ခုတလော Fianl နီးလာပါပြီ ဆိုမှ blogging ရောဂါ စွဲကပ်နေပြန်ပြီ...Tumblr လေး check လုပ်လိုက်...Flickr မှာ အကောင့်တွေလုပ်...blog ကိုလဲ နေ့စဉ် post လေးတစ်ခုတော့တင်ဖြစ်နေတယ်..
ကဲ...အဲ့ဒါ blog ကမမ ကြယ်ကြွေချိန် ဆို တဲ့ blog ကိုဖတ်ပြီး inspiration တွေရနေတာပေါ့...သူ့ကိုအားကျ...သူရေးတာတွေဖတ်ပြီး...blogging ကိုကြိုက်သွားတယ် ဆိုပါတော့...သူ့ကိုတုပ၍လိုက်ရေးခြင်းမပာုတ်ပါ...(ကြိုတင် excuse ပီား)
ကဲ ခု အတန်းပြေးဖို့တော့ ၁၀ မိနစ်လောက်ပဲကျန်တော့တယ်...စာကလဲရေးချင်နေမိ...ခက်ဧ။်..ကဲ ကဲ ပာို blogger မမ လို နေ့စဉ်ဘ၀ လှုပ်ရှားမူတွေ...အတွေးအခေါ်လေးတွေကို ပာာသာလေးလဲပါ...ရသလေးလဲ နှော...ရေးချင်နေမိသာ တော့အမှန်ပဲ....ကဲဒါဆို ရင်...အမြဲတမ်း တစ်နေ့တာကိုယ်ဖြစ်ခဲ့တာလေးတွေ...ကိုယ်သိတမျှလေးတွေကို ဖော အဲ မျှဝေပေးချင်တာပါ..ပဲာပဲာ...ဒီနေ့ကစပြီး...ဘ၀မှာ အားလုံးကို တတ်နိုင်သမျှ အကောင်းမြင်...(မမြင်နိုင်သေးပါဘူး..ပဲာ)ပျှော်ပျှော်နေလို့ ထွက်ပေါက်ခါးကို စားရေးခြင်းသော့နဲ့ ဖွင့်လှစ်ပြီးတော့ ကျွန်တော့် ရဲ့ ရွှေရောင်အနာဂါတ်နေ့သစ်တွေကို အားနဲ့အင်နဲ့ ဖြတ်သန်းပါမယ်...ကဲအတန်းနောက်ကျပြီတော့...ပာိုကြယ်ကြွေချိန် မကြီးကို ရှဲရှဲပါလို့
စာရေးသူကို အောက်တိုဘာ လ ၄ ရက် နေ့ ၁၉၉၄ မှာ ရန်ကုန်မြို့ တွင် ဖွားမြင်ပါတယ် ဘာရယ် မပာုတ် ကိုယ့် ပတ်ဝန်းကျင် က အကြောင်းအရာလေးတွေ၊ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးတွေ ကို စာစီကုံးလို့ ရေးချင်မိတာပါ. နုနယ်တဲ့အတွေးအခေါ် မရင့်ကျက်တဲ့ အသိဥာဏ်ကြောင့် စာများ ထဲမှာ အမှားအယွင်း များပါခဲ့လျှင် တောင်းပန်ပန်ကြားအပ်ပါသည်။
Wednesday, December 5, 2012
Tuesday, December 4, 2012
အဝေးသို့
ပာုတ်တယ်...ဒီနေ့ပဲ...
ဒီလို နှင်းတွေဝေ နေတဲ့ အချိန်...ဒီလိုနေ ရောင် မတွေ့ရတဲ့နေ့လေးပေါ့...
၂၀၀၉ ဒီဇင်ဘာလ ၂၂ ရက်မှာပေါ့....
