  2. ဒါရိုက်တာဆု -မောင်တင်ဦး – (နှလုံးလှလူမိုက်)
  3. အမျိုးသားဇာတ်ဆောင်ဆု – မင်းမော်ကွန်း – (နှလုံးလှလူမိုက်)
  4. အမျိုးသားဇာတ်ဆောင်ဆု – လွင်မိုး – (ပန်းတစ်ပွင့်ဖန်ဆင်းခြင်း)
  5. အမျိုးသမီးဇာတ်ဆောင်ဆု -ထက်ထက်မိုးဦး (သမီးမိုက်)
  6. အမျိုးသမီးဇာတ်ဆောင်ဆု – မေသန်းနု – (ချစ်ခြင်း၏အခြားမဲ့၌ )
  7. အမျိုးသားဇာတ်ပို့ဆု – နေအောင် – (နှလုံးလှလူမိုက်)
  8. အမျိုးသမီးဇာတ်ပို့ဆု – မေသဉ္ဇာဦး – (နှလုံးလှလူမိုက်)
  9. အမျိုးသမီးဇာတ်ပို့ဆု – စိုးမြတ်နန္ဒာ – (အချစ်ကို မွေးဖွားခြင်း)
  10. ရုပ်ရှင်ဇာတ်ညွှန်းဆု-ခင်လေးသိမ့် – (ပန်းတစ်ပွင့်ဖန်ဆင်းခြင်း)
  11. ဓာတ်ပုံဆု-ထိပ်တန်း ကိုကိုဌေး – (ကောင်းကင်ထက်ကပန်းတစ်ပွင့်)
၂၀၀၂-ခုနှစ်(၅၁-ကြိမ်)
  1. ဇာတ်ကားဆု-မြင့်မြင့်ခိုင် (ဆန်ရေ) – စိမ်းဝါနီရုပ်ရှင်
  2. ဇာတ်ကားဆု- (ငါသူတစ်ပါး ယောက်ျား မိန်းမ) – ကြယ်တံခွန်ရုပ်ရှင်
  3. ဒါရိုက်တာဆု-ကြည်စိုးထွန်း – (ဆန်ရေ)
  4. ဒါရိုက်တာဆု-ပန်းချီစိုးမိုး – (ငါသူတစ်ပါး ယောက်ျား မိန်းမ)
  5. အမျိုးသား ဇာတ်ဆောင်ဆု -လူမင်း – (ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်)
  6. အမျိုးသမီး ဇာတ်ဆောင်ဆု -ခင်ဇာခြည်ကျော် – (ငါသူတစ်ပါး ယောက်ျား မိန်းမ)
  7. အမျိုးသမီး ဇာတ်ပို့ဆု-မေသန်းနု – (ငါသူတစ်ပါး ယောက်ျား မိန်းမ)
  8. အမျိုးသား ဇာတ်ပို့ဆု-ညွန့်ဝင်း – (ဆန်ရေ)
  9. ရုပ်ရှင်ဇာတ်ညွှန်းဆု-ငြိမ်းမင်း – (ငါသူတစ်ပါး ယောက်ျား မိန်းမ)
  10. ရုပ်ရှင်ဓာတ်ပုံဆု-ကျောက်ဖြူ(ပဒေသာ) – (ယောက္ခမဆိုတာ တစ်ခါတုန်းက သမက်ပါပဲ)
  11. ရုပ်ရှင်တေးဂီတဆု-ဂီတလုလင်မောင်ကိုကို – (ဆန်ရေ)
  12. ရုပ်ရှင်တေးဂီတဆု-ခင်မောင်ကြီး – (ငါသူတစ်ပါး ယောက်ျား မိန်းမ)
  13. အသံထူးချွန်ဆု- ဖိုးထောင်နှင့်အဖွဲ့ – (ဆန်ရေ)
  14. တည်းဖြတ်မှုအကောင်းဆုံးဆု- ဇော်မင်း(ဟံသာမြေ) – (ငါသူတစ်ပါး ယောက်ျား မိန်းမ)
၂၀၀၃-ခုနှစ်(၅၂-ကြိမ်)
  1. ဇာတ်ကားဆု-(အမေ့နို့ဖိုး) – အမျိုးသားရုပ်ရှင်
  2. ဒါရှိုက်တာဆု-ကျော်သူ – (အမေ့နို့ဖိုး)