ရင်ထဲက မောလာသဖြင့် ကုတင်ဘေးနားက ရေဘူး ယူကာသောက်လိုက်ရသည်။ ဒီတစ်ခေါက်ဆေး သွင်းပြီးကတည်းက လူကနေလို့မကောင်း.ပိုလဲမောလာသည်။ အစားလဲမ၀င်တော့.၀င်လေထွက်လေ မှတ်ရန် ကြိုးစားသော်လည်း အသက်ရူကျပ်သလို ခံစားရ၏။ ဒီလိုည တွေကို ကျွန်တော် အမုန်းဆုံး။ ဆေးရုံနံ တွေကိုကျွန်တော်မုန်းတယ်၊ လူနာတွေရဲ့ ညဉ်းသံ တွေကိုလဲ ကျွန်တော်ကြောက်တယ်၊ ကျွန်တော့် ခုတင် ဘေးနား က လူနာတွေဆုံး သွား ပြီး ခေါထုတ်သွားတဲ့မြင်ကွင်းတွေကို လဲ ကျွန်တော်စိတ်ကုန်လာ ပါပီ...ဒါပေမယ့် ကျွန်တော် သေရမှာကို တော့ မကြောက်ဘူး ဗျ..ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့လို ကင်ဆာ ရောဂါ တွေ အတွက် သေခြင်းပာာ နိဗ္ဗာန် ပဲလေ. အောင်မြင်မူကိုလဲကျွန်တော် မမက်မောပါဘူး..ကျော်ကြားမူကိုလို မလိုချင်တော့ပါဘူး..ဘ၀မှာ အရေးကြီးဆုံးလို့ထင်ရတဲ့ ငွေ တွေကိုလဲ ကျွန်တော်မရှာခဲ့ချင်ပါဘူး.ဒါပေမယ့် အမေ အဖေ ကိုတော့ ကျေးဇူးဆပ်ချင်တာပေါ့၊ အဲ့လိုပါပဲဒါ့ကျွန်တော်ဖြစ်နေကျ ပါပဲ...အိပ်လို့မပြောတဲ့ ညတွေဆို အဆုံးမသတ်နိုင်တဲ့ အတွေးတွေ ကို တွေးရတာ ကိုကျွန်တော်ကြိုက်လာပြီလေ၊
"ဆေးထိုးပေးပါ...့ကျွန်မကိုဆေးထိုးပေးပါ...ဆေးထိုးပေးကြပါ"
ပောာ ကြားလား..ပာိုဘက် အမျိုးသမီး ဆောင် က အော် နေတာလေ...နာလွန်းလို့နေမှာပေါ့..သူတို့အသံတွေကိုသာ ဂရုစိုက်နေရင် ကျွန်တော်လဲ အိပ်လို့ရမှာ မပာုတ်တော့ဘူးလေ..ကျွန်တော်အားရှိအောင်အိပ်ရမယ်..ဆရာဝန်ကပြောထားသေးတယ်..နောက်တစ်ပါတ်ဆေးသွင်း မှာတဲ့..အားရှိအောင်နေထားတဲ့.
.............................အပိုင်း(၂)....................................................................................................
"သူငယ်ချင်း ၊ သက်သာလား၊ စားလို့ကောဝင်လား၊ မနေ့က အိပ်လို့ကော ပျော့်ရဲ့လား " Alvin က ကျွန်တော့်ကို သတိတရ လာမေးသည်။ Wandy တို့ Carol တို့က တော့ ပာိုဘက် က အဘွာြး့ကီးတွေနဲ့ အဖွဲ့ကျနေတယ်..
"အေး.မနေ့ကဆေး သွင်းထားတာလေ..ဒီလိုပါပဲကွ.ငါအားရှိအောင် အိပ်ရမယ်လေ.ညက ကောင်းကောင်းအိပ်မပြောဘူးကွ"
"အေး ဒါဆိုလဲ ငါ ဘုန်းဘုန်းတို့ အဆောင်ဘက်သွားလိုက်ဦးမယ်..မင်းအတွက်ငါတို့ စာအုပ်တွေယူလာတယ်..ထားခဲ့မယ်နော်" Alvin က နူတ်ဆက်ကာ ဘုန်းတော်ကြီးဆောင်ကိုထွက်သွားသည်။
Alvin တို့ Wandy တို့ Carol တို့က ကျွန်တော်တို့ နားခိုနေတဲ့ ကင်ဆာဖောင်ထေးရှင်း မှာ လုပ်အားပေးလာလုပ်ကျတာလေ..
့USသွားရင် experiences ရအောင်ဆိုလားပဲ..သူတို့က ကျွန်တော်နဲ့ အသက်တူတူ လေ..ဒါကြောင့် သူတို့နဲ့ ခင်တယ်လေ.
ဒီကိုသူတို့က တစ်ပါတ် တစ်ခါ လာကြတယ်..့ကျွန်တော် တို့လို ကင်ဆာရောဂါ သည်တွေ နဲ့ စကားပြောပေးတယ်..ပြီးရင်တော့ သူတို့ပြန်သွားကြတယ်၊ ဘာပဲဖြစ်ဖြစ် သူတို့ နဲ့ စကား ပြောလိုက်ရတဲ့ အချိန်မှာ ကျွန်တော် ကိုယ့်ကိုကိုယ် လူကောင်း တစ်ယောက် လို ခံစားရတယ်၊ နာတာတွေကို မေ့သွားတယ်..သူတို့က အပြုံးတွေကိုယူဆောင်လာပေးတယ်လေ..့နေ၀င်ချိန်ကို စောင့်နေရတဲ့ လူတွေ အဖို့ သူတို့ ရဲ့ ကြင်နာမူ တွေပာာ ခွန်အားတွေဖြစ်စေတယ်. ဒါကြောင့် ကျွန်တော် ဘုရားရှိခိုးတိုင်း သူတို့ ကို မေတ္တာ ပို့ပေးတယ်
"တောင်" ပောာ ထမင်းစားဆောင် က အချက်တောင်ပေးနေပြီ။ အချိန်တွေက လဲမြန်လိုက်တာနော်..ထမင်းကိုတော့ ကိုတာ နဲ့ ပဲ ယူခိုင်းလိုက်တော့မယ်..
"ကိုတာရေ ကျွန်တော့်ကို ထမင်း လေးယူလာပေးပါနော် " "အေးပါ ပာ မင်းစားနိုင်ပါ့မလားကွ.ဒီနေ့ပာင်း တော့ ကောင်းမယ်ထင်တာပဲ ငါလာပို့ပေးမယ် " ကိုတာက ကျွန်တော့် ပန်းကန် နဲ့ သူ့ပန်းကန် ကိုယူကာ ထမင်းစားဆောင် ကို ထွက်သွားသည်။
ကြက်သားတစ်တုံးနဲ့ ချဉ်ရည်ပာင်း ပါလား..ပာင်း မြင် ပြီး ကျွန်တော် ထမင်းစားချင်စိတ်ဖြစ်လာသည်။ ခေါင်းအုံး ကိုနောက် မှီကာ ထမင်းစား ရန် ခုံကို ခုတင်ပေါ အရင်တင်ရမည်။ ခုတလောလော ဘာလုပ် လုပ် မောချင်လာသည်။ ချဉ်ရည်ပာင်းလေးကိုရွဲရွဲ လေးဆမ်း ပြီး ထမင်းနဲ့ ကြက်သား ကို နယ်စားရင် စားကောင်းတယ် လို့ မေမေပြောဖူးတယ်.."အိုး...အန်ချင်လိုက်တာ." စိတ်ညစ်တယ်. ဒီလို ဆေးသွင်းရင် ၁၀ ရက်လောက်တော့ ခံရပြီပဲ..မေမေ က လဲ တစ်ပါတ် မှ တစ်ခါပဲ လာနိုင်ကြတယ်..မေမေ လာရင် မေမေ က ချော့မော့ ကျွေးတော့ အစာ က ၀င်သေးတယ်..ခုတော့ဘာမှစားချင်စိတ်ကို မရှိတော့ဘူး..ထမင်းပန်းကန်လေး ကို ဘေးနားက စားပွဲပေါ ပြန်တင် ပြီး.. Alvin ထားခဲ့တဲ့ စားအုပ်လေးတွေကို မွှေ ကြည့်မိတယ်..TIME Magazine တဲ့...ကျွန်တော် ဆွဲယူလိုက်မိသည်။ ဘာလို့လဲ ဆိုတော့ Magazine တွေ မှာ နိုင်ငံခြား က အနုပညာရှင် တွေ ဓါတ်ပုံတွေ ပါတယ်လေ.အဲ့ဓါတ်ပုံတွေကို ကျွန်တော် ဖြတ်ဖြတ်ပြီး သိမ်းထားတတ်တယ်..အမှတ်တရပေါ့
ပောာ Lady Ga Ga ဆိုပါလား..ဆန်းပြားလှတဲ့ သူ့ ၀တ်စားထားပုံ က မြန်မာ မျက်စိနဲ့ ကြည့်ဖို့ဆိုတာ ခဲယဉ်းလှပါတယ်..ဘာပဲဖြစ်ဖြစ် ကျွန်တော့် Note Book ထဲ လေးထုတ် ကာ Lady Ga Ga ဆိုပြီး မှတ်ထားလိုက်သည်။ ဒီတစ်ခါ Alvin တို့လာရင် မေးရမယ်....