  3. အမျိုးသားသရုပ်ဆောင်ဆု -ကျော်ဟိန်း – (နေကမွေးတဲ့လ)
  4. အမျိုးသမီးသရုပ်ဆောင်ဆု- ထွန်းအိန္ဒြာဗို – (အမေ့နို့ဖိုး)
  5. အမျိုးသားဇာတ်ပို့ဆု – ဇော်ဦး – (အမေ့နို့ဖိုး)
  6. အမျိုးသမီးဇာတ်ပို့ဆု- ချိုပြုံး – (အမေ့နို့ဖိုး)
  7. ရုပ်ရှင်တည်းဖြတ်ဆု – ဦးမြင့်ခိုင်- (သူးမွဲထသစ္စာ)
  8. ရုပ်ရှင်ဇာတ်ညွှန်းဆု- ငြိမ်းမင်း – (အမေ့နို့ဖိုး)
  9. ရုပ်ရှင်ဓါတ်ပုံဆု -ကျောက်ဖြူ(ပဒေသာ) – (အမေ့နို့ဖိုး)
  10. ရုပ်ရှင်တေးဂီတဆု – ဇော်မျိုးထွဋ်- (နေကမွေးတဲ့လ)
  11. ရုပ်ရှင်အသံဆု – ခင်စပယ်ဦး အဖွဲ့ – (သူးမွဲထသစ္စာ)
၂၀၀၄-ခုနှစ်(၅၃-ကြိမ်)
  1. ဇာတ်ကားဆု-(လျှို့ဝှက်သောနှင်း) – စင်ရော်ရုပ်ရှင်
  2. ဒါရှိုက်တာဆု-စင်ရော်မောင်မောင်(လျှို့ဝှက်သောနှင်း)
  3. အမျိုးသားသရုပ်ဆောင်ဆု -လွင်မိုး – (တစ်ခါက ဧရာဝတီညများ)
  4. အမျိုးသမီးသရုပ်ဆောင်ဆု-အိန္ဒြာကျော်ဇင် – (မျက်နှာများတဲ့ကောင်းကင်)
  5. အမျိုးသားဇာတ်ပို့ဆု -ညွန့်ဝင်း – (လျှို့ဝှက်သောနှင်း)
  6. အမျိုးသမီးဇာတ်ပို့ဆု- စိုးမြတ်နန္ဒာ – (ချစ်ခြင်းငယ်ပြိုင်)
  7. ရုပ်ရှင်တည်းဖြတ်ဆု – ဇော်မင်း(ဟံသာမြေ)- (လျှို့ဝှက်သောနှင်း)
  8. ရုပ်ရှင်ဇာတ်ညွှန်းဆု- ငြိမ်းမင်း – (လျှို့ဝှက်သောနှင်း)
  9. ရုပ်ရှင်ဓါတ်ပုံဆု -ကိုကိုဌေး(ထိပ်တန်း) – (လျှို့ဝှက်သောနှင်း)
  10. ရုပ်ရှင်တေးဂီတဆု-စိန်မွတ္တား(မန္တလေး)- (ပန်းဒဏ္ဍာရီ)
  11. ရုပ်ရှင်အသံဆု-အေးမြင့်(ဇာတ်လမ်းရုပ်ရှင်) – (လျှို့ဝှက်သောနှင်း)
၂၀၀၅-ခုနှစ်(၅၄-ကြိမ်)
  1. ဇာတ်ကားဆု-(ကျန်စစ်မင်း) – ဧ၀ရက်ရုပ်ရှင်
  2. ဒါရှိုက်တာဆု–ကြည်စိုးထွန်း – (ဆဋ္ဌဂံ)
  3. အမျိုးသားသရုပ်ဆောင်ဆု – လူမင်း – (ကျန်စစ်မင်း)
  4. အမျိုးသမီးသရုပ်ဆောင်ဆု- ထွန်းအိန္ဒြာဗို – (မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍)
  5. အမျိုးသားဇာတ်ပို့ဆု – ချမ်းသာကြည်စိုး – (ဆဋ္ဌဂံ)
  6. အမျိုးသမီးဇာတ်ပို့ဆု–မြတ်ကေသီအောင် – (ချစ်ခြင်းဖွဲ့မေတ္တာ)
  7. ရုပ်ရှင်တည်းဖြတ်ဆု – အောင်သွင် – (ဆဋ္ဌဂံ)