သြော် သက်တူရွယ်တူ တွေဆို ပေမယ့်လဲ သူတို့ ဘ၀ပေး ကံ ကကောင်းလိုက်တာနော်...US ဆိုတဲ့ နေရာကြီးမှာ စာတွေသွားသင်ကြမယ်တဲ့..Alvin က ဗိသုကာ ဆိုလားယူမယ်တဲ့...Carol တို့က အင်ဂျီနီယာ လိုင်းဆိုလားပဲ...သူတို့ တွေမှာ တော့ အိမ်မက်တွေကို စီ နဲ့ပေါ့လေ..ဒါကို ကျွန်တော် စိတ်ဓါတ်မကျပါဘူး.. ကျွန်တော် ရဲ့ ဘ၀ပေးကုသိုလ်ကံပေါ လေ..ကျွန်တော့်မှာလဲ အိမ်မက် တစ်ခုရှိပါတယ်ဗျ...ညီညာပြန့်ပြူးတဲ့ သဲသောင်ပြင်ကြီး ရှိတဲ့ ကမ်းခြေ မှာ ကျွန်တော်ရယ် ဖေဖေရယ် မေမေရယ် စက်ဘီးတူတူစီးချင်တယ်..စွန်လေးလဲတူတူလွှတ်ချင်တယ်လေ..ဖေဖေ လည်း ကျွန်တော်တို့ မိသားစုကို ပြန်လည် ချစ်ခင်တတ်မယ့် တစ်ရက်မှာ တော့ ကျွန်တော့် အိပ်မက်လေး ပြည့်လာနိုင်မယ်ထင်ရတာပဲ.
.....................................ဇာတ်သိမ်း.................................................................................................
ဒီနေ့ မနက်တော့ ကျွန်တော်စောစော နိုးလာခဲ့တယ်...အားတွေလည်းပြည့်နေသလိုခံစားရတယ်....့နေမင်းကြီးကလည်းထွက်ဖို့တာဆူနေပြီ...လှလိုက်တာနော်...့ကျွန်တော် ၀င်းထဲ ဆင်းလမ်းလျှောက်ချင်လာသည်။ ကျွန်တော်တို့ နေတဲ့ နေရာလေးပာာ ကင်ဆာရောဂါရှင်တွေ အတွက်တော့ တော်တော်အဆင်ပြေပါတယ်..ဒီထဲရောက်လာကတည်း က သေမယ့်လူတွေပဲလေ...တစ်ယော်ပြီးတစ်ယောက် ရောက်လာ...တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြ နဲ့ ပာုတ်နေတာပါပဲ ...ဒါပေမယ့် ကျွန်တော် တို့ အားလုံး စိတ်ဓါတ်မကျ ကြပါဘူး...သေမှာကြိုသိရတဲ့အတွက် ၀မ်းတောင်သာပါသေးတယ်...သံသရာ အတွက်ပြင်ဆင်ချိန်လေး ရတာပေါ့.....ပာိုတွေး ဒီတွေးနဲ့ ၀င်း တစ်ပတ်တောင် ပြည့်သွားပြီ...ပောာ ဆရာဝန်ကြီးလာပြီ...ကျွန်တော်တို့ရဲ့ ဝေဒနာတွေကို ကုသ ပေးတဲ့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ကြီးလေ၊ " နေကောင်းလား..ဆေးသွင်းပြီး လမ်းတောင်လျှောက်နေပလားး အေး အေးး ကောင်းတယ်ပော့ " ဆရာကြီး ရဲ့ စေတနာ သံတွေပာာ ဖောင်ထေးရှင်း တစ်ခုလုံးပြန့် နှံနေပါပြီ....့ကျွန်တော်လဲဒီနေ့ နောက်ဆုံးဆေးသွင်းရမယ့်နေ့လေ........
" ပော့ကောင်လေး ဆေးသွင်း ရမယ်လေ..အော် လာ လာ ဆရာ တောင်ရောက်နေပြီ ပာာကို " အနီရောင် သူနာပြုဆရာမလေး တွေ က ကျွန်တော့်ကိုလာခေါ ကြပြီ ၊ သူတို့ တွေက ပွစိပွစိ နဲ့ အမြဲတမ်းအဲ့လို အော်နေတော့တာပဲ ."လာပြီ လာပြီ ဆရာမ ကလဲ ခန လေးပဲပာာ ကို " ကျွန်တော် စောဒက တက်ကာ ဆေးသွင်းဖို့ အခန်းထဲ ၀င်သွားလိုက်သည်။
ပောာ..မေမေ တောင် ရောက်နေပြီပဲ..." ကဲ သား မေမေ စောင့်နေတာ သားကို၊ သား နေကောင်းလား၊ သက်သာရဲ့လား ၊သားကြိုက်တဲ့ ပူတင်း ဆေးသွင်းပြီးရင် စားမယ်နော်.မေမေ စောင့်နေမယ် " မေမေ က အဲ့ဒါတွေ ချစ်ဖို့ကောင်းတာ. သားအကြိုက်အကုန် ထည့်လာတယ်..အဲ့လောက်ချစ်ဖို့ကောင်းတဲ့ မေမေ ကို ဖေဖေ က ဘာလို့ မချစ်လဲ မသိပါဘူး အဲ့တာတွေထားပါတော့ ခုဆေးသွင်းဖို့ အရင်လုပ်ရဦးမယ်..." ကဲ သား ခန နားလိုက်ဦးနော်..၂ နာရီလောက်ပဲ နောက်ဆုံးအလုံးပါပဲကွ " ဆရာကြီး က ကျွန်တော့် လက်ကို ဆုပ်ကာ ပြောသွားသည်။ ကျွန်တော့် မျက်ခွံတွေလေးလာသည်။ခေါင်းလဲနဲနဲ မူလာသည်။ မေမေရဲ့ ဘုရားစာရွတ်သံလေးကိုကြားနေရတယ်....ကျွန်တော့် နာမည် ကို ခေါနေကြသံ ကိုလဲ ကြားနေရတယ်
......................................................................................................................................
လေနုအေးက တဖြူးဖြူးတိုက်ခတ်နေတယ်...မေမေက ဖေဖေ ပေးဖူးတဲ့ ပုဝါလေးကို ခြုံထားတယ်
ကျွန်တော်ရယ် ဖေဖေရယ် က စွန် လွှတ်ဖို့လေ သင့်ရာကို ဦးတည်နေကြတယ်...
မေမေကပြောတယ် သုံးယောက်တူတူ စက်ဘီးစီးရအောင်တဲ့......ညီညာပြန့်ပြူးတဲ့သဲသောင်ပြင်မှာတဲ့လေကျွန်တော်ရယ် မေမေရယ် ဖေဖေရယ် စက်ဘီးတူတူစီးကြတယ်...ရုတ်တရက် ကျွန်တော်ကော ကျွန်တော့် စက်ဘီးလေးကော ပင်လယ်လိုင်းတွေက ခေါသွားကြတယ်...ကျွန်တော်က အော် ကာ မေမေ့ ကို ခေါနေတယ်...မေမေက တော့ ဖေဖေပေးတဲ့ ပုဝါလေးကို ခြုံထားကာ ဖေဖေ့ကို မှီကာ ငိုနေတယ်..့ ကျွန်တော် မေမေ ရော ဖေဖေ ကို့ပါ အော်ခေါနေမိတယ်...မေမေနဲ့ဖေဖေက တော့ ကမ်းစပ်မှာရပ်ကြည့်နေလေရဲ့.......................................
မှတ်ချက်..ဒီဝတ္ထုတိုလေးကို မနှစ်က ၂၀၁၁ ခုနှစ်က သြဂုတ်လ ၁၉ ရက် မှာ ရေးပြီး facebook ပေါ်တင်ခဲ့ပါတယ်...စာလုံးအသုံးအနှုန်းများမှားနေပြီး..မူရင်း အရေးအသား ကိုတင်ပြ ချင်လို့ ပြင်ဆင်ချက်မရှိဘဲ မူလအတိုင်းပြန်တင်ပေးလိုက်ပါတယ်
Monday, December 3, 2012
ကြယ်စင်တစ်ခုဖြစ်ပါစေသား
ကျွန်တော့် ဘ၀မှာ ကြယ်
၆ပွင့်နဲ့ဆုံခဲ့တယ်....၆ပွင့်သောကြယ်ထဲ မှာမှ ထူးထူးခြားခြားဓူဝြံကယ် လေးတစ်ပွင့်ပါခဲ့တယ်..သူကတော့ မိုးတဲ့...အဲ့ဓူဝံကြယ် လေးက လှတယ်..တောက်ပတယ်...ရှင်းလင်းတယ်...