  8. ရုပ်ရှင်ဇာတ်ညွှန်းဆု- -ကြည်စိုးထွန်း – (ဆဋ္ဌဂံ)
  9. ရုပ်ရှင်ဓါတ်ပုံဆု -နိုင်နုရှိန်(ဖထီး) – မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍
  10. ရုပ်ရှင်တေးဂီတဆု- ခင်မောင်ကြီး(ကျန်စစ်မင်း)
  11. ရုပ်ရှင်အသံဆု- ရစ်ချတ်ရဲဝင်း(ကျန်စစ်မင်း)
၂၀၀၆-ခုနှစ်(၅၅-ကြိမ်)
  1. ဇာတ်ကားဆု-(မျှော်လင့်ခြင်းများစွာ) –
  2. ဒါရှိုက်တာဆု- မောင်မျိုးမင်း(ရင်တွင်းဖြစ်) – (မျှော်လင့်ခြင်းများစွာ)
  3. အမျိုးသားသရုပ်ဆောင်ဆု – ရန်အောင် – (ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ)
  4. အမျိုးသမီးသရုပ်ဆောင်ဆု-နန္ဒာလှိုင် – (တောင်သမန်သစ္စာ)
  5. အမျိုးသားဇာတ်ပို့ဆု – ဖိုးကျော် – (မျှော်လင့်ခြင်းများစွာ)
  6. အမျိုးသမီးဇာတ်ပို့ဆု – မေသဉ္စာဦး – (ပန်းပျိုးသူတို့ အင်္လကာ)
  7. ရုပ်ရှင်တည်းဖြတ်ဆု – ဇော်မင်း (ဟံသာမြေ) – (မျှော်လင့်ခြင်းများစွာ)
  8. ရုပ်ရှင်ဇာတ်ညွှန်းဆု – ဇော်မြင့်ဦး – (တောင်သမန်သစ္စာ)
  9. ရုပ်ရှင်ဓါတ်ပုံဆု – သန်းညွန့် (ပန်းသာ) – (ပန်းပျိုးသူတို့ အင်္လကာ)
  10. ရုပ်ရှင်တေးဂီတဆု – ကိုသော်ဇင် (လ၀န်းအိမ်) – (ပန်းပျိုးသူတို့ အင်္လကာ)
  11. ရုပ်ရှင်အသံဆု – ဦးမျိုးညွန့် – (တောင်သမန်သစ္စာ)
၂၀၀၇-ခုနှစ် (၅၆-ကြိမ်)
  1. ဇာတ်ကားဆု- (ကိုးဆယ်ဆ သာလိမ့်မယ်)- မြင့်မာလာရုပ်ရှင်
  2. ဒါရိုက်တာဆု- မောင်ယဉ်အောင်(မြို့တော်) -(ကိုးဆယ်ဆ သာလိမ့်မယ်)
  3. အမျိုးသားသရုပ်ဆောင်ဆု – ကျော်ရဲအောင်- (ကိုးဆယ်ဆ သာလိမ့်မယ်)
  4. အမျိုးသားဇာတ်ပို့ဆု – မိုးဒီ – (ကိုးဆယ်ဆ သာလိမ့်မယ်)
  5. ရုပ်ရှင်ဓါတ်ပုံဆု – ကျောက်ဖြူ(ပဒေသာ) – (ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ)
  6. ရုပ်ရှင်တေးဂီတဆု – စိန်မွတ္တား(မန္တလေး) – (ကိုးဆယ်ဆ သာလိမ့်မယ်)
၂၀၀၈-ခုနှစ်(၅၇-ကြိမ်)
  1. ဇာတ်ကားဆု- (အများနှင့်မသက်ဆိုင်သောသူ)- မျက်ခြယ်ရုပ်ရှင်
  2. ဒါရိုက်တာဆု- (ညီညီထွန်းလွင်) – (အများနှင့်မသက်ဆိုင်သောသူ)
  3. အမျိုးသားသရုပ်ဆောင်ဆု – ခန့်စည်သူ – (အများနှင့်မသက်ဆိုင်သောသူ)
  4. အမျိုးသားဇာတ်ပို့ဆု – ရဲအောင် – (အကယ်ဒမီရှော့ခ်)
  5. အမျိုးသမီးသရုပ်ဆောင်ဆု – မို့မို့မြင့်အောင် – (မြင့်မိုရ်ထက်က သရဖူ)
  6. အမျိုးသမီးဇာတ်ပို့ဆု – ခင်မို့မို့အေး – (အများနှင့်မသက်ဆိုင်သောသူ)
  7. ရုပ်ရှင်ဓါတ်ပုံဆု – သန်းညွှန့် (ပန်းသာ) – (ကြိုးတန်း)
၂၀၀၉-ခုနှစ် (၅၈-ကြိမ်)
  1. ဇာတ်ကားဆု- (ကြိုးကြာတောင်ပံခတ်သံ)- —-ရုပ်ရှင်
  2. ဒါရိုက်တာဆု- မီးပွား (ဇော်ကကနေသည်)
  3. အမျိုးသားသရုပ်ဆောင်ဆု –   နေတိုး – (မိုးညအိပ်မက်မြူ)
  4. အမျိုးသားဇာတ်ပို့ဆု -
  5. အမျိုးသမီးသရုပ်ဆောင်ဆု –
  6. အမျိုးသမီးဇာတ်ပို့ဆု – စိုးပြည့်သဇင် – (မိုးညအိပ်မက်မြူ)
  7. ရုပ်ရှင်ဓါတ်ပုံဆု – သန်းညွှန့် (ပန်းသာ) – (ကြိုးတန်း)
  8. ရုပ်ရှင်တေးဂီတဆု – ဓိရာမိုရ် – (ဇော်က ကနေသည်)
  9. ရုပ်ရှင်တည်းဖြတ်ဆု – ဇော်မင်း (ဟံသာမြေ) – (ကျောက်စက်ရေ)
2010 Academy Awards List
အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု – ခင်မောင်ဦး၊ စိုးသိမ်းထွဋ် (ပင်လယ်ထက်က နေ၀န်းနီ)
အကောင်းဆုံးရုပ်ရှင်တေးဂီတဆု - မြန်မာပြည်ကျောက်စိမ်း (အငိုမျက်လုံးအပြုံးမျက်နှာ)
အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု - ဦးမြင့်ခိုင် (ပင်လယ်ထက်ကနေ၀န်းနီ)
အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု – ၀ါဝါအောင် (အမေ့ကျေးဇူးဆပ်ဖူးချင်တယ်)
အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု - ဝေဠုကျော် (ပင်လယ်ထက်ကနေ၀န်းနီ)
အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု – သက်မွန်မြင့် (အာဒမ်ရယ် ဧ၀ရယ် ဒဿရယ်)
အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု –ပန်းချီစိုးမိုး(ပင်လယ်ထက်ကနေ၀န်းနီ)
အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု - ပြေတီဦး (အာဒမ်ရယ် ဧ၀ရယ် ဒဿရယ်)
အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆု – ခင်မောင်ဦး၊ စိုးသိမ်းထွဋ် (ပင်လယ်ထက်က နေ၀န်းနီ)


    အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု – ခင်စန္ဒာမြင့် (အာဒမ်ရယ် ဧ၀ရယ် ဒဿရယ်)

      Friday, December 27, 2013

      စာပေမှတ်စု

      (ဘယ်ဘက်အပေါ်မှညာဘက်အောက်ဆုံးသို့)
      ဂျူး၊လယ်တွင်းသားစောချစ်၊ မစန္ဒာ၊ မိုးမိုး(အင်းလျား)၊ နုနုရည်အင်းဝ၊သုမောင်
      စာဖတ်ခြင်း အထူးသဖြင့် ၀တ္ထုဖတ်ခြင်းကို ခြောက်တန်းအစိန်ကြီး ( အတန်းတင်စာမေးပွဲကြီးကို အစိန်ကြီးပာုလည်းခေါ်လေ့ ခေါ်ထ ခေါ်သမုတ် လေ့ရှိကြသည်။) အပြီး နွေရာသီတွင်စတင်ခဲ့ပါသည်။ မှတ်မှတ်ရရ ပထမဆုံး ဖတ်ခဲ့တဲ့ ၀တ္ထုက မစန္ဒာရဲ့ ဆဌဂံ ဖြစ်ပါတယ်။ ပထမဆုံးဝတ္ထု ဖတ်တဲ့အတွက် ဇာတ်အိမ်ကိုမသိ အရေးအသားကိုမလိုက်နိုင်ဖြစ်ခဲ့တာ ကိုရိုးသားစွာ ၀န်ခံပါရစေ။

      အဲ ဒါပေမယ့် ဆဌဂံ က ရုပ်ရှင်ထွက်လာတော့ ရုပ်ရှင်ကိုပြေးကြည့် ၀တ္ထုကိုပြန်ဖတ် ဇာတ်ကောင်တွေကိုကိုယ်တိုင် ဇယားဆွဲတဲ့အထိ ရူးသွပ်ခဲ့ပါတယ်။ ဘ၀သရုပ်ဖော် တွေကို ကြိုက်နှစ်သက်တဲ့ ကျွန်တော့်အဖို့ ဆရာမ မစန္ဒာ ရဲ့ စာပေစာစုတွေပာာ ရင်ထဲအသည်းထဲ စွဲမြဲ နေခဲ့ပါတယ်။

      "စာအုပ်စာပေ လူ့မိတ်ဆွေ" ဆိုတဲ့ စာစု နဲ့ငယ်စဉ်တုန်းက စာစီစာကုန်းရေးစဉ်တုန်းကပဲ ရင်းနှီးခဲ့ဘူးပါတယ်။ အဆိပ်အတောက်ရှိတဲ့စာပေ၊ အပန်းဖြေစာပေ၊ သုတရသ စာပေရယ်လို့ ရှိတဲ့အခါ ကျွန်တော် ပာာ အပန်းဖြေစာပေ၊ သုတရသ စာပေ တွေနဲ့ ကြီးပြင်းခဲ့တယ်ဆိုလဲ မမှားပါဘူး...လယ်တွင်းသားစောချစ်ကို တစွဲတမြဲဖတ်တတ်တဲ့ အကိုရဲ့ ခုတင်ပေါ်မှာ နှလုံးသားအာပာာရ စာစုတွေကိုလဲ တွေ့ရပြန်တော့ ဦးဖေမြင့်တို့၊ ပီမိုးနင်းတို့ နဲ့လည်း ရင်းနှီးခဲ့ရပြန်ရော၊

      ဒါပေမယ့်လည်း ဇာတ်ကောင်စရိုက်ကိုပီပြင်အောင် သရုပ်ဖော်၊ ဘ၀အတွေ့အကြုံလေးတွေကိုရောနှော၊ လက်တွေ့ဘ၀ကို လက်တွေ့ကျကျ သီကုံးစာစီ တဲ့ စာရေးဆရာတွေကိုပဲ ကျွန်တော်က နှစ်နှစ်ကာကာ မြတ်နိုးမိပြန်ရော။ အရိပ်ထဲက အမာညိုလို ပျော်ပျော်နေတတ်ပြီး၊ ကွက်လပ်ကလေးဖြည့်ပေးပါထဲက ကိုတူးလိုမိသားစုကိုတွယ်တာ တတ်သလို၊ တစ်ခါတစ်လေတော့လဲ မစန္ဒာရဲ့ ကိုရေအေးလို အေးအေးဆေးဆေး နေထိုင်ချင်တာပေါ့။

      သီပေါနဲ့စုဖုရား ဇာတ်တွေကို ရင်ခုန်စွာ ဖတ်ခဲ့ဖူးသလို တထောင့်တည ပုံပြင် ကိုလည်း တကယ့်တထောင်နဲ့တညလို ဖတ်ခဲ့ရတာတွေကို တမ်းတမိသလိုဖြစ်ရပြန်ရော။

      စာတစ်လုံးဘုရားတစ်ဆူဆိုသကဲ့သို့ စာပေအကြောင်းပြောရင်ဖြင့် ပြောမဆုံးပေါင်တောသုံးထောင်ဖြစ်ရပေဦးမယ်။

      ယနေ့ခေါတ်က social networking ခေါတ်ဆိုတော့ ကိုယ်ပိုင်တယ်လို့ထင်ရတဲ့ facebook account လေးမှာ ဖတ်ခဲ့ဖူးတဲ့ စာအုပ်လေးတွေကို စုဆောင်းထားချင်ခဲ့တာကြာပါပြီ။

      တန်ဖိုးရှိတဲ့စာပေတွေကို ဖတ်ခြင်းဖြင့်ဘ၀အမောကို ပြေဖျောက်နိုင်ကြပါစေ

      မစန္ဒာ
      ၁. ဘ၀အိမ်မက် ပန်းအိမ်မက်*****
      ၂. ဆဌဂံ*****
      ၃. အရိပ်***
      ၄. ဂျီဟောသူ***
      ၅. နက်ဖြန်ခါ**
      ၆. စိမ်းရွက်သစ်တဝေေ၀**
      ၇ .နှင်းဆီ***
      ၈. တိမ်ဖုံးပါလို့လမသာ**
      ၉. ၀တ္ထုတိုများ*****
      ၁၀. ပုစ္ဆာ*
      ၁၁. ငယ်သူမို့မသိပါ**
      ၁၂.ငြိုးမာန်ဖွဲ့သူရယ်*
      ၁၃. ကွက်လပ်ကလေးဖြည့်ပေးပါ****

      မိုးမိုးအင်းလျား
      ၁. ပျောက်သောလမ်းမှာ စမ်းတ၀ါး*****
      ၂. မှတဆင့်****
      ၃. ညီမလေးက အချစ်ကိုကိုးကွယ်တဲ့သလား**
      ၄. မှ တပါးအခြားမရှိပြီ**
      ၅. စိန်တပွင့်***
      ၆. ၀တ္ထုတော်များ***

      အကြည်တော်

      လယ်တွင်းသားစောချစ်
      ၁. အောင်စိတ်ဖြင့်ထူးချွန်စွာအောင်မြင်နည်း*****
      ၂. ကျွန်တော်အမုန်းဆုံးကျွန်တော်**
      ၃. ပန်းမြိုင်လယ်မှ ဥယျာဉ်မူး****

      ဂျူး
      ၁. သူမင်းကိုဘယ်တော့မှ*****
      ၂. နံရံ၏အခြားတစ်ဘက်****

      နုနုရည်အင်းဝ
      ၁. ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ*****

      Popular Posts