နောက်ကြယ်တစ်ပွင့် က နှင်းတဲ့...သူကလေ ပြတ်သားတယ်...ဓူဝံလို မျိုးမလှဘူး..သူက အားပြင်းတယ်..ရဲတောက်တယ်..
စန္ဒီ ဆို တဲ့ကြယ်လေး က တဲ့ သူ့ပာာ နဲ့သူ လှပတယ်..ရိုးစင်းပြီး...မှိတ်တုပ်မှိတ်တုပ် လင်းလက်တယ်
ကြယ် ပွင့် ထဲ မှာ ရှည်ရှည်မျောမျော ကြယ်တစ်ပွင့်လဲ ပါပြန်ရော..သူကတော့ ပညာ တဲ့...ထူးခြားတယ်..တောက်ပတယ်..လင်းလက်တယ်...တစ်ခါတစ်ခါ သူ က ကြွေကျချင်တယ်...
အဲ့ ပညာ ကြယ်လေးကို ၀န်းရံနေတြဲ့ကြယ် ညီအမရှိတယ်..သူတို့ က တပူးပူးတတွဲတွဲ သူတို့က ဓူဝံလို မျိုး တစ်ကိုယ်တော် မလင်းဘူး...နှစ်ယောက် ပေါင်း ပြီး လှပတယ်..လင်းလက်တယ်..ကိုယ်ပိုင် အစွမ်း သတ္တိရှိတယ်ပေါ့
ကြယ်ပွင့်လေး တွေ နဲ့ တွေ့ဖြစ်ပုံကတော့ မဆန်းပြားသလို ရိုးလဲမရိုးစင်းလှပါဘူး..ကြယ်ပွင့်အားလုံးကို တွေ့ခဲ့တဲ့ နေရာ က လေ ရန်ကုန် မြို့ ပဲခူး ကလပ် က အမေရိကန်စင်တာ မှာပေါ့.
ကျွန်တော်က လေ ဓူဝံကြယ်လေးကို အရင် ရှာဖွေတွေ့ရှိခဲ့တာ...မိုးက အနုပညာ ပါရမီ ရှိတယ်..အဆိုကောင်းတယ်...အတီးတော်တယ်..သီချင်း ကို ခံစားတတ်တယ်...ဓါတ်ပုံ ရိုက်တော်တယ်..ရုပ်ရှင်လေးတွေ ကို လဲ စိတ်ဝင်စားတယ်...သူကတော့ အနုပညာ ကြယ်ပွင့်လေးပေါ့
အဲ့ ကြယ်လေး ကို ဆွတ်ချင်တဲ့ ပုရိသ တွေက လဲ ထုနဲ့ဒေးပေါ့...ကျွန်တော်က တဲ့ အဲ့ကြယ်လေး ကို ကောင်းကင် မှာ အလှကြည့်ချင်တယ်...သူကကြယ်ဆို ကျွန်တော်က သူရောင်ပြန်ပာပ်ဖို့ လမင်း ကြီး ဖြစ်ချင်တာပါ...ဓူဝံကြယ် မိုးက တော့ ပြည့်စုံ ပြီးသားပါ...
နှင်း...နှင်း...ဒီ နှင်းကတော့ အနုပညာ ပိုးတော့ရှိတယ်...အနုပညာ ကို မခံစားတတ်ဘူး...သီချင်းတွေအော် ဆို အမျိုးအမည် မသိတဲ့အက တွေနဲ့ ကမယ်..အသံဗြဲကြီးနဲ့အောင် ချင် အော်မယ်..သူလေးက ရဲရင့်ပါတယ်..ထက်မြက်တယ်...ယုံကြည်မှု ရှိတယ်....ဒီ ကြယ်လေး နဲ့ကတော့ သူ့ယုံကြည်မှု တွေနဲ့ ဆက်လက် ထွန်းတောက်နေဦးမှာပဲ...သူ့ကို တွေ့ တာ က Travel wriitng အတန်းမှာပေါ့...
နောက် ပညာ ကြယ် ကလဲ အနုပညာ ဓါတ်ခံရှိတယ်...စန္ဒီ ကြယ်နဲ့လိုက်တယ်..ပုံစံလဲတူတယ်...ဒီကြယ်လေးနှစ်ပွင့် က လဲ AC မှာ အတူတူ လင်းလက်ခဲ့ကြတာပေါ့..
နောက် ပာို ကြယ် ညီအစ်မ အိမ့်နဲ့ ဆု က တော့ သူတို့ပာာနဲ့ သူတို့ထူးခြားတယ်..အနုပညာ ကိုတော့ သိပ် မလှုပ်ရှားဘူး...ဖက်ရှင်ကြယ် နှစ်ပွင့် လို့ခေါ် ရင်လဲ မမှားဘူး ၂၁ ရာစု ရဲ့ ကြယ်နတ်သမီး နှစ်ပါးပေါ့..
သူတို့ အလှ လေး တွေ က နုတယ် ပျိုတယ်...သူတို့ဆီ မှာ ရင့်ကျက်တဲ့ အလှ တော့ မတွေ့ရသေးဘူး အပြစ်ကင်းတဲ့ ရောင်ခြည် အလှလေးတွေကို သူတို့ လေးတွေ ထိန်းသိမ်း တတ်ကြပါစေ..
ပညာကြယ်ရယ် စန္ဒီကြယ်ရယ် အိမ့်နဲ့ဆု ကြယ် ညီအမ ကို လဲ AC မှာ ပဲ ကျွန်တော်နဲ့ဆုံတွေ့ခဲ့ကြတာပါ..
ဒီကြယ်ခြောက်ပွင့် ပာာ American Center မှာ လင်းလက်ခဲ့ ၊ လင်းလက်ဆဲ ကြယ်လေးတွေ ဖြစ်တယ်
ဒါဆို ကျွန်တော် က ကော ကြယ်တစ်ပွင့် မှ ပာုတ်လေစွ...ကျွန်တော် က ကြယ်ခုနှစ်ခု စုံမှ ဖြစ်တဲ့ခုနှစ်စင်ကြယ်လေ..
ဒီကြယ်လေးတွေမှာ အမှတ်တရ ဇာတ်လမ်းလေးတွေ ရှိခဲ့တယ်...ဒီထဲကကြယ် ပွင့်လေး လေးပွင့် က ရေခြားမြေခြား မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြပါတယ်..
တစ်နေ့နေ့ မှာ ဒီ ကြယ် စင် ခုနှစ်ပွင့် က အတူတူ လင်းလက်နေကြမှာပေါ့...
ဓူဝံ မိုးရယ်..နှင်းရယ်..ပညာကြယ်ရယ်..စန္ဒီရယ်..အိမ့်နဲ့ဆု ကြယ်စင် ရယ်...စိုး ဆိုတဲ့ ခုနှစ်စင်ကြယ် လေး တစ်စု ကောင်းကင် မှာလင်းလက်ပါစေသား

ပာိုမရောက် ဒီမရောက် ဒိုင်ယာရီ
၃.၁၂.၂၀၁၂
မြူတွေကလဲဆိုင်း မိုးပေါက်လေးတွေကလဲ ကျ...ဒီနေ့ အတန်းတစ်တန်းပိတ်လို့ လေ..အခု နေ့ခင်း က စပြီးအားသွား ပြီ..ဒီတော့ အားတုန်းလေး အတွေး နယ်ချဲ့ရမှာပေါ့ လူတွေ နဲ့နေရတာ လဲ မပျော်ပါဘူး..လူဆို ထဲ က လူကမျိုးစုံ စိတ်ကအထွေထွေ...ကိုယ့်ကို တိုင် လဲ ကောင်းလား ပြန်မေးတယ်..မကောင်းပါဘူး...ကိုယ်လဲ လူ တစ်ယောက်ဖြစ်တဲ့အတွက် မနာလိုမူ၊ မုန်းတီးမှု တွေ ရှိတာပေါ့..သောက်ချင်ကတ်တဲ့ လူလဲရှိတယ်..ကြည့်မရ တဲ့ လူလဲ ရှိတယ်...သဘောမကျတဲ့လူလဲရှိတာပေါ့နော်..ကိုယ့်ကို နားလည် သဘော ပေါက်ပေးတဲ့ လူဆို တာ ရှားလှပါတယ်..အိပ်တောင်အိပ်ချင်လာပြီ....ဆက်ပြောပါ့မယ်..ကိုယ့်ကို ရော အမြင်ကတ်တဲ့လူ၊ ကြည့်မရတဲ့လူ၊ မလိုလားတဲ့လူ၊ မနာလိုတဲ့လူ ရှိတာပဲ ၊ ရှိဦးမှာပဲ၊ ကိုယ်က လဲ စိတ်ထားကောင်း လူကောင်းသူကောင်း ထဲမှာ မပါပါဘူး...ဒါကိုလဲ သိပါတယ်..ကိုယ် က လဲ သောက် မြင်ကတ်ခံ အောင် ပြုမူ ဆက်ဆံတာကိုး..ပြင်ရမယ်..ကိုယ့်ကို ကိုယ် ကြိုးစားပြင်ရမယ်..အဖေ ပြော သလို မကောင်းတာရှိရင်ပြင်ရမယ်..စိတ်ဓါတ်လေးကောင်းအောင် မြင့်တင်ရမယ်...သူများအပြောမခံ ချင်ရင် ကိုယ် က အနေမှန် အပြောမှန် အပြုအမူမှန် ရမှာပေါ့...ကိုယ် ဆို တဲ့လူ က လဲ သူများ အပြော ကို တစ်စက် မှ ခံချင်တာမပာုတ်...လေသံ မာရင်တောင် ကြိုက်တာမပာုတ်...ကလေးဆန်တယ်ပဲပြောပြော..မရင့်ကျက်ဘူးလို့ပဲ ပြောပါစေ...ကိုယ် ပာာ ကိုယ် ပဲဖြစ်ချင်ပါတယ်.....တစ်နေ့မှာတော့ စိတ်ထားမှန် အကောင်းမြင် တဲ့သူ အဖြစ်တော့ရပ်တည်သွားမှာပါ...ဆယ့်ရှစ်နှစ်အရွယ် မှာတော့ အသိဥာဏ်ရင့်ကျက်မှု က လိုနေတာ တော့ အမှန်ပဲ..နောက်ရက်တွေလည်း emotional ဖြစ်နေရဦးမယ်....ဘ၀မှာစိတ်ထားလေးကအဓိက ပါ..
ကျွန်တော်လဲ ကြိုးစားနေပါတယ်....တစ်နေ့ တော့ မိဘ ဖြစ်စေချင်တဲ့ သားကောင်းရတနာ..လူ့လောက အတွက် လဲ အကျိုှးရှိစေမယ့် လူသားတစ်ယောက်တော့ဖြစ်ချင်ပါတယ်...

Subscribe to:
Posts (Atom)
Popular Posts
-
စဉ်းစားဖြစ်ပါတယ်။ အသက်လေး နဲနဲရလာတာနဲ့ အမျှ ဖြစ်တည်မူများရဲ့ မတည်မြဲမူ ကို အနည်းငယ် နားလည်လာရပါတယ်။ နားလည်လာတာ နဲ့အမျှ gratitude တန်ဖိုး...
-
ပဲာ့သာလှရေ.... ဖွဘုတ်မှာ မမြင်တာကြာပ။ ဘယ်တွေရောက်လို့ ဘယ်တွေပေါက်နေတာလဲ။ ကြည့်ရတာ ရွာမှာ EPC က မီးမဖြတ်တော့လို့ ရုပ်ရှင်ကားတွေ ...
-
အချိန်တွေကလဲ ကုန်တာမြန်လှပါပိ။ အသက်တွေလဲကြီးလာပြီ၊ လောဘတွေလဲ များလာပြီ။ အော်..ဘာလိုလိုနဲ့ အမေရိကန်နိုင်ငံကြီးမှာ စာသင်တာ တစ်နှစ်ခွဲ တောင်...
-
၃.၁၂.၂၀၁၂ မြူတွေကလဲဆိုင်း မိုးပေါက်လေးတွေကလဲ ကျ...ဒီနေ့ အတန်းတစ်တန်းပိတ်လို့ လေ..အခု နေ့ခင်း က စပြီးအားသွား ပြီ..ဒီေ...
-
ခုတလော Fianl နီးလာပါပြီ ဆိုမှ blogging ရောဂါ စွဲကပ်နေပြန်ပြီ...Tumblr လေး check လုပ်လိုက်...Flickr မှာ အကောင့်တွေလုပ်...blog ကိုလဲ နေ့စဉ် po